Wednesday, May 5, 2010

ကျွန်တော် “ရှိ” သော မိုးရာသီနှင့် ကျွန်တော် “သိ” သော မိုးရာသီ

ပြတင်းပေါက် က တဆင့် သေးသေးပြောက်ပြောက် ကြယ်ကလေး လေး၊ငါး ခု ၀ါးတ၀ိုးမြင်နေရသည်။
ပြတင်းပေါက် က တဆင့် မြေသင်းနံ့ နှင့်အတူ လေနုအေးတွေ ခြေသံတိတ်တဆိတ်နဲ့ ၀င်လာကြသည်။
ထိုနေ့က မိုးရွာဧ။် ။

မိုးရွာထဲတွင် လမ်းလျှောက်ထားသော ကျွန်တော့်အဖို့ ရေနွေးကြမ်းတအိုး နှင့် စောင်ပါးပါးတထည် ကို အလိုရှိလှဧ။် ။

“မိုး” နှင့်အတူ “လေ” သည်လည်း အနည်းငယ်ပြင်းထန် သည်။ထိုကဲ့သို့သော မိုးရွာထဲ တယောက်တည်း လမ်းလျှောက်ခြင်း ကို အန္တရာယ်များသည် ဟု ဆိုကြသော်လည်း “မသိခြင်းတရား” ဧ။် အန္တရာယ်ကိုတော့ မည်သို့သောသူက ကြောက်ရွံ့ စိုးရိမ်ကြမည်နည်း။

မိုးရေ စိုရွှဲနေသော ကျွန်တော့်ခန္ဓာသည် အေးမြနေဧ။် ။ ကျွန်တော် လျှောက်နေသော လမ်းမပေါ်တွင် မိုးရွာသောကြောင့်လားမသိ လူမရှိ။ ထို့ကြောင့် ကျွန်တော့် စိတ်ဝိဥာဉ်သည်လည်း အေးမြနေဧ။် ။
မိုးရွာထဲတွင် လမ်းလျှောက်ထွက်ရခြင်းဧ။် အရသာကို သိလိုပါက ကိုယ်တိုင် လမ်းလျှောက်ထွက်ကြည့်ခြင်းဖြင့်သာ သိနိုင်ဧ။် ။ နှုတ်ဖြင့် တဆင့်ပြန်ပြောပြခြင်းသည် လည်းကောင်း၊ စာဖြင့် တဆင့်ပြန်ဖော်ပြခြင်းသည်လည်းကောင်း ခံစားမှုကို တိကျစွာ ပြန်လည် မပေးဆောင်နိုင်။

မိုးရာသီ တွင် ကျွန်တော့်အတွက် လိုအပ်မည်ဟုထင်သော အရာများကို အနီးစပ်ဆုံး တွေးကြည့်မိဧ။် ။
ခေါက်ထီးတလက် နှင့် ရာဘာဖိနပ် လား?
စောင်ပါးပါးတထည် နှင့် စုံထောက်ဝတ္ထု လား?
ပန်းဆိုးတန်းက လက်ဖက်ရည် ကျကျတခွက် နှင့် ရေစိုနေတဲ့ ဗိုလ်အောင်ကျော်လမ်း လား?
ရေနွေးကြမ်း နှင့် နံပြားပျော့ပျော့တချပ် လား?
အတိဿရရာသီ ကဗျာစာအုပ် နှင့် ပဒီးပဒါးစကားတွေ လား?

ကျွန်တော့်ဧ။် သိမှုနယ်ပယ်တွင် ရှိသော မိုးရာသီဧ။် မိုးရေချိန်လက်မများကို တိုင်းရာ၌
-ကျွန်တော့်ဆံပင် နှင့် ဂျင်းဘောင်းဘီအနားတွင်စိုစွတ်နေသော ရေပမာဏဖြင့်လည်းကောင်း
-မိုးရေကြောင့် လှပနေသော သစ်ပင်တို့ဧ။် စိမ်းစိုမှုဖြင့်လည်းကောင်း
-ဖါးအော်သံ တို့ဖြင့် လည်းကောင်း တိုင်းတာပါမည်။

ကျွန်တော့် စိတ်ဝိဥာဉ် စိုစွတ်ရန်အတွက် လိုအပ်သော မိုးရေချိန်လက်မ ပမာဏကို တော့ ကျွန်တော်ကိုယ်တိုင်ပင် မသိနိုင်ပါ။

5 comments:

ပန်းခင်းလေး said...

မိုးရွာထဲမှာ လမ်းလျှောက်ရတဲ့ အရသာကို
အမတော်လည်းသိတယ် မောင်လေးရေ . . .
လောလောဆယ်မှာတော့  မိုးရွာဖို့ ကိုပဲ
မျှော်လင့် နေမိတာ .. ရာသီဥတုက အရမ်းပူနေလို့ 

ဒါနဲ့ စကားမစပ် post ထဲမှာလဲ နံပြားပါသေးတယ်နော် .. :)အဲ့ လောက်တောင်
ကြိုက်တယ်ပေါ့  :)

littlebrook said...

မိုးရွာထဲလမ်းလျောက်တာထက် မိုးသည်းသည်းရွာနေတုန်း စာအုပ်နဲ့ အိမ်ကပြင်မှာ ကွေးရတာပိုကောင်း ... ရေနွေးကြမ်းနဲ့ နံပြားကို အနားထားထားလေ လိုရင် ဆွဲစားရအောင်

လိုအပ်တဲ့မိုးရေချိန်ကတော့ မင်းစိတ်ထဲတော်ပီလို့ယူဆတော့မှသား)

Maung Myo said...

သိပ်တောင် လိုက်မမှီချင်တော့ဘူး =)

mirror said...

မောင်မျိုး..သူငယ်ချင်း..ငါလဲ နင့်လိုပဲ။
သူရို့ ပိုစ့်မော်ဒန်))) သမားတွေကို တို့ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဘယ်လိုက်မှီလိမ့်မတုန်းး)))

jr.lwinoo said...

မိုးအကြောင်းရော နွေအကြောင်းရောဖတ်သွားပါတယ်။
ဖတ်လို့ကောင်းတယ်ရော။
ဖတ်ရတာ နည်းနည်းလေး တိုတယ်။