Wednesday, August 4, 2010

စာသင်ခန်းထဲမှာ မရေးဖြစ်ခဲ့တဲ့ အက်ဆေး

စာစီစာကုံး (၁၅ မှတ်)
ဖြေဆိုချိန် ၄၅ မိနစ်

ခေါင်းစဉ် `ကျွန်တော်တို့ စာသင်ကျောင်း´
- မိမိတို့ ကျောင်းဧ။် ပတ်ဝန်းကျင်နှင့် ယင်းပတ်ဝန်းကျင် အပေါ်အမြင်ကို ရှင်းလင်းဖြေဆိုပါ။

ဒီနေရာမှာ ဓနရှင်လူတန်းစား ကို အားပေးအားမြှောက်ပြုတယ်။
ဒီနေရာမှာ အခွင့်အရေးနဲ့ အာဏာကို ကလိမ်ကကျစ်ဥာဏ် နဲ့ အသုံးချတယ်။
ဒီနေရာမှာ ရိုးသားမှု ခမ်းခြောက်နေတယ်။
ဒီနေရာမှာ တောတွင်းဥပဒေ ကို ဘုရားသခင်က ဖန်ဆင်းထားတဲ့ လက်နက် လို့ လက်ခံထားကြတယ်။
ဒီနေရာမှာ ဂုဏ်ပကာသန ရဲ့ အပုပ်နံ့ တို့ကို နံသာသဖွယ် အသုံးပြုကြတယ်။
ဒီနေရာမှာ အာဏာရှင်စနစ်ရဲ့ သားကောင်တွေပျော်မွေ့တယ်။
ဒီနေရာမှာ အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေရှိတယ်။
ဒီနေရာမှာ အာဏာရှင်စနစ် ကောင်းမွန်စွာလည်ပတ် စေနိုင်တဲ့ အကြောင်းတရားတွေရှိတယ်။
ဒီနေရာမှာ အမှားကို အများကလက်ခံနေသ၍ အမှန်ဖြစ်တယ် လို့ယူဆနေကြတယ်။
ဒီနေရာမှာ သေးနုတ်ညံ့ဖျင်းတဲ့ အသိဥာဏ်တွေ နဲ့ ဘ၀ကို တည်ဆောက်ဖို့ ကြိုးစားကြတယ်။
ဒီနေရာမှာ မိမိရဲ့ ပုဂ္ဂလတန်ဖိုးကို မိမိဘာသာ ဖျက်စီးဖြစ်နေကြတယ်။
ဒီနေရာမှာ တကိုယ်ကောင်းဝါဒ ထွန်းကားတယ်။
ဒီနေရာမှာ တန်ဖိုးဆိုတာ ငွေကြေးဥစ္စာ လို့ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။
ဒီနေရာမှာ လူတွေအားလုံး မိမိ ကိုယ်ကို ပျောက်ဆုံးနေကြတယ်။
ဒီနေရာမှာ ကျွန်တော်ဟာ အငွေ့ပျံ မပျောက်ကွယ်နိုင်တဲ့ ၀ိဥာဉ်အငွေ့အသက်အဖြစ်နဲ့သာ ရှင်သန်နေတယ်။

Monday, June 21, 2010

ဖေါ်ကောင်

“ငှက်တကောင်မှာ၊ တောင်ပံတစုံရှိတယ်။
အဲဒီတောင်ပံတစုံ အတွက်
လှောင်အိမ်တလုံးရှိတယ်။”
ထို ကဗျာလေးကို အကြောင်းအရာတိုက်ဆိုင်သောအခါ မှတ်မိနေသော်လည်း ဘယ်က ကဗျာလဲဆိုတာကိုတော့ မမှတ်မိတော့ပါ။
ဤကဗျာကို ဖတ်ခဲ့သူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော်တကယ် ဖတ်ဖူးခဲ့ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် သတိငတ်ခံဆန္ဒပြသူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

ကြာပန်းရနံ့နှင့် အတူ ပျံ့လွင့်လှုပ်ရှားနေသော ကန်ရေပြင်မှ လှိုင်းကြက်ခွပ်များကို ဖမ်းယူသိမ်းဆည်းရန် ကြိုးပမ်းနေသူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော် ဖြစ်ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် အလှတရားကို ဖမ်းဆီးထိန်းသိမ်းရန်ကြိုးပမ်းခဲ့သူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

သာယာကြည်နူးမှုကို ဖေါ်မလင် စိမ်ထားရန် ကြိုးပမ်းခဲ့သူသည် ကျွန်တော်ဖြစ်သည်။
ပျော်ရွှင်မှုကို ရှာဖွေသူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော် ကြိုးပမ်းခဲ့ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် အမှန်တကယ် မရှိသော ကြည်နူးမှုကို လက်ဝယ်ထားရှိလိုသူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

အမှန်တရား နှင့် ရိုးသားမှု တို့ကို သိရှိနားလည်ချင်သူမှာ ကျွန်တော်ဖြစ်သည်။
ကျွန်တော် အလိုရှိကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် ဘာမျှမရှိခြင်းသာ ပိုင်ဆိုင်ခဲ့သူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

ည…
လူခြေတိတ်ချိန်တွင် စာရွက်များအပေါ် ခဲတံနှင့် ရေးခြစ်နေသူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော် ရေးခဲ့ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် စကားလုံးများကို အကျဉ်းချခဲ့သူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

Friday, May 28, 2010

ရောက်တတ်ရာရာ လက်ဖက်ရည်ဆိုင်

(မြသန်းတင့်ဧ။် “လက်ဖက်ရည်ဆိုင်” ဆို သောဝတ္ထုလေးကို နှစ်ခြိုက်ခြင်းများစွာဖြင့်)

မနုဿဗေဒကို လေ့လာနေသော မိတ်ဆွေတယောက်သည် မြန်မာ့နေ့စဉ်လူနေမှုဘဝထဲက လက်ဖက်ရည်ဆိုင် အကြောင်းကို စာတမ်းတစောင် ရေးဖို့ ပြင်ဆင်နေဧ။် ။ ထို့ကြောင့် ကျွန်ုပ်သည် လည်း“တရုတ်ယဉ်ကျေးမှု အရ သောက်သုံးနေသော လက်ဖက်ရည်နှင့် အိန္ဒိယယဉ်ကျေးမှု အရ သောက်သုံးနေသော လက်ဖက်ရည်” တို့ မှသည် ယနေ့ခေတ် လက်ဖက်ရည်ဆိုင်များဆီသို့ အမှတ်တမဲ့ကြည့်လိုက်ခြင်း ဖြစ်ဧ။် ။

{တိဘက် လူမျိုးတို့သည် လက်ဖက်ရည် ကျို ရာ၌ လက်ဖက်အစိုရော လက်ဖက်ခြောက်ပါ ထည့်သုံးဧ။် ။ရေနွေးအိုးထဲတွင် လက်ဖက်စိုကို ကွမ်းသီးလုံးခန့်ထည့်ကျို ပြီးမှ လက်ဖက်ခြောက် ခတ်သည်ဆိုဧ။် ။ ထိုလက်ဖက်ရည်ကို သောက်သုံးရာ၌လည်း ကျေးဇူးတင်ခြင်း (၃) မျိုးဖြင့် သောက်သုံးဧ။် ။ (၁) လက်ဖက်စိုက်သူ၊ လက်ဖက်ခူးသူ ကို ပထမ တကျိုက် သောက်နေစဉ် ကျေးဇူးတင်ဧ။် ။ (၂) လက်ဖက်ရည်ကျို သူ ကို ဒုတိယ တကျိုက် သောက်နေစဉ် ကျေးဇူးတင်ဧ။် ။ (၃) နောက်ဆုံး တကျိုက် သောက်ရာ၌ အေးချမ်းစွာ လက်ဖက်ရည်သောက်ခွင့် ရသော လောကကြီးကို ကျေးဇူးတင်လေဧ။်}

“အဖေါ်မစုံသူ သောက်တဲ့ အလင်းဆိုင်၊ ကိုယ်ကြိုက်တဲ့ အခုခေတ်ပေါ်သီချင်း ၊ ဖီလင်ဆိုတာ ဒီဟာကိုခေါ်သလား ၊ ဘာရယ်ညာရယ် ကိုယ်လေမတွေးဘဲ ဆွေး…” ဆိုသော တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ “ပလက်ဖေါင်း မင်းသား” သီချင်း ထဲက ကဲ့သို့ အလင်းဆိုင်တွေ လည်း ရှိဧ။် ။ ထိုအလင်းဆိုင်များသည် ပလက်ဖေါင်းမင်းသား လူငယ်များရဲ့ ကွန်းခိုရာ ပင်ဖြစ်ဧ။် ။

လူငယ်များ နှင့် လက်ဖက်ရည်ဆိုင်များသည် အတူတွဲလျှက် ရှိကြယုံသာမက ၊ လက်ဖက်ရည်ဆိုင်တွင်သာ တွေ့ရများနေသော လူငယ်များကို လူကြီးများက ကလေကချေ အပေအတေ များ ဟု သမုတ်လေ့ရှိကြဧ။် ။

ရှေးယခင် ကတော့ “ လက်ဖက်ရည် အဖန် သောက်ရင်ဖြင့်၊ ကျက်သရေ အမှန်ရောက်ပေလိမ့် ၊ ကြံသလောက် ပြီး တဲ့ အရည်..” ဟု ဆိုကြဧ။် ။ ယနေ့ခေတ်တွင် လည်း ကားပွဲစား၊ အိမ်ပွဲစား ၊ မြေပွဲစား ၊ မင်္ဂလာဆောင်ပွဲစား များ ဖြစ်ထွန်းအောင်မြင်လျှက် ရှိသည်နှင့် အညီ ၎င်းတို့ဧ။် လုပ်ငန်း ကိစ္စ(အရေးကြီး ခွင်ကျယ် တမင် လုပ်သည်များ) ကို လက်ဖက်ရည်ဆိုင်၌ ပြောဆို ညှိနှိုင်းကြဧ။် ။ ပမာဏကြီး လျှင် ကြီးသလောက် စာသောက်ဆိုင်များ၊ ကာရာအိုကေခန်းများသို့လည်း ရောက်တတ်ဧ။် ။ (ဤကား စကားချပ်)
လူငယ်များ လက်ဖက်ရည်ဆိုင် ထိုင်ရသည့် အကြောင်းအရင်း၊ ရည်ရွယ်ချက်နှင့် လူကြီးများ(ဘာပွဲစား ညာပွဲစားအပါအ၀င်) ဧ။် လက်ဖက်ရည်ဆိုင် ထိုင်ရသည် အကြောင်းအရင်း၊ ရည်ရွယ်ချက် ကား ကွဲပြားနိုင်ဧ။် ။ဆိုလိုသည်မှာ လူကြီးများသည် လက်ဖက်ရည်ဆိုင် သို့ အကြောင်းကိစ္စတခုခု ကြောင့်ထိုင်တတ်ကြသော်လည်း လူငယ်အများစု ကတော့ဖြင့် အကြောင်းကိစ္စ တိတိပပ မရှိဘဲ ထိုင် နေတတ်ဧ။် ။

ဤသို့ ဆိုလျှင် အပေါ်က စာပိုဒ်တွင် ဖေါ်ပြခဲ့သလို “ကလေကချေ အပေအတေ” များဟု သက်ရောက်သွားနိုင် ပါဧ။်လော။ လက်ဖက်ရည်ဆိုင်များ အကြောင်း တတ်သလောက် မှတ်သလောက် လင်းပါအုံးမည်။
ယခင်က လက်ဖက်ရည်ဆိုင်များသည် ရိုးရှင်းလှဧ။် ။ ခွေးခြေခုံ ဟုခေါ်သော ထိုင်ခုံအပုကလေးများနှင့် စားပွဲခုံ။ ထိုပေါ်တွင်မှ ရေနွေးကြမ်းအိုး။ တရုတ်လူမျိုးရောင်းသော လက်ဖက်ရည်ဆိုင်တွင် တရုတ်မုန့်များဖြစ်ကြသော ပဲမုန့်၊ ဒါးလှီးမုန့်၊ ဆားမုန့် များရနိုင်သကဲ့သို့ အိန္ဒိယလူမျိုးများရောင်းသော လက်ဖက်ရည်ဆိုင်တွင် ကုလားမုန့်များ ဖြစ်ကြသော ပလာတာ၊ထက္တရာ၊ ချပတီ၊ ပူတီ စသော မုန့်များရနိုင်ဧ။် ။

ယခုအခါ လက်ဖက်ရည်ဆိုင်များကတော့ဖြင့် ဆန်းပြားလှဧ။် ။ “စီးပွားရေး ဦးပိုင် လက်ဖက်ရည်ဆိုင်” ၊ “မန်းမြို့တော် လက်ဖက်ရည်ဆိုင်” ၊ “အိုင်တီ လက်ဖက်ရည်ဆိုင်” များမှအစ ရပ်ကွက်လက်ဖက်ရည်ဆိုင်အငယ်များအထိ ပြောင်းလဲ နေဧ။် ။
စီးပွားရေးဦးပိုင် ဧ။် ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရသော လက်ဖက်ရည်ဆိုင်များကို ဘေဘီအီကြာကွေး ဟုခေါ်သော လက်ညှိုးလောက် အီကြာကွေးကလေးများ၊ ရွှေဥ မုန့်ဟင်းခါး၊ ပေါလစ်ရှ် အရောင် တောက်နေသော စားပွဲခုံများ အား ကြည့်ခြင်းအားဖြင့်သိနိုင်ဧ။် ။
မန်းမြို့တော် လက်ဖက်ရည်ဆိုင်များတွင် ပေါက်စီ၊ ၀က်သားပေါင်း ၊ ရှမ်းခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ တို့မှအစ ကြေးအိုး အထိ ရနိုင်ဧ။် ။
ထိုနည်းတူစွာ အိုင်တီ လက်ဖက်ရည်ဆိုင်များတွင်လည်း စားသောက်ဆိုင်နီးပါး အမျိုးစုံလင်လှသော အစားအစာမျိုးစုံ ရနိုင်ဧ။် ။ ထမင်းပေါင်း ၊ ထမင်းကြော် ၊ထမင်းဆီဆမ်း မှအစ တရုတ်ဟင်း မြန်မာဟင်း ၊ ဒင်ဆမ်း၊ ကော်ပြန့်စိမ်း ၊ ကောက်ညှင်းပေါင်း အစရှိသည် တို့ ပါဝင်ရောင်းချဧ။် ။
ထိုသို့သောနည်းဖြင့် ရပ်ကွက်လက်ဖက်ရည်ဆိုင်များပါ ပုံစံပြောင်းလာကြဧ။် ။ တလက်စထဲမှာပင် လက်ဖက်ရည်ဆိုင်များ၌ အင်းစတန့် ကော်ဖီမစ် ထုတ်များပါ နေရာယူလျှက်ရှိဧ။် ။

တညလုံး မပိတ်သော အလင်းဆိုင် များကိုလည်း ကြိုးစားရှာလျှင် တွေ့နိုင်ပါသေးသည်။

ထို့ကြောင့် နှောင်းခေတ်လူတို့ လက်ဖက်ရည်ဆိုင် သို့ သွားရခြင်း အကြောင်းသည် လက်ဖက်ရည်သောက်ချင် သောကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ တစုံတခု စားသောက်ရန်လည်း ဖြစ်နိုင်ဧ။် ။ “လက်ဖက်ရည်ဆိုင် သွားခြင်းသည် လက်ဖက်ရည်သောက်ချင်သောကြောင့်” ဟု ယူဆရန် မသင့်တော်သော အခြေအနေသို့ ရောက်သွားဧ။် ။

ဤသို့သော လက်ဖက်ရည်ဆိုင်များနှင့် လူငယ်များ ဘယ်ပုံဘယ်နည်း ပတ်သက်ပါသနည်း။

အထက်တွင်ဖေါ်ပြခဲ့သကဲ့သို့ တစုံတခုစားသောက်လိုသော သွားခြင်းလည်းဖြစ်နိုင်ဧ။် ။

အိမ်တွင် မပြောချင်သောစကား(သို့) လွတ်လွတ်လပ်လပ် ပြောချင်သော စကားများ အတွက် လက်ဖက်ရည်ဆိုင်သည် အသင့်တော်ဆုံးဖြစ်သည် ဟု မိတ်ဆွေအမကြီး တယောက် ပြောတာလည်း ကြာဖူးဧ။် ။ တနည်းအားဖြင့် လက်ဖက်ရည်ဆိုင်၌ အိမ်တွင်မပြောဖြစ်သော စကားများ ပြောခွင့်ရဧ။် ။

နောက် အကြောင်းအရင်းတခုမှာ တေးရေးဆရာ စိုင်းခမ်းလိတ် ဧ။် သီချင်းထဲက ကဲ့သို “အဆူအပူခံကာ မှီခိုရာဌာန” ဖြစ် သော အိမ်ဧ။် လောင်းရိပ်အောက်မှ ခေတ္တခန လွတ်မြောက်ရာ လမ်းဖြစ်သောကြောင့်တည်း။

ဤအချက် သုံးချက် ကို ယေဘုယျ သတ်မှတ်ကြည့်နိုင်ဧ။် ။ တဆက်တည်းမှာ ပင် ကလေကချေ အပေအတေ ဟူသော အယူအဆကို စာဖတ်သူ စိတ်ကြိုက် သတ်မှတ်ခွင့်ပြုလိုက်ဧ။် ။

မနက်စာ စားရန်၊ နေ့လည်စာ စားရန်၊ မုန့်ဟင်းခါးစားရန် ၊ ပလာတာ ထက္တရာ ချပါတီ ပဲနံပြား စားရန် ၊ ရှမ်းခေါက်ဆွဲစားရန် (သျှမ်းဟု လည်း ရေးသည်) လက်ဖက်ရည်ဆိုင်သို့ ခြေဦးလှည့်နိုင်ဧ။် ။

ကော်ဖီ သို့မဟုတ် လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောကြရန်လည်း လက်ဖက်ရည်ဆိုင်သို့ သွားကြဧ။် ။

ညနေခင်းပိုင်းများ ၌ ဂစ်တာ ကိုင်၍ လမ်းဘေးနှင့်နီးသော ခုံများတွင် ထိုင်ကာ စီးကရက်ဖွာ သီချင်း ညဉ်းနေကြသော သရုပ်မှန်လူငယ်များ (စာရိုက်သူဧ။် အမြင်သက်သက် သာ…) ကလည်း အိမ် မှ ခဏ ရှောင်ပြေး၍ စိတ်ကူးတွေ့ရာ ဖန်တီးနေကြဧ။် ။

ကျွန်ုပ်သည် လည်း လူငယ်ထဲက လူငယ်ဖြစ်သည်မို့ ကျွန်ုပ်ကို ဗဟိုပြုဖြစ်ပေါ်နေသော လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်း အနည်းငယ် တင်ပြပါအံ့။

တခါက အကို တယောက်နှင့် စမ်းချောင်းထဲက ရပ်ကွက် လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်နေစဉ် ကားတစီးက လမ်း လာမေးဧ။် ။ ထိုကားကို လမ်းညွှန်ပေးပြီးသည့်နောက် ကျွန်ုပ် နှင့် အတူထိုင်နေသော အကိုက အနည်းငယ် မနှစ်လိုဟန်ဖြင့် တချိန်က ယခုကဲ့ အမေးခံရသူတို့ကို အလုပ်မရှိအကိုင်မရှိ များ ၊ တနည်းအားဖြင့် ဆန်ကုန်မြေလေးများ ဟု သတ်မှတ်ထားသည် ဆိုဧ။် ။ ယခု ထိုကဲ့သို့ သတ်မှတ်သူများထဲတွင် ကျွန်ုပ်တို့ပါ ပါဝင်နေသည်ကို ၀မ်းမြောက်စွာ တွေ့လိုက်ရဧ။် ။ ဤနေရာ၌ အနှီစာပိုဒ် နှင့် အတန်ငယ် သွေဖီသော အကြောင်းကိုထည့်၍ ပြောလို ဧ။် ။ အချို့ လူငယ်များသည် မိမိတို့ လူရာဝင်ပြီဖြစ်ကြောင်း ပြသချင်သည့်အနေဖြင့် ဆေးလိပ်သောက်ပြခြင်း၊ ကွမ်းစားပြခြင်း ၊ လက်ဖက်ရည်ဆိုင် ထိုင်ပြခြင်းတို့ကို ပြုလုပ်ပြတတ်သည် ။
ကားကို လမ်းညွှန်ပေးလိုက်သည့် ကျွန်ုပ်တို့ နှစ်ယောက်သည်လည်း အမှန်တကယ် အလုပ်မရှိသောကြောင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ စကားလုံးကြီးကြီး တွေအသုံးပြု၍ တယောက်နှင့် တယောက် ပစ်ပေါက်တမ်း ကစား နေကြခြင်းဖြစ်ဧ။် ။

တခါတခါ မာကျူရီမီးလုံး အောက်တွင် ရှိသော လက်ဖက်ရည်ဆိုင်က ပို၍ ပြည်စုံသည်ဟုထင်ဧ။် ။ မာကျူရီမီးလုံး အောက်တွင် တည်သမျှအရာအားလုံး လှပနေသည်ဟု ရက်ရက်ရောရော ထင်ပစ်လိုက်ဧ။် ။ ထိုအချိန်တွင် အိမ်ဟူသော အရာနှင့်တကွ တော်တော်များများကို မေ့သွားတတ်ဧ။် ။ ခရစ်နှစ် ၂၀၀၇ ခုနှစ် မတိုင်မှီ ကာလများ၌ ထိုကဲ့သို့ မာကျူရီ မီးရောင်များ သည် လူငယ်တို့ ရိုက်ပွဲကျင်းပရာ သာဖြစ်ပေလိမ့်မည်။ သို့သော် ၂၀၀၇ စက်တင်ဘာ အရေးခင်း (Saffron Revolution) ပြီးသည့်နောက် လူငယ်ရန်ပွဲများ သိသိသာသာလျော့ပါးသွား သည်ကို တွေ့ရဧ။် ။ (ဤသည်မှာလည်း စာရိုက်သူဧ။် အမြင်သက်သက် သာ ဖြစ်ပါကြောင်း.. ) ထို့ကြောင့် မာကျူရီမီးရောင်အောက်က လူငယ်များဧ။် မျက်လုံးများသည် အချင်းချင်း အမျက်အအီ စိုးစင်းမျှ မရှိဘဲ မိမိဧ။် ကြည်နူးမှုကို သာ ကိုယ်စီ ဖန်တီးနေကြဧ။် ။ ထို့အတူ အလင်းဆိုင် တို့သည်လည်း ကျွန်ုပ်အတွက် အသက်ဝင်နေဧ။် ။

ရပ်ကွက်လက်ဖက်ရည်ဆိုင် ကလေးများသည် နေရာဒေသအလိုက် ထူခြားမှုများ နှင့်အတူ ချစ်စရာကောင်းသော အမူအကျင့်လေးများ ရှိတတ်ဧ။် ။
အချို့ ဆိုင်များသည် မိမိဧ။် စားသုံးသူကို ဂရုစိုက်ကြောင်းပြသည့် အနေဖြင့် စားသုံးသူ မှာယူသောက်သုံး နေကျ လက်ဖက်ရည်ကို မှတ်ထား ကြသည်။
အချို့ ဆိုင်များသည် မိမိဧ။် စားသုံးသူနှင့် ရင်းနှီးခင်မင်ကြောင်းကို ပြသည့် အနေဖြင့် ကျသင့်ငွေကို လျှော့ယူလိုက်သည်။ အကြွေအမ်း ရသည့် ပြဿနာကိုလည်း ဖြေရှင်းရာ ရောက်ဧ။် ။
အချို့ ဆိုင်များကတော့ သူတို့ဧ။် စေတနာကို အရည်အသွေးဖြင့်ပြသတတ်ဧ။် ။ ၁၅၀ကျပ် သာ ပေးရသော လက်ဖက်ရည်တွင် နို့မလိုင်များထည့်ပေးတတ်ဧ။် ။

ကျွန်ုပ်တို့ မက်မက်မောမော ထိုင်ဖြစ်ကြသည်မှာ လက်ဖက်ရည်ချည်းသက်သက် ရောင်းသော ရပ်ကွက်ဆိုင်ကလေးများသာဖြစ်ဧ။် ။ လမ်းဘေးလက်ဖက်ရည်ဆိုင်၊ မြေစိုက်လက်ဖက်ရည် ဆိုင် ကလေးများသည် စားသုံးသူ နည်းပါးသော်လည်း လက်ဖက်ရည်ဆိုင်ဟူသော နာမည်နှင့် အငွေ့ အသက်ကို ထိန်းသိမ်းထားကြဧ။် ။ လက်ဖက်ရည်ဆိုင် ပီသသော လက်ဖက်ရည်ဆိုင် ကလေးများဟု ကျွန်ုပ်က သတ်မှတ်ချင်ဧ။် ။ထိုဆိုင်ကလေးများတွင် တရုတ်လက်ဖက်ရည်ဟု သတ်မှတ်နိုင်သော ရေနွေးကြမ်းရော ကုလားလက်ဖက်ရည်ဟု သတ်မှတ်နိုင်သော နို့ဆီပါသည့်လက်ဖက်ရည်ကို ပါ သုံးဆောင်နိုင်ဧ။် ။

ယနေ့ခေတ် လက်ဖက်ရည်ဆိုင်များသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း နာမည်ခံလက်ဖက်ရည်ဆိုင်များ အဖြစ်သို့ ရွေ့လျားနေကြဧ။် ။ (ဤနေရာတွင်လည်း ကောင်းခြင်း ဆိုးခြင်း မပြောလိုပါ ။ ) တချို့လက်ဖက်ရည်ဆိုင်များမှာ စာသောက်ဆိုင်ကြီး သဖွယ်ဖြစ်နေပြီး ၊ တချို့ လက်ဖက်ရည်ဆိုင်များမှာ အခွင့်အရေးသမား တို့ဧ။် လုပ်စားရုံသက်သက် ပေါလစ်ရှ်ခုံများ နှင့် ဘေဘီလက်ဖက်ရည်၊မုန့်ဟင်းခါး ဖြစ်နေဧ။် ။

မြန်မာ့လူနေမှုဘ၀ထဲတွင် နေ့စဉ်ပါဝင်နေသော လက်ဖက်ရည်ဆိုင်များသည် မည်သို့မည်ပုံ နေရာယူလျှက်ရှိပြီး ၊ အနာဂါတ်တွင် မည်သို့ မည်ပုံ ပြောင်းလဲသွားမည် ဆိုသည်မှာ စိတ်ဝင်စားစရာ တစ်ခုပင် ဖြစ်နေတော့သတည်း။ ။

Monday, May 24, 2010

အလင်းမရှိသော အိပ်မက်

အနက်ရောင် ဘောပင်တချောင်း…။
အဖြူရောင် စာရွက်အလွတ်ပေါ်က အနက်ရောင်စာလုံးများ…။
ဒါတွေအားလုံးက အပြာရောင် စားပွဲတလုံး ပေါ်မှာ ဖယိုဖရဲ ။ လှလှပပ ပြန့်ကြဲနေတယ်။

အနက်ရောင် စာရွက်တရွက်….။
အဖြူရောင် မှင်နဲ့ မညီမညာ လက်ရေးများ… ။
ဒါတွေနဲ့ တစုံတရာ ဖန်တီးဖို့ ငါကြံရွယ်ခဲ့တယ်..။

အဖြူရောင် စာရွက်ပေါ်က အနက်ရောင်စာလုံးများ ၊ အနက်ရောင်စာရွက်ပေါ်က အဖြူရောင်စာလုံးများ ၊ နောက် အပြာရောင်စားပွဲတလုံး ။ ဒါတွေအားလုံးကို ပုံရိပ်ယောင် အနေနဲ့ ဖမ်းယူထားဖို့ ကင်မရာတလုံးကို ဘေးမှာချစောင့်စားရင်း ကျွန်တော် အိပ်ပျော်နေခဲ့တယ်။

တစုံတယောက်က မေးတယ် “လူတွေရဲ့ စိတ်ကို အကျိုးသက်ရောက်ဖို့အတွက် အရောင်တွေကို ယုံကြည်သလား? ” ။
တိတိကျကျ ဖြေဖို့ ခက်တဲ့ မေးခွန်းတခုပဲ။
ကျွန်တော့်အပေါ်မှာ တခါတရံ အရောင် တွေရဲ့ သက်ရောက်မှု ရှိမယ်လို့ထင်တယ်။ သူ မေးသလို “လူတွေ” ဆိုတာအတွက်တော့ သိမ်းကြုံးပြီး မဖြေ၀ံ့ပါ ။ တဆက်ထဲမှာ ပဲ ကျွန်တော် “အရောင်”တွေကို မမြင်နိုင်ရင် ဘယ်လိုခံစားမလဲ ။ နောက်ပြီး “အရောင်” ဆိုတာ ပိုင်းခြား သိနိုင်တဲ့ အသိ ကျွန်တော့်မှာ မရှိတော့ရင် ဘယ်လိုခံစားမလဲ။ နောက်ဆုံး “အရောင်”ဆိုတဲ့ အရာကို “အရောင်”လို့ မမြင်ချင်တော့ရင် ကျွန်တော် ဘယ်လိုဖြစ်မလဲ။ မေးခွန်းတွေ ပြန့်ကြဲသွားသည်။

ကျွန်တော့်ရဲ့ ဖြတ်သန်းမှု အနည်းငယ်လေးအတွင်းမှာ သိလိုက်ခွင့်ရလိုက်တဲ့ အရောင်တွေက ယုံကြည်လောက်စရာမကောင်းပါ။ ကျွန်တော် မသိနားမလည်တာလည်း များလွန်းပါသည်။ အ၀ါရောင် နဲ့ လိမ္မော်ရောင် တောင် ကွဲကွဲပြားပြားမသိ။ အနီ ၊ အစိမ်း နဲ့ အပြာ တို့ အကြောင်း အကောင်းကောင်း မသိ။ အပူရောင် ၊ အအေးရောင် ခွဲခွဲခြားခြားမသိ။

“အဖြူနဲ့အနက်” တဲ့ ဒီစကားကို ကျွန်တော်စကြားဖူးတာ ကာလာမစုံတဲ့ ဓါတ်ပုံတွေက တဆင့် ထင်ပါရဲ့။ အဲဒီကနေ စပြီး အဖြူရောင် နဲ့ ဆန့်ကျင်ဘက်ဟု ယူဆသော အနက်ရောင်ကို တွဲပြီး သိလာခဲ့သည်။

“ ဒါ.. ဘာအရောင် ဖြစ်မယ်ထင်လဲ” ဟု ငယ်ငယ်က ပဟေဠိဝှက် ကြတဲ့အခါ “ အဖြူရောင် မဟုတ်ဘူး ”
ဟု နိမိတ်ပြ စကားပြောလျှင် ကျွန်တော်က “အနက်ရောင်” ဟု အဖြေပေးတတ်ပါသည်။ကျွန်တော့် အဖြေကလည်း အမြဲတမ်းလိုလို မှန်နေခဲ့ပါသည်။

ဒါကပဲ တကယ့် အမှန်တရားနဲ့ ဝေးကွာရခြင်းရဲ့ အကြောင်းတရားတခုလား ?

တစုံတယောက်ရဲ့ မေးခွန်းကို ဖြေဖို့ ကျွန်တော် ကြိုးစားကြည့်သည်။ “အရောင်” ဆိုတာ အလင်းပြန်ခြင်း ကြောင့်သာဖြစ်ပေါ်တယ် လို့ ကျွန်တော်ကြားဖူးထားသည်။ တကယ်လို့ အလင်းမရှိရင် ကျွန်တော် ဘာကို မြင်မလဲဆိုတာ အနီးစပ်ဆုံး စဉ်းစားကြည့်တော့ မှောင်မဲခြင်း။

မှောင်မဲ နေတာဟာ အနက်ရောင်လား ။ ကျွန်တော် သေချာ မသိပါ။ သို့တည်းမဟုတ် အလင်းပြန်ခြင်း မဟုတ်ပဲ အရောင်တခု မြင်နေရတာလား။ ကျွန်တော် လုံးဝ မသိပါ။

ထို့ကြောင့် “အရောင်” ဆိုသော အရာ သည် ကျွန်တော်နဲ့ အဝေး တနေရာ တွင်သာ ရပ်တည်နေခဲ့ဧ။် ။

“ အဖြူ မဟုတ်လျှင် အမည်းနှင့် တကွ တခြားမည်သည့်အရောင်မဆို ဖြစ်နိုင်သည်” ဟု ကျွန်တော့် မိတ်ဆွေဧ။် အက်ဆေးတပုဒ်ထဲမှာဖတ်ဖူးသည်။ ကျွန်တော် ထိုစာကြောင်းကို နည်းနည်း ထပ်ဖြည့်လိုက်ချင်သည်။

“ အဖြူမဟုတ်လျှင် အဖြူမဟုတ်သော အရောင်သာဖြစ်နိုင်ပါသည်”

ကျွန်တော့် အိပ်မက် ကို ဤ နေရာ၌သာ ရပ်တန့် လိုက်ချင်သည်။
သို့သော် “ အိပ်မက်ထဲတွင် အရောင် ကို သိနိုင်စွမ်းမရှိ” ဟု အိပ်မက်သုတေသီတို့က ဆိုဧ။် ။

Wednesday, May 5, 2010

ကျွန်တော် “ရှိ” သော မိုးရာသီနှင့် ကျွန်တော် “သိ” သော မိုးရာသီ

ပြတင်းပေါက် က တဆင့် သေးသေးပြောက်ပြောက် ကြယ်ကလေး လေး၊ငါး ခု ၀ါးတ၀ိုးမြင်နေရသည်။
ပြတင်းပေါက် က တဆင့် မြေသင်းနံ့ နှင့်အတူ လေနုအေးတွေ ခြေသံတိတ်တဆိတ်နဲ့ ၀င်လာကြသည်။
ထိုနေ့က မိုးရွာဧ။် ။

မိုးရွာထဲတွင် လမ်းလျှောက်ထားသော ကျွန်တော့်အဖို့ ရေနွေးကြမ်းတအိုး နှင့် စောင်ပါးပါးတထည် ကို အလိုရှိလှဧ။် ။

“မိုး” နှင့်အတူ “လေ” သည်လည်း အနည်းငယ်ပြင်းထန် သည်။ထိုကဲ့သို့သော မိုးရွာထဲ တယောက်တည်း လမ်းလျှောက်ခြင်း ကို အန္တရာယ်များသည် ဟု ဆိုကြသော်လည်း “မသိခြင်းတရား” ဧ။် အန္တရာယ်ကိုတော့ မည်သို့သောသူက ကြောက်ရွံ့ စိုးရိမ်ကြမည်နည်း။

မိုးရေ စိုရွှဲနေသော ကျွန်တော့်ခန္ဓာသည် အေးမြနေဧ။် ။ ကျွန်တော် လျှောက်နေသော လမ်းမပေါ်တွင် မိုးရွာသောကြောင့်လားမသိ လူမရှိ။ ထို့ကြောင့် ကျွန်တော့် စိတ်ဝိဥာဉ်သည်လည်း အေးမြနေဧ။် ။
မိုးရွာထဲတွင် လမ်းလျှောက်ထွက်ရခြင်းဧ။် အရသာကို သိလိုပါက ကိုယ်တိုင် လမ်းလျှောက်ထွက်ကြည့်ခြင်းဖြင့်သာ သိနိုင်ဧ။် ။ နှုတ်ဖြင့် တဆင့်ပြန်ပြောပြခြင်းသည် လည်းကောင်း၊ စာဖြင့် တဆင့်ပြန်ဖော်ပြခြင်းသည်လည်းကောင်း ခံစားမှုကို တိကျစွာ ပြန်လည် မပေးဆောင်နိုင်။

မိုးရာသီ တွင် ကျွန်တော့်အတွက် လိုအပ်မည်ဟုထင်သော အရာများကို အနီးစပ်ဆုံး တွေးကြည့်မိဧ။် ။
ခေါက်ထီးတလက် နှင့် ရာဘာဖိနပ် လား?
စောင်ပါးပါးတထည် နှင့် စုံထောက်ဝတ္ထု လား?
ပန်းဆိုးတန်းက လက်ဖက်ရည် ကျကျတခွက် နှင့် ရေစိုနေတဲ့ ဗိုလ်အောင်ကျော်လမ်း လား?
ရေနွေးကြမ်း နှင့် နံပြားပျော့ပျော့တချပ် လား?
အတိဿရရာသီ ကဗျာစာအုပ် နှင့် ပဒီးပဒါးစကားတွေ လား?

ကျွန်တော့်ဧ။် သိမှုနယ်ပယ်တွင် ရှိသော မိုးရာသီဧ။် မိုးရေချိန်လက်မများကို တိုင်းရာ၌
-ကျွန်တော့်ဆံပင် နှင့် ဂျင်းဘောင်းဘီအနားတွင်စိုစွတ်နေသော ရေပမာဏဖြင့်လည်းကောင်း
-မိုးရေကြောင့် လှပနေသော သစ်ပင်တို့ဧ။် စိမ်းစိုမှုဖြင့်လည်းကောင်း
-ဖါးအော်သံ တို့ဖြင့် လည်းကောင်း တိုင်းတာပါမည်။

ကျွန်တော့် စိတ်ဝိဥာဉ် စိုစွတ်ရန်အတွက် လိုအပ်သော မိုးရေချိန်လက်မ ပမာဏကို တော့ ကျွန်တော်ကိုယ်တိုင်ပင် မသိနိုင်ပါ။

Sunday, March 21, 2010

ကုက္ကိုရွက် နှင့် အတူ ဝေ့၀ဲကျသွားသော နွေညများ

လရောင် အောက်က ကွပ်ပျစ် ပေါ်မှာ ကျွန်တော်တို့ ၀ိုင်းဖွဲ့ ထိုင်ခဲ့ကြဖူးတယ်။ ညများစွာ….
အတိအကျ ဆိုသော်.. နွေညများစွာ။

ကလေးဘ၀မှာတော့ နားမလည်မှုများစွာနဲ့ ကြယ်တွေကိုကြည့်ခဲ့ရတယ်။ ကြယ်အစုံနဲ့ကောင်းကင် ဟာ ကျွန်တော့်ကို ပဟေဠိဝှက်ပြီး ကြည်စယ်နေတာလို့ လုံးဝ မထင်မိပါဘူး။ မထူးဆန်းပါဘူး။ ကျွန်တော်မှ မသိချင်ဘဲ။ အမည်းရောင် ဟင်းလင်းပြင်ကြီး
ထဲက ချစ်စရာအစက်အပြောက်ကလေးတွေ လို့ သိထားတယ်။ ကျွန်တော့်အတွက် ကတော့ ဒီလောက်ဆို လုံလောက်ပါပြီ။

နောက်မှ တစ်ယောက်တစ်ပေါက် ပြောသံကြားလာရတယ်။ အဲဒီကြယ်ရဲ့ နာမည်က ဘာ၊ ညာ နဲ့ သိပ်ကို ရယ်စရာကောင်းတာပါပဲလား ။ သူတို့ ထင်သလိုနာမည်ပေးထားကြတာလေ။ နောက်ပြီး.. သူ့ဘာသာသူ ပြန့်ကျဲ လှပနေတဲ့ ကြယ်တွေကို သူတို့က အုပ်စုဖွဲ့ ပြီး နာမည်ပေးကြသေးတယ်။ အဲဒီကိစ္စကတော့ မတရားဘူးလို့ထင်တာပါပဲ။ ပိုင်းခြားသက်မှတ်ခြင်းအားဖြင့် အလှတရားကို ဖျက်စီးကြတာလား။


“ကောင်းကင် ဟင်းလင်းပြင်ထဲက ကြယ်တွေကို ခံစားတဲ့အခါ ကျွန်တော်.. နားမလည်ခြင်းတွေကိုပဲ လိုချင်ပါတယ်။ ”


အထက်ပါအတိုင်း တောင်တောင်အီအီ ရည်ရွယ်ချက်မရှိဘဲ စဉ်းစားဖြစ်နေတာကတော့ ပြတင်းပေါက် ကနေပြီး ကြယ်တွေကို ကြည့်ဖြစ်ခဲ့တဲ့ နွေညတွေမှာပေါ့။
“နွေ ဟာ အထီးကျန်စေသလား ။ နွေ ဟာ လွမ်းမောစေသလား ။ ဒါမှမဟုတ် နွေဟာ မျှော်လင့်ချက် တွေ ပေးတာ လား ၊ ယူတာလား။ ” အဲဒါတွေ ကျွန်တော် မသိ။ ကျွန်တော်သိတာ နွေဟာ ပူတယ်။ အိုက်တယ်။ တစ်နေ့ခင်းလုံး ပူလောင်ခြင်းအတွက် အလျော်အစားအဖြစ် ည ဘက်မှာ လေပြေတွေကို မဖြစ်စလောက် ပေးတယ်။ ဒီလိုညတွေမှာ ကျွန်တော်တို့ ၀ိုင်းဖွဲ့စကားပြောဖြစ်ကြတာပေါ့။

ညပိုင်းမှာ ကြယ်တွေငေးရင်း ကုက္ကိုပင်အောက်ကို ထိုင်ကြည့်ပါ။ အသံပြုတိုက်ခတ်နေတဲ့ လေပြေ တွေက ကုက္ကိုရွက်ဝါတွေကို ကြွေစေတယ်။

နွေနေ့လည်ခင်းတွေက မညှာမတာ ပူပေမယ့် ကုက္ကိုရိပ်တွေကတော့ သိပ်ချစ်ဖို့ကောင်းတယ်။ ကုက္ကိုပင်အောက်မှာ ထိုင်ရင်း ကုက္ကိုရွက်ကြွေတာကို ကြည့်နေတဲ့လူတွေ ကို တွေ့ဖူးမှာပါ။ ဘာရယ်မဟုတ်ပေမယ့် အမှုမဲ့အမှတ်မဲ့ လုပ်တတ်ကြပါတယ်။

ကျွန်တော်က တော့ တမင်သက်သက် ကုက္ကိုရွက်ကြွေတာ ထိုင်ကြည့်ခဲ့တယ်။ အနှောင်အဖွဲ့ကင်း ပြီး မသိခြင်းများတဲ့ ကျွန်တော့် ရဲ့ ငယ်ဘ၀က ကုက္ကိုပင်တွေထဲမှာ ခိုအောင်းပျောက်ကွယ်သွားပြီ ထင်ပါရဲ့။

Tuesday, March 2, 2010

ဘောင်ခတ်ခြင်း

Photo: NayMoeWai

Monday, January 18, 2010

ညီလေးဖတ်ဖို့

ညီလေးရေ
မင်းအတွက်ထူးခြားတဲ့ ဒီနေ့လေးမှာ
ရှေ့ဆက်ဘာတွေများထပ်ထူးခြားလာအုံးမှာပါလိမ့်
ဝလုံးလေးဝိုင်းရတာမဟုတ်တဲ့ ဘ၀မှာ
ကျောင်းတော်ကြီးကသင်ခန်းစာတွေက
တကယ့်လက်တွေ့မှာတော့ ခြားနားနေတယ်လို့ ထင်မိသေးလားး
အသက်တွေတစ်နှစ်ပြီးတစ်နှစ်မှာ
အတင်းအဖျင်းတွေရခဲ့ကြတယ်
မျှော်လင့်ခြင်းတွေ ချိနဲ့လာတယ်
နေထိုင်အသက်ရှင်ခြင်းအတွက်
အလေ့ကျင့်ရာခိုင်နှုန်း ဘယ်လောက်လိုသေးသလဲ
ဟန်ဆောင်ခြင်းအနုပညာကောဘယ်လောက်လိုသလဲ
ကဲ....ခလေးကိုယ်နဲ့ လူကြီးအတွေးတွေ ခေါင်းထဲပြွတ်သိပ်နေတဲ့ ကောင်လေးရေ
ရှေ့ဆက် အနာဂါတ်နေ့ရက်တွေမှာ မြွေပွေးတစ်ကောင်လို သိမ်မွေ့အေးဆေးပါ
ဥသြလေးလို အသံသာပြီး
ဆင်တစ်ကောင်လို လိုရာ ခရီးရောက်နိုင်ပါစေဗျာ ။

(ကိုမျိုး ကျိုက်ထို ကနေ ပို့လိုက်တဲ့ကဗျာလေးပါ.. ။ ကျနော့်အတွက် မွေးနေ့လက်ဆောင်တဲ့.. ။ လက်ဆောင်ပစ္စည်းကို လူကြုံနဲ့ထည့်ပေးပြီး လက်ဆောင်ကဗျာကို မေးလ်နဲ့ ပို့လိုက်တဲ့ ကိုကြီးမျိုး... ခင်ဗျားလည်း အစစ အရာရာ အဆင်ပြေပါစေဗျာ ။)