Friday, May 28, 2010

ရောက်တတ်ရာရာ လက်ဖက်ရည်ဆိုင်

(မြသန်းတင့်ဧ။် “လက်ဖက်ရည်ဆိုင်” ဆို သောဝတ္ထုလေးကို နှစ်ခြိုက်ခြင်းများစွာဖြင့်)

မနုဿဗေဒကို လေ့လာနေသော မိတ်ဆွေတယောက်သည် မြန်မာ့နေ့စဉ်လူနေမှုဘဝထဲက လက်ဖက်ရည်ဆိုင် အကြောင်းကို စာတမ်းတစောင် ရေးဖို့ ပြင်ဆင်နေဧ။် ။ ထို့ကြောင့် ကျွန်ုပ်သည် လည်း“တရုတ်ယဉ်ကျေးမှု အရ သောက်သုံးနေသော လက်ဖက်ရည်နှင့် အိန္ဒိယယဉ်ကျေးမှု အရ သောက်သုံးနေသော လက်ဖက်ရည်” တို့ မှသည် ယနေ့ခေတ် လက်ဖက်ရည်ဆိုင်များဆီသို့ အမှတ်တမဲ့ကြည့်လိုက်ခြင်း ဖြစ်ဧ။် ။

{တိဘက် လူမျိုးတို့သည် လက်ဖက်ရည် ကျို ရာ၌ လက်ဖက်အစိုရော လက်ဖက်ခြောက်ပါ ထည့်သုံးဧ။် ။ရေနွေးအိုးထဲတွင် လက်ဖက်စိုကို ကွမ်းသီးလုံးခန့်ထည့်ကျို ပြီးမှ လက်ဖက်ခြောက် ခတ်သည်ဆိုဧ။် ။ ထိုလက်ဖက်ရည်ကို သောက်သုံးရာ၌လည်း ကျေးဇူးတင်ခြင်း (၃) မျိုးဖြင့် သောက်သုံးဧ။် ။ (၁) လက်ဖက်စိုက်သူ၊ လက်ဖက်ခူးသူ ကို ပထမ တကျိုက် သောက်နေစဉ် ကျေးဇူးတင်ဧ။် ။ (၂) လက်ဖက်ရည်ကျို သူ ကို ဒုတိယ တကျိုက် သောက်နေစဉ် ကျေးဇူးတင်ဧ။် ။ (၃) နောက်ဆုံး တကျိုက် သောက်ရာ၌ အေးချမ်းစွာ လက်ဖက်ရည်သောက်ခွင့် ရသော လောကကြီးကို ကျေးဇူးတင်လေဧ။်}

“အဖေါ်မစုံသူ သောက်တဲ့ အလင်းဆိုင်၊ ကိုယ်ကြိုက်တဲ့ အခုခေတ်ပေါ်သီချင်း ၊ ဖီလင်ဆိုတာ ဒီဟာကိုခေါ်သလား ၊ ဘာရယ်ညာရယ် ကိုယ်လေမတွေးဘဲ ဆွေး…” ဆိုသော တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ “ပလက်ဖေါင်း မင်းသား” သီချင်း ထဲက ကဲ့သို့ အလင်းဆိုင်တွေ လည်း ရှိဧ။် ။ ထိုအလင်းဆိုင်များသည် ပလက်ဖေါင်းမင်းသား လူငယ်များရဲ့ ကွန်းခိုရာ ပင်ဖြစ်ဧ။် ။

လူငယ်များ နှင့် လက်ဖက်ရည်ဆိုင်များသည် အတူတွဲလျှက် ရှိကြယုံသာမက ၊ လက်ဖက်ရည်ဆိုင်တွင်သာ တွေ့ရများနေသော လူငယ်များကို လူကြီးများက ကလေကချေ အပေအတေ များ ဟု သမုတ်လေ့ရှိကြဧ။် ။

ရှေးယခင် ကတော့ “ လက်ဖက်ရည် အဖန် သောက်ရင်ဖြင့်၊ ကျက်သရေ အမှန်ရောက်ပေလိမ့် ၊ ကြံသလောက် ပြီး တဲ့ အရည်..” ဟု ဆိုကြဧ။် ။ ယနေ့ခေတ်တွင် လည်း ကားပွဲစား၊ အိမ်ပွဲစား ၊ မြေပွဲစား ၊ မင်္ဂလာဆောင်ပွဲစား များ ဖြစ်ထွန်းအောင်မြင်လျှက် ရှိသည်နှင့် အညီ ၎င်းတို့ဧ။် လုပ်ငန်း ကိစ္စ(အရေးကြီး ခွင်ကျယ် တမင် လုပ်သည်များ) ကို လက်ဖက်ရည်ဆိုင်၌ ပြောဆို ညှိနှိုင်းကြဧ။် ။ ပမာဏကြီး လျှင် ကြီးသလောက် စာသောက်ဆိုင်များ၊ ကာရာအိုကေခန်းများသို့လည်း ရောက်တတ်ဧ။် ။ (ဤကား စကားချပ်)
လူငယ်များ လက်ဖက်ရည်ဆိုင် ထိုင်ရသည့် အကြောင်းအရင်း၊ ရည်ရွယ်ချက်နှင့် လူကြီးများ(ဘာပွဲစား ညာပွဲစားအပါအ၀င်) ဧ။် လက်ဖက်ရည်ဆိုင် ထိုင်ရသည် အကြောင်းအရင်း၊ ရည်ရွယ်ချက် ကား ကွဲပြားနိုင်ဧ။် ။ဆိုလိုသည်မှာ လူကြီးများသည် လက်ဖက်ရည်ဆိုင် သို့ အကြောင်းကိစ္စတခုခု ကြောင့်ထိုင်တတ်ကြသော်လည်း လူငယ်အများစု ကတော့ဖြင့် အကြောင်းကိစ္စ တိတိပပ မရှိဘဲ ထိုင် နေတတ်ဧ။် ။

ဤသို့ ဆိုလျှင် အပေါ်က စာပိုဒ်တွင် ဖေါ်ပြခဲ့သလို “ကလေကချေ အပေအတေ” များဟု သက်ရောက်သွားနိုင် ပါဧ။်လော။ လက်ဖက်ရည်ဆိုင်များ အကြောင်း တတ်သလောက် မှတ်သလောက် လင်းပါအုံးမည်။
ယခင်က လက်ဖက်ရည်ဆိုင်များသည် ရိုးရှင်းလှဧ။် ။ ခွေးခြေခုံ ဟုခေါ်သော ထိုင်ခုံအပုကလေးများနှင့် စားပွဲခုံ။ ထိုပေါ်တွင်မှ ရေနွေးကြမ်းအိုး။ တရုတ်လူမျိုးရောင်းသော လက်ဖက်ရည်ဆိုင်တွင် တရုတ်မုန့်များဖြစ်ကြသော ပဲမုန့်၊ ဒါးလှီးမုန့်၊ ဆားမုန့် များရနိုင်သကဲ့သို့ အိန္ဒိယလူမျိုးများရောင်းသော လက်ဖက်ရည်ဆိုင်တွင် ကုလားမုန့်များ ဖြစ်ကြသော ပလာတာ၊ထက္တရာ၊ ချပတီ၊ ပူတီ စသော မုန့်များရနိုင်ဧ။် ။

ယခုအခါ လက်ဖက်ရည်ဆိုင်များကတော့ဖြင့် ဆန်းပြားလှဧ။် ။ “စီးပွားရေး ဦးပိုင် လက်ဖက်ရည်ဆိုင်” ၊ “မန်းမြို့တော် လက်ဖက်ရည်ဆိုင်” ၊ “အိုင်တီ လက်ဖက်ရည်ဆိုင်” များမှအစ ရပ်ကွက်လက်ဖက်ရည်ဆိုင်အငယ်များအထိ ပြောင်းလဲ နေဧ။် ။
စီးပွားရေးဦးပိုင် ဧ။် ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရသော လက်ဖက်ရည်ဆိုင်များကို ဘေဘီအီကြာကွေး ဟုခေါ်သော လက်ညှိုးလောက် အီကြာကွေးကလေးများ၊ ရွှေဥ မုန့်ဟင်းခါး၊ ပေါလစ်ရှ် အရောင် တောက်နေသော စားပွဲခုံများ အား ကြည့်ခြင်းအားဖြင့်သိနိုင်ဧ။် ။
မန်းမြို့တော် လက်ဖက်ရည်ဆိုင်များတွင် ပေါက်စီ၊ ၀က်သားပေါင်း ၊ ရှမ်းခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ တို့မှအစ ကြေးအိုး အထိ ရနိုင်ဧ။် ။
ထိုနည်းတူစွာ အိုင်တီ လက်ဖက်ရည်ဆိုင်များတွင်လည်း စားသောက်ဆိုင်နီးပါး အမျိုးစုံလင်လှသော အစားအစာမျိုးစုံ ရနိုင်ဧ။် ။ ထမင်းပေါင်း ၊ ထမင်းကြော် ၊ထမင်းဆီဆမ်း မှအစ တရုတ်ဟင်း မြန်မာဟင်း ၊ ဒင်ဆမ်း၊ ကော်ပြန့်စိမ်း ၊ ကောက်ညှင်းပေါင်း အစရှိသည် တို့ ပါဝင်ရောင်းချဧ။် ။
ထိုသို့သောနည်းဖြင့် ရပ်ကွက်လက်ဖက်ရည်ဆိုင်များပါ ပုံစံပြောင်းလာကြဧ။် ။ တလက်စထဲမှာပင် လက်ဖက်ရည်ဆိုင်များ၌ အင်းစတန့် ကော်ဖီမစ် ထုတ်များပါ နေရာယူလျှက်ရှိဧ။် ။

တညလုံး မပိတ်သော အလင်းဆိုင် များကိုလည်း ကြိုးစားရှာလျှင် တွေ့နိုင်ပါသေးသည်။

ထို့ကြောင့် နှောင်းခေတ်လူတို့ လက်ဖက်ရည်ဆိုင် သို့ သွားရခြင်း အကြောင်းသည် လက်ဖက်ရည်သောက်ချင် သောကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ တစုံတခု စားသောက်ရန်လည်း ဖြစ်နိုင်ဧ။် ။ “လက်ဖက်ရည်ဆိုင် သွားခြင်းသည် လက်ဖက်ရည်သောက်ချင်သောကြောင့်” ဟု ယူဆရန် မသင့်တော်သော အခြေအနေသို့ ရောက်သွားဧ။် ။

ဤသို့သော လက်ဖက်ရည်ဆိုင်များနှင့် လူငယ်များ ဘယ်ပုံဘယ်နည်း ပတ်သက်ပါသနည်း။

အထက်တွင်ဖေါ်ပြခဲ့သကဲ့သို့ တစုံတခုစားသောက်လိုသော သွားခြင်းလည်းဖြစ်နိုင်ဧ။် ။

အိမ်တွင် မပြောချင်သောစကား(သို့) လွတ်လွတ်လပ်လပ် ပြောချင်သော စကားများ အတွက် လက်ဖက်ရည်ဆိုင်သည် အသင့်တော်ဆုံးဖြစ်သည် ဟု မိတ်ဆွေအမကြီး တယောက် ပြောတာလည်း ကြာဖူးဧ။် ။ တနည်းအားဖြင့် လက်ဖက်ရည်ဆိုင်၌ အိမ်တွင်မပြောဖြစ်သော စကားများ ပြောခွင့်ရဧ။် ။

နောက် အကြောင်းအရင်းတခုမှာ တေးရေးဆရာ စိုင်းခမ်းလိတ် ဧ။် သီချင်းထဲက ကဲ့သို “အဆူအပူခံကာ မှီခိုရာဌာန” ဖြစ် သော အိမ်ဧ။် လောင်းရိပ်အောက်မှ ခေတ္တခန လွတ်မြောက်ရာ လမ်းဖြစ်သောကြောင့်တည်း။

ဤအချက် သုံးချက် ကို ယေဘုယျ သတ်မှတ်ကြည့်နိုင်ဧ။် ။ တဆက်တည်းမှာ ပင် ကလေကချေ အပေအတေ ဟူသော အယူအဆကို စာဖတ်သူ စိတ်ကြိုက် သတ်မှတ်ခွင့်ပြုလိုက်ဧ။် ။

မနက်စာ စားရန်၊ နေ့လည်စာ စားရန်၊ မုန့်ဟင်းခါးစားရန် ၊ ပလာတာ ထက္တရာ ချပါတီ ပဲနံပြား စားရန် ၊ ရှမ်းခေါက်ဆွဲစားရန် (သျှမ်းဟု လည်း ရေးသည်) လက်ဖက်ရည်ဆိုင်သို့ ခြေဦးလှည့်နိုင်ဧ။် ။

ကော်ဖီ သို့မဟုတ် လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောကြရန်လည်း လက်ဖက်ရည်ဆိုင်သို့ သွားကြဧ။် ။

ညနေခင်းပိုင်းများ ၌ ဂစ်တာ ကိုင်၍ လမ်းဘေးနှင့်နီးသော ခုံများတွင် ထိုင်ကာ စီးကရက်ဖွာ သီချင်း ညဉ်းနေကြသော သရုပ်မှန်လူငယ်များ (စာရိုက်သူဧ။် အမြင်သက်သက် သာ…) ကလည်း အိမ် မှ ခဏ ရှောင်ပြေး၍ စိတ်ကူးတွေ့ရာ ဖန်တီးနေကြဧ။် ။

ကျွန်ုပ်သည် လည်း လူငယ်ထဲက လူငယ်ဖြစ်သည်မို့ ကျွန်ုပ်ကို ဗဟိုပြုဖြစ်ပေါ်နေသော လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်း အနည်းငယ် တင်ပြပါအံ့။

တခါက အကို တယောက်နှင့် စမ်းချောင်းထဲက ရပ်ကွက် လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်နေစဉ် ကားတစီးက လမ်း လာမေးဧ။် ။ ထိုကားကို လမ်းညွှန်ပေးပြီးသည့်နောက် ကျွန်ုပ် နှင့် အတူထိုင်နေသော အကိုက အနည်းငယ် မနှစ်လိုဟန်ဖြင့် တချိန်က ယခုကဲ့ အမေးခံရသူတို့ကို အလုပ်မရှိအကိုင်မရှိ များ ၊ တနည်းအားဖြင့် ဆန်ကုန်မြေလေးများ ဟု သတ်မှတ်ထားသည် ဆိုဧ။် ။ ယခု ထိုကဲ့သို့ သတ်မှတ်သူများထဲတွင် ကျွန်ုပ်တို့ပါ ပါဝင်နေသည်ကို ၀မ်းမြောက်စွာ တွေ့လိုက်ရဧ။် ။ ဤနေရာ၌ အနှီစာပိုဒ် နှင့် အတန်ငယ် သွေဖီသော အကြောင်းကိုထည့်၍ ပြောလို ဧ။် ။ အချို့ လူငယ်များသည် မိမိတို့ လူရာဝင်ပြီဖြစ်ကြောင်း ပြသချင်သည့်အနေဖြင့် ဆေးလိပ်သောက်ပြခြင်း၊ ကွမ်းစားပြခြင်း ၊ လက်ဖက်ရည်ဆိုင် ထိုင်ပြခြင်းတို့ကို ပြုလုပ်ပြတတ်သည် ။
ကားကို လမ်းညွှန်ပေးလိုက်သည့် ကျွန်ုပ်တို့ နှစ်ယောက်သည်လည်း အမှန်တကယ် အလုပ်မရှိသောကြောင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ စကားလုံးကြီးကြီး တွေအသုံးပြု၍ တယောက်နှင့် တယောက် ပစ်ပေါက်တမ်း ကစား နေကြခြင်းဖြစ်ဧ။် ။

တခါတခါ မာကျူရီမီးလုံး အောက်တွင် ရှိသော လက်ဖက်ရည်ဆိုင်က ပို၍ ပြည်စုံသည်ဟုထင်ဧ။် ။ မာကျူရီမီးလုံး အောက်တွင် တည်သမျှအရာအားလုံး လှပနေသည်ဟု ရက်ရက်ရောရော ထင်ပစ်လိုက်ဧ။် ။ ထိုအချိန်တွင် အိမ်ဟူသော အရာနှင့်တကွ တော်တော်များများကို မေ့သွားတတ်ဧ။် ။ ခရစ်နှစ် ၂၀၀၇ ခုနှစ် မတိုင်မှီ ကာလများ၌ ထိုကဲ့သို့ မာကျူရီ မီးရောင်များ သည် လူငယ်တို့ ရိုက်ပွဲကျင်းပရာ သာဖြစ်ပေလိမ့်မည်။ သို့သော် ၂၀၀၇ စက်တင်ဘာ အရေးခင်း (Saffron Revolution) ပြီးသည့်နောက် လူငယ်ရန်ပွဲများ သိသိသာသာလျော့ပါးသွား သည်ကို တွေ့ရဧ။် ။ (ဤသည်မှာလည်း စာရိုက်သူဧ။် အမြင်သက်သက် သာ ဖြစ်ပါကြောင်း.. ) ထို့ကြောင့် မာကျူရီမီးရောင်အောက်က လူငယ်များဧ။် မျက်လုံးများသည် အချင်းချင်း အမျက်အအီ စိုးစင်းမျှ မရှိဘဲ မိမိဧ။် ကြည်နူးမှုကို သာ ကိုယ်စီ ဖန်တီးနေကြဧ။် ။ ထို့အတူ အလင်းဆိုင် တို့သည်လည်း ကျွန်ုပ်အတွက် အသက်ဝင်နေဧ။် ။

ရပ်ကွက်လက်ဖက်ရည်ဆိုင် ကလေးများသည် နေရာဒေသအလိုက် ထူခြားမှုများ နှင့်အတူ ချစ်စရာကောင်းသော အမူအကျင့်လေးများ ရှိတတ်ဧ။် ။
အချို့ ဆိုင်များသည် မိမိဧ။် စားသုံးသူကို ဂရုစိုက်ကြောင်းပြသည့် အနေဖြင့် စားသုံးသူ မှာယူသောက်သုံး နေကျ လက်ဖက်ရည်ကို မှတ်ထား ကြသည်။
အချို့ ဆိုင်များသည် မိမိဧ။် စားသုံးသူနှင့် ရင်းနှီးခင်မင်ကြောင်းကို ပြသည့် အနေဖြင့် ကျသင့်ငွေကို လျှော့ယူလိုက်သည်။ အကြွေအမ်း ရသည့် ပြဿနာကိုလည်း ဖြေရှင်းရာ ရောက်ဧ။် ။
အချို့ ဆိုင်များကတော့ သူတို့ဧ။် စေတနာကို အရည်အသွေးဖြင့်ပြသတတ်ဧ။် ။ ၁၅၀ကျပ် သာ ပေးရသော လက်ဖက်ရည်တွင် နို့မလိုင်များထည့်ပေးတတ်ဧ။် ။

ကျွန်ုပ်တို့ မက်မက်မောမော ထိုင်ဖြစ်ကြသည်မှာ လက်ဖက်ရည်ချည်းသက်သက် ရောင်းသော ရပ်ကွက်ဆိုင်ကလေးများသာဖြစ်ဧ။် ။ လမ်းဘေးလက်ဖက်ရည်ဆိုင်၊ မြေစိုက်လက်ဖက်ရည် ဆိုင် ကလေးများသည် စားသုံးသူ နည်းပါးသော်လည်း လက်ဖက်ရည်ဆိုင်ဟူသော နာမည်နှင့် အငွေ့ အသက်ကို ထိန်းသိမ်းထားကြဧ။် ။ လက်ဖက်ရည်ဆိုင် ပီသသော လက်ဖက်ရည်ဆိုင် ကလေးများဟု ကျွန်ုပ်က သတ်မှတ်ချင်ဧ။် ။ထိုဆိုင်ကလေးများတွင် တရုတ်လက်ဖက်ရည်ဟု သတ်မှတ်နိုင်သော ရေနွေးကြမ်းရော ကုလားလက်ဖက်ရည်ဟု သတ်မှတ်နိုင်သော နို့ဆီပါသည့်လက်ဖက်ရည်ကို ပါ သုံးဆောင်နိုင်ဧ။် ။

ယနေ့ခေတ် လက်ဖက်ရည်ဆိုင်များသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း နာမည်ခံလက်ဖက်ရည်ဆိုင်များ အဖြစ်သို့ ရွေ့လျားနေကြဧ။် ။ (ဤနေရာတွင်လည်း ကောင်းခြင်း ဆိုးခြင်း မပြောလိုပါ ။ ) တချို့လက်ဖက်ရည်ဆိုင်များမှာ စာသောက်ဆိုင်ကြီး သဖွယ်ဖြစ်နေပြီး ၊ တချို့ လက်ဖက်ရည်ဆိုင်များမှာ အခွင့်အရေးသမား တို့ဧ။် လုပ်စားရုံသက်သက် ပေါလစ်ရှ်ခုံများ နှင့် ဘေဘီလက်ဖက်ရည်၊မုန့်ဟင်းခါး ဖြစ်နေဧ။် ။

မြန်မာ့လူနေမှုဘ၀ထဲတွင် နေ့စဉ်ပါဝင်နေသော လက်ဖက်ရည်ဆိုင်များသည် မည်သို့မည်ပုံ နေရာယူလျှက်ရှိပြီး ၊ အနာဂါတ်တွင် မည်သို့ မည်ပုံ ပြောင်းလဲသွားမည် ဆိုသည်မှာ စိတ်ဝင်စားစရာ တစ်ခုပင် ဖြစ်နေတော့သတည်း။ ။

5 comments:

မောင်မျိုး said...

စမ်းချောင်းထဲက လက်ဖက်ရည်ဆိုင်မှာ လာမေးတာဆိုတော့ ငါတော့ဟုတ်ဘူး တူတူတော့ထိုင်ဖူးတယ်ထင်ပါ့နော့်း) အစ်ကိုကတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့သူတိုင်းကို အားနေလို့ ထိုင်နေတယ်လို့ မထင်တော့ပါဘူး ခုနောက်ပိုင်း အစ်ကိုတို့ မြို့ကျဉ်းလေးမှာတောင် ဆိုင်ကယ်ပွဲစားတွေ အလုပ်အကြောင်းကိစ္စတွေကို လက်ဖက်ရည်ဆိုင်မှာတွေ့ကြတာကများတယ် ။ဆရာစိုင်းခမ်းလိတ် စကားကိုတော့ ကြိုက်သွားင်္ပြီး


““အဆူအပူခံကာ မှီခိုရာဌာန” ဖြစ် သော အိမ်ဧ။် လောင်းရိပ်အောက်မှ ခေတ္တခန လွတ်မြောက်ရာ လမ်းဖြစ်သောကြောင့်တည်း ““ တဲ့ ကြိုက်တယ် ညီရေ လက်ဖက်ရည်ဆိုင်ထိုင်တုန်းကဆိုတော့ မိုင်ရာ တို့ ၂ ယောက်ရည် အစ်ကို နဲ့ ညီရယ် စမ်းချောင်းက သူငယ်ချင်းတစ်ယောက်ဆီသွားလည်တုန်းက ထိုင်စောင့်ရင်းလက်ဖက်ရည်ဆိုင် ထိုင်ခဲ့ရတာကိုသွားသတိရတယ် စကားတွေပြောလို့ကောင်းချက်နော့် လုပြောရတဲ့အဖြစ် ပါဝါနဲ့ တစ်ယောက်က ပိုအပြောဆုံး အော် မေ့လို့ သူက ပါဝါနဲ့ကိုနော့် ဟိဟိ ။

နေမိုးဝေ said...

ရှင်းသန့်ရေ

မင်းက ငါရေးချင်နေတာတစ်ခုကို ဦးသွားပြီပေါ့။
““လက်ဖက်ရည်ဆိုင် သွားခြင်းသည် လက်ဖက်ရည်သောက်ချင်သောကြောင့်” ဟု ယူဆရန် မသင့်တော်သော အခြေအနေသို့ ရောက်သွားဧ။် ။ ”
ဆိုတာလေးကို သဘောကျသကွာ . . ။

“စီးပွားရေး ဦးပိုင် လက်ဖက်ရည်ဆိုင်”
ဆိုတာကလည်း တကယ်တမ်း ငါတို့တွေဒီလိုသဘောပေါက်ထားပေမဲ့
တယောက်ယောက် က လက်ညိုးထိုးပြောလာရင်
တာဝန်ယူလို့ ရပါ့မလား။
အဲဒီဆိုင်တွေ ဖြစ်လာတာ ဟိုးအရင် “သန်းကြွယ်”
ဆိုတဲ့ လဘက်ရည်ဆိုင် အုပ်စု ရှိတယ်။ ရန်ကုန်မြို့
နေရာတော်တော် များများမှာပါ့။ အဲဒီ ဆိုင်တွေကေ
“မဟာရန်ကုန်” ဆိုတဲ့ အမည် ပြောင်းသွားတာ ဘယ်အချိန်လောက် ကလဲတော့မသိဘူး ပြောင်းတော့ပြောင်းသွားတယ်။
အဲဒီကမှတဆင့် ကုဋေကြွယ် ရယ်လို့ ဖြစ်လာတယ်။
ဆိုင်တွေအများကြီးပဲ။ အဲဒီမှာ ရွှေဥမုန့်ဟင်းခါးရမယ်။
ဘေဘီအီကြာကွေးရမယ်။ ခိုင်သဇင်လဘက်ခြောက်သုံးမယ်။ ဆိုပြီး သတိထားမိလာတယ်။ ဘေဘီအီကြာကွေးကတော့ ဆိုင်တွေစဖွင့်တည်းက မရောင်းသေးဘူးနဲ့ တူတယ်။
ဆိုင်ခန်း အပြင် အဆင်တွေကတွေတူပြီးတော့ ကုဋေကြွယ် ဆိုတဲ့ အမည် ကနေ ခွထွက်လာတဲ့ဆိုင်တွေလည်း တွေ့ရတယ် အောင်စည်းဇိမ်၊လျှမ်းလျှမ်းတောက်၊ဂွတ်ဘရားသား၊ မင်းသီဟသူ အများကြီးပေါ့။ တစ်ခါက အလုံ ကွင်းကျောင်းထဲက
ကုဋေကြွယ် ဆိုင်တစ်ဆိုင်အသစ်ဖွင့်တော့ အဲဒီက
ထိုင်ခုံတွေမှာ ဦးပိုင် တံဆိပ်တွေ ကပ်ထားတာက စလို့ အဲဒီဆိုင်တွေက ဦးပိုင် ကဖွင့်တာဖြစ်မယ်လို့
ငါတို့ ယူဆခဲ့တာ။ တလောက သူငယ်ချင်းတစ်ယောက် လဘက်ရည်ဆိုင်ဖွင့်ချင်လို့
စုံစမ်းတော့ အဲဒီဆိုင်တွေကို ဦးပိုင်မှာလျှောက်ရတာ
မုန့်ဟင်းခါးချက်သမားရယ်၊ လဘက်ရည်ဖျော်ဆရာက
သူတို့ပေးတယ် လို့ လူပြောသူပြော နဲ့ သိရတယ်။တခြားငွေရေးကြေးရေးတော့ သိခွင့် မရလိုက်ဘူး။ ဟူး ညောင်းလိုက်တာကွာ

နေမိုးဝေ said...

ရေးချင်တာတွေ ရှိသေးတယ်
ရေးရင် နောက်ထက်အက်ဆေးတစ်ပုဒ်ရနိုင်တာမို့
ကိုယ့်ဟာကိုယ်ပဲ ရေးတင်တော့မယ်

Anonymous said...

အဲ့သည့်မြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင်ဆိုတဲ့ စာအုပ်ကလေး ငါ့ဆီမှာ ရှိသဟဲ့..။
ဖတ်ချင်ရင်တော့ ငှားမယ်။
အလကားတော့ ရဘူး။
ငါ့လည်း စာတစ်အုပ်ပြန်ပေးဖတ်...။ :)

ရည်မွန်

jr said...

စီးပွားရေးဦးပိုင် လက်ဖက်ရည်ဆိုင်တဲ့။
အမဖြင့် ခုမှ သိတော့တယ်။

ပြောင်းလဲလာတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သေချာဖတ်သွားပါတယ်။

ခင်မင်လျှက်
ဂျူ