Tuesday, June 23, 2009

စစ်တမ်းကောက်ယူခြင်း

ခေါင်းစဉ် ရန်ကုန်မြို့တွင်နေထိုင်သူတို့ဧ။် ရန်ကုန်မြို့အပေါ် သဘောထား

ရေးသားရန် အကြောင်းအရာများ (Topic Guide)
(၁) နေထိုင်မှု
(၂) စားသောက်မှု
(၃) သွားလာမှု
(၄) ဆက်သွယ်မှု
(၅) ပညာရေး
(၆) ကျန်းမာရေး
(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။

(၁) နေထိုင်မှု
- ငှားရမ်းနေထိုင်ခြင်း
- ဆွေမျိုးများနဲ့ အတူ နေထိုင်ခြင်း
- အိုးအိမ်ပိုင်နဲ့ နေထိုင်ခြင်း

(၂) စားသောက်မှု
- အပြင်တွင် စားသောက်သည့်အခါ ကုန်ကျစရိတ်
- အိမ်တွင် မိသားစုနဲ့အတူ စားသောက်သည့်အခါ ကုန်ကျစရိတ်

(၃) သွားလာမှု
- ဘက်စ် စီး ခြင်းအပေါ် သုံးသပ်ချက်
- ကိုယ်ပိုင်ကား စီး ခြင်း အပေါ် သုံးသပ်ချက်
- မြို့ပတ်ရထား စီး ခြင်း အပေါ် သုံးသပ်ချက်

(၄) ဆက်သွယ်မှု
- မိုဘိုင်းဖုန်း အသုံးပြုခြင်း
- Dial ဖုန်း အသုံးပြုခြင်း
- အင်တာနက် အသုံးပြုခြင်း

(၅) ပညာရေး
ရန်ကုန် ပညာရေး နှင့်ပတ်သတ် သည့် အမြင်

(၆) ကျန်းမာရေး
ရန်ကုန်မြို့ ရှိ ကျန်းမာရေး ၀န်ဆောင်မှု အပေါ်အမြင်

(၇) လူမှုရေး
- ရန်ကုန်မြို့ ဧ။် လူမှုဆက်ဆံရေး ပုံစံ နှင့်
ထို ဆက်ဆံရေးပုံအမြင် ၊
- ရန်ကုန် လူ့အဖွဲ့အစည်း အပေါ်အမြင်

နှင့် အတူ

ရန်ကုန်မြို့ကို မြန်မာပြည်ဧ။် မြို့တော် အဖြစ်မှ ပြောင်းလဲလိုက်ခြင်းအပေါ် မည်သို့ ထင်မြင်ပါသလဲ ?

ဆိုသည့် အကြောင်းအရာများကို အကို၊အမ ၊ အန်တီ ၊ အန်ကယ် တို့ ထင်မြင်သမျှ
ရေးပေးရန် ဖြစ်ပါသည် ။
(တခြား မိမိ အမြင်များကိုလည်း ထည့်သွင်းနိုင်ပါသည် ခင်ဗျားးး )

Tag စာရင်း

Little Brook
အန်တီနန်းညီ
မအိဖူး
ကိုနေမိုးဝေ
ကိုဂစ်တာ
ကိုဗညား တို့ ဖြစ်ပါသည် ။

PS: ကြာသပတေးနေ့ ညနေခင်း အပြီးရေးပေးပါရန် ဂျီကျ အပ်ပါသည် ။

8 comments:

ကိုလူထွေး said...

?

:o)

NangNyi said...

အင် !!

ကိုလူထွေး said...

အဲလိုအကျပ်ကိုင်တာတော့ မကောင်းဘူးလေ... သူတို့မအာတာမျိုးဆို ဘီလိုလုပ်မီလဲ...
လွတ်လွတ်လပ်လပ် ရေးပါစေ...

http://koluuhtwe.blogspot.com/2009/06/rangoon.html

ကိုလူထွေး said...

နောက်ပြီးတော့...
ကတိုက်ကရိုက်ထွက်လာတဲ့ အဖြေက
စိန်ပြေနပြေ ထွက်လာတဲ့ စာလောက်တော့ ကောင်းမှာ မဟုတ်...

(အကြံပြုသွားခြင်း)

းဝ)

Anonymous said...

တခုမှ မကောင်းတာတော့ သေချာတယ်ဗျ။ ဘာတခုမှကို အကောင်းမြင်လို့ မရဘူး၊ ဒါကလဲ သူများနိုင်ငံမှာနေပြီး ကိုယ့်နိုင်ငံ အထင်သေးတာတော့ မဟုတ်ဘူး၊ သူများနိုင်ငံ အထင်ကြီးလို့ ပြောတာလဲ မဟုတ်ဘူး။ မြင်မိတာ၊ ခံစားမိတာကို ဒဲ့ပြောတာပါ။ ဒီတော့ ဘာတွေကောင်းနေလဲ ဆိုတာ ရေးမဲ့သူတွေအပေါ် စိတ်ဝင် တစား စောင့်ဖတ်မယ်ဗျား...။

Anonymous said...

မြန်မာ လူမျိုးတွေဟာ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ရှိတာကြောင့် ဘယ်လိုအနေအထား မျိုးနဲ့ပဲ နေနေ၊ အဆင်ပြေတတ်ကြပါတယ်။ ဒီတော့ အိမ်ငှားပဲနေနေ၊ ဆွေမျိုးတွေနဲ့ပဲ နေနေ၊ အိုးပိုင်၊ အိမ်ပိုင်နဲ့ပဲ နေနေ၊ ဘာမှပြဿာနာ မရှိကြပါဘူး။ ပြဿာနာရှိတာက ရှေ့ဆက်ပြီး ဒီအိမ်ကို ပြောင်းခိုင်းမလား၊ ဖျက်မလား၊၊ အပိုင်သိမ်းခံရမလား၊ မုန်တိုင်းပဲ ဝင်မွေ့မလား၊ ငလျင်ပဲလှုပ်မလား၊ မီးကွင်းပဲ အပစ်ခံရမလား၊ စတာတွေကြောင့် ဘယ်မှာပဲ နေနေ၊ စိတ်ချလက်ချနေလို့ မရပါဘူး။

အစားအသောက်နဲ့ ပတ်သက်ရင်တော့ အပြင်မှာပဲ စားစား၊ အိမ်မှာပဲ စားစား သေချာရေရာတဲ့ စစ်ဆေးချက်၊ အာမခံချက်တွေ မရှိတာကြောင့် ဘယ်လောက်ပဲ ဈေးကြီးတဲ့ အစားအစာပဲ စားစား၊ ဘေးဒုက္ခ ရောဂါဆိုးတွေ ဝင်လာရင်တော့...........................................................................။

သွားလာမှုကလဲ ပြောကြေးဆို ဘတ်စ်ကား ဆိုရင်.. ဂက်စ်နဲ့သွားတဲ့ကားတွေ အတော်များများမှာ လုံခြုံစိတ်ချရတဲ့ အနေအထားမရှိပါဘူး၊ အထူးသဖြင့် အများခေါ်နေကြတဲ့ ဂျပန်ကားကြီးတွေပေါ့... ထွက်ပေါက်က တပေါက်ထဲ လုပ်ထားပြီး အရေးပေါ်ထွက်ပေါက်တွေကလဲ ပြုတ်ထွက်မှာ စိုးလို့ ဂဟေဆော် ထားတော့ တခုခုများဖြစ်ခဲ့ရင် လူတွေကို အရှင်လတ်လတ် မီးလောင်တိုက် သွင်းထားသလို၊ လူသေထည့်တဲ့ အခေါင်းထဲ ဝင်စီးနေရသလို ခံစားရပါတယ်။

အငှားယာဉ် ဆိုရင်လဲ ထိုနည်း၎င်းပါပဲ၊ ဂက်စ်အိုးကြီးနောက်မှာထားစီးရတာ အင်မတန်မှ ကျောချမ်းစရာပါ၊ လမ်းတွေကလဲ ချောမွေ့လွန်းတော့ အသံကြားရင် နောက်ခဏခဏလှည့်ကြည့်ပြီး ဘုရားတ စီးလာရတဲ့ ခရီးသည်အတွက် ဥပုဒ်နေ့တိုင်း ဘုန်းကြီးကျောင်းသွား ဥပုဒ်စောင့်စရာ မလိုအောင် အလိုလိုနေရင်း ကုသိုလ်ရကြပါတယ်။

ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုပြန်တော့ အရမ်းချမ်းသာတဲ့လူတွေ အတွက် ဆီဖိုးဆိုတာ ကလေး မုန့်ဖိုးပေးသလောက်တောင် မရှိပေမဲ့ သာမန်လူတန်းစား ယာဉ်ပိုင်ရှင်တွေ အတွက်ကတော့ ဆီဖိုးမတတ်နိုင်ကြပါဘူး၊ တချို့ဆို ရေထည့်မောင်းလို့ ရရင်ကောင်းမယ်လို့တောင် ပြောကြပါတယ်။ တကယ်တမ်းကျတော့ ရေထည့်မောင်းလို့ ရတယ်ပဲထား အဲဒီ ရေ ကလဲ ရှားပါးပစ္စည်းပဲ ဖြစ်နေပြန်တော့လဲ................................။

ဆက်သွယ်ရေး အကြောင်းကတော့...... မိုဘိုင်းဖုန်း ၂လုံးဟာ တလုံးနဲ့ တလုံး ပေ၂၀ ပဲကွာဝေးတဲ့နေရာကနေ လှမ်းဆက်တာတောင် လူကြီးမင်းခေါ်ဆိုသော ဂျီအက်အမ် တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသောကြောင့် ခေါ်ဆို၍ မရနိုင်ပါရှင် တဲ့...။
ဒိုင်ယယ်ဖုန်းတွေကတော့ ဒေါင်းတောင်လို့ ခေါ်တဲ့ မြို့ထဲမျာတော့ မသိဘူး မြို့ပြင်ကျတဲ့ ဒဂုံလိုနေရာမှာ အနဲဆုံး တလမှာ တခါ ဆက်သွယ်ရေး ဝန်ထမ်းကို ၃၀၀၀နဲ့၅၀၀၀ကြား သွားရောက်ပူဇော်ရပါတယ်။ မပူဇော်ရင် လိုင်းမင်းများက စိတ်တော်ဆိုးတော်မူတဲ့အတွက် လိုင်းဖြတ်တတ်ပါတယ်။ သွားရောက်တောင်ပန်ပြီး ပူဇော်ပသလိုက်ရင်တော့....................................................။
အင်တာနက်ကတော့ သုံးတောင်မသုံးရသေးဘူး အဆက်ဒီနိုင်းတဲ့၊ ကွန်နက်ရှင်အား မကောင်းလို့တဲ့၊ မီးပျက်နေလို့တဲ့၊ ကိုယ့်မေးလေး တခါဖွင့်ဖို့ တနာရီလောက် ကြာအောင် စောင့်ဆိုင်းရတယ်တဲ့....၊

ပညာရေး အနေနဲ့ကတော့ ခုနောက်ပိုင်းလူငယ်တွေ အတော်များများပေါ့လေ.... မေးကြည့်တာမှာ မင်းဘာတတ်ခဲ့သလဲမေးရင် ဟင့်အင်း ဘာမှန်းကို မသိလိုက်တာ၊ ဘာပဲပြောပြော ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့ တနေရာတော့ တိုးလာတာ အမှန်ပါပဲတဲ့။

ကျန်းမာရေး အနေနဲ့ပြောရရင်တော့ ပြည်သူ့ဆေးရုံတွေမှာ အပ်ကအစ ဆိုင်မှာ သွားဝယ်နေရတာလေ၊ ဆေးရုံက ဟိုတယ်လိုပဲ နေဖို့၊လဲလှောင်းဖို့ ကုတင်၊နဲ့ ဆရာဝန်၊နပ်စ်မတွေပဲ ရှိတာ၊ ကျန်တာ ကိုယ်သမိုင်းကိုယ်ရေးနေကြရတာပါ။

ရန်ကုန်မြို့ရဲ့ လူမှုဆက်ဆံရေးကဆိုရင်ဖြင့် ဟိုးအရင်တုန်းကပေါ့လေ ဘယ်အိမ်မှာဝင်ပြီး ထမင်းတလုပ် မဟုတ်တောင် ရေတမှုတ်အတွက် တောင်းတောင်း ရပါတယ်။ ခုခေတ်ကတော့ အိမ်ရိပ်ကလေး နင်းမိတာတောင် အိမ်ရှင်တွေ ကြည့်တဲ့ မျက်လုံးတွေက ဒီကောင် သူခိုးလား၊ ဂျပိုး၊ သူတောင်းစားလား၊ လူလိမ်လား၊ဆိုတဲ့ အကြည့်မျိုးတွေပါ။
ပြောရရင် ဒါကလဲ အပြစ်တော့ မဟုတ်ပါဘူး လူတွေကလဲ အမြီးကျက်အမြီးစာ၊ ခေါင်းကျက်ခေါင်းစား ဖြစ်နေကြပြီကိုး.....။ တချို့ကျတော့လဲ လိမ်စားနေတာ မဟုတ်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လိမ်သလိုဖြစ်သွားတာတွေလဲ အများကြီးပါ။ တချို့ကိုယ့်ဝမ်းပူဆာ မနေသာ ဆိုသလိုပဲ မလိမ်ချင်ပဲ လိမ်လိုက်ရတာတွေလဲ ဒုနဲ့ဒေးပါ။

နောက်ဆုံးအချက် ရန်ကုန်ကိုမြို့တော်အဖြစ်မှ ပြောင်းလဲလိုက်တာကတော့ အရူးထခြင်းတမျိုးပါ။ ဒီလောက် ကုန်ကြောင်း၊ရေကြောင်း၊လေကြောင်း သင့်တဲ့ နေရာကိုမှ မြို့တော် အဖြစ်မှ ရုပ်သိမ်းတယ်ဆိုတော့............................အများပြောကြတဲ့ စကားနဲ့ပြောရရင်တော့ အမေရိကန်ကိုကြောက်တာပါသလို၊ ပြည်သူတွေကို ကြောက်တာလဲပါပါတယ်၊ အမှန်တော့ မိုးကြိုးပစ်တာကို ထန်းလျှက်နဲ့ ကာလိုက်တာပါပဲ။
ဒီလောက်ပါပဲ ကိုရှင်းသန့်ရေ

sait phay yar said...

အင်း... ဘာပြောရမလည်းမသိလို့ မောင်အိမ်ရေ..
ရေ...

Anonymous said...

အန်တီ ဖက်သွားတယ်နော်...