Wednesday, August 4, 2010

စာသင်ခန်းထဲမှာ မရေးဖြစ်ခဲ့တဲ့ အက်ဆေး

စာစီစာကုံး (၁၅ မှတ်)
ဖြေဆိုချိန် ၄၅ မိနစ်

ခေါင်းစဉ် `ကျွန်တော်တို့ စာသင်ကျောင်း´
- မိမိတို့ ကျောင်းဧ။် ပတ်ဝန်းကျင်နှင့် ယင်းပတ်ဝန်းကျင် အပေါ်အမြင်ကို ရှင်းလင်းဖြေဆိုပါ။

ဒီနေရာမှာ ဓနရှင်လူတန်းစား ကို အားပေးအားမြှောက်ပြုတယ်။
ဒီနေရာမှာ အခွင့်အရေးနဲ့ အာဏာကို ကလိမ်ကကျစ်ဥာဏ် နဲ့ အသုံးချတယ်။
ဒီနေရာမှာ ရိုးသားမှု ခမ်းခြောက်နေတယ်။
ဒီနေရာမှာ တောတွင်းဥပဒေ ကို ဘုရားသခင်က ဖန်ဆင်းထားတဲ့ လက်နက် လို့ လက်ခံထားကြတယ်။
ဒီနေရာမှာ ဂုဏ်ပကာသန ရဲ့ အပုပ်နံ့ တို့ကို နံသာသဖွယ် အသုံးပြုကြတယ်။
ဒီနေရာမှာ အာဏာရှင်စနစ်ရဲ့ သားကောင်တွေပျော်မွေ့တယ်။
ဒီနေရာမှာ အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေရှိတယ်။
ဒီနေရာမှာ အာဏာရှင်စနစ် ကောင်းမွန်စွာလည်ပတ် စေနိုင်တဲ့ အကြောင်းတရားတွေရှိတယ်။
ဒီနေရာမှာ အမှားကို အများကလက်ခံနေသ၍ အမှန်ဖြစ်တယ် လို့ယူဆနေကြတယ်။
ဒီနေရာမှာ သေးနုတ်ညံ့ဖျင်းတဲ့ အသိဥာဏ်တွေ နဲ့ ဘ၀ကို တည်ဆောက်ဖို့ ကြိုးစားကြတယ်။
ဒီနေရာမှာ မိမိရဲ့ ပုဂ္ဂလတန်ဖိုးကို မိမိဘာသာ ဖျက်စီးဖြစ်နေကြတယ်။
ဒီနေရာမှာ တကိုယ်ကောင်းဝါဒ ထွန်းကားတယ်။
ဒီနေရာမှာ တန်ဖိုးဆိုတာ ငွေကြေးဥစ္စာ လို့ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။
ဒီနေရာမှာ လူတွေအားလုံး မိမိ ကိုယ်ကို ပျောက်ဆုံးနေကြတယ်။
ဒီနေရာမှာ ကျွန်တော်ဟာ အငွေ့ပျံ မပျောက်ကွယ်နိုင်တဲ့ ၀ိဥာဉ်အငွေ့အသက်အဖြစ်နဲ့သာ ရှင်သန်နေတယ်။

5 comments:

မောင်မျိုး said...

မပြင်းစားကြီးတွေပါလား .... ဘာပဲဖြစ်ဖြစ် စာသင်ခန်းထဲမှာဆိုရင်တောင် ဖတ်ခွင့်ရမှာမဟုတ်တဲ့ အက်ဆေး ကို ဒီမှာဖတ်ခွင့်ရလိုက်ပြီး ကျေးဇူးး။

နေမိုးဝေ said...

ဖတ်ရတာ အားမရဘူးကွာ
အခြေခံပညာ အထက်ကျောင်းတွေ အထူးစ၏သဖြင့် အစ်ကို့ ညီမလေး ဆီကတဆင့် မပုပ်နံ့ တွေ ပြန်ပြန်ကြားရတဲ့ (ဒဂုံ ၁ မှာ ကျောင်းအုပ်လုပ်နေတဲ့ )
အောင်ကိုကို ဆိုတဲ့ အကောင်ကြီးကို ကြားစေ့ချင်တယ်။
စာသင်ခန်းဆိုတာ အခုခေတ်မှာ ဒီမိုကရေစီ အလေ့အထ ကို စတင် ခုတ်ဖြတ် တဲ့ အစိုးရလက်ဝေခံ ဌာန ဖြစ်ခဲ့ တာကြာပေါ့ ညီလေးရေ။
အခု ကျောင်းမှာ လက်တလောဖြစ်ထားတဲ့ ကိစ္စ တစ်ခုကြောင့် မွန်းကြပ်နေတာ မင့်အက်ဆေးက မီးလောင်ရာလေပင့် ပါပဲ။ ဟူး :(

jr said...

ရမှတ်ကရော?

မျိုးထက်အောင် said...

သောက်ပီးသား ဘဲဥအခွံ

နန်းညီ said...

စကားလုံးတွေက ကြီးးးးး တော်မူလိုက်တာကွယ်