Sunday, April 8, 2012

“ဆံချည်မျှင် တမ်းတမှု”

နင် ပြေးနိုင်သလောက်ပြေး
ငါလဲ ဝေးနိုင်သလောက်ဝေးမယ်။

ခန္ဓာရွေ့လျားသော်လည်း၊
နေရာမရွေ့လျားသော ပြေးခြင်းမျိုးနဲ့
အဆက်မပျက် ပြေးနေခဲ့ပြီ။

မနက်ဆို ပိတောက်ရွက်ကြွေတွေကို
တံမြတ်စည်းလှည်းနေတာ သူမအဖြစ်မြင်နေခဲ့။

တကယ်တော့ ငါ့ရဲ့ ပစ္စုပ္ပန်မှာ
သေဆုံးသွားတဲ့ နင်က
အတိတ်ကို အာဏာသိမ်းခဲ့ခြင်းပဲ။

ငါးမျှားချိတ်ကို အသုံးပြုပြီး
ငါ့ကို ငါ မျှားနေမိပေါ့။
ချိတ်တန်းလန်းနဲ့ ငါက
“မိပြီကွ”လို့ အော်လိုက်သေးရဲ့။

အခုအချိန်အထိ သူမက
ရမ် တပတ်စာလောက် သွေးလည်ပတ်စေတယ်။

2 comments:

mirror said...

တတိယနဲ့ စတုတ္ထ အပိုဒ်တွေကို အကြိုက်ဆုံးပဲ။

စတုတ္ထအပိုဒ်ကိုဖတ်ပြီး ....
ငါ့ရဲ့ ပစ္စုပ္ပန်မှာ မြန်မာပြည်ကြီးနဲ့ အဝေးကို ရောက်ပြီး ငါ့ကမ္ဘာမှာ မြန်မာပြည်ကြီး ခဏ ရပ်တန့်နေသလို ရှိပေမယ့် မြန်မာပြည်ကြီးက ငါ့ရဲ့ အရာရာကို သိမ်းထားခဲ့တယ်....။
( ငါခံစားမိတာ သိပ်များ သွားပြီလား )

မျက်မှန်က ပြန်ရောင်းပါတယ်။ နင့် နဲ့ လိုက်မလိုက်ပဲ အရင် တပ်ကြည့်ပါဦး။ :)

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog