Friday, June 26, 2009

ကိုးရိုး ကားယား ပုံရိပ်

မပုကြွယ်နဲ့ ခရုငယ်တဲ့ . . . . ။
ငယ်ငယ်တုန်းက တော်တော်ရေပန်းစား တဲ့ ကျောင်းပုံပြင်လေးပေါ့။ အဲဒီပုံပြင်လေး သင်ခဲ့ရတာ ၁ တန်း လား ၊ ၂ တန်း လား တောင် မမှတ်မိတော့ဘူး။
ခရုလေး အကြောင်း အဲဒီတုန်းက အိပ်မက်တောင် မက် တယ်။ ခြံစည်းရိုး တိုင်ပေါ် တက်လိုက် ၊ ပြုတ်ကျ လိုက်နဲ့ ။
နောက်ပိုင်း ကျတော့ အဲဒီခရုလေးလိုပဲ ကျွန်တော်လည်း ခဏ ခဏ ပြုတ် ကျတယ်။
သူလိုပဲ ပြန်တက်ပေါ့ ။ ပြုတ် ကျ လိုက် ၊ ပြန်တက်လိုက် ပဲ ဆိုပါတော့ ။ ဘာတွေပေါ်ကနေ ကျပြီး ဘာတွေပေါ် ပြန်တက်နေမှန်း (အမှန်အတိုင်း ပြောရရင်) ကိုယ့်ကို ကိုယ်မသိဘူး။
ဟုတ်တယ်ဗျ . . ။ တစ်ခါတစ်လေ စိတ်ဓါတ်ကျတယ် ၊ ကိုယ့်ကို ကိုယ် ပြန်ထိန်းရင်း ဘယ်ကို တက်နေမှန်းမသိဘူး။

ပုံပြင်ထဲမှာတော့ ခရုလေးက ကျလိုက် တက်လိုက်နဲ့ ခြံစည်းရိုးထိပ် ရောက်သွားတယ်တဲ့ ။ တော်တော်ဂွကျတာပဲ ဗျာ ။ အဲဒီခရုက ခြံစည်းရိုးပေါ် ဘာ တက်လုပ်မှာလည်း မသိဘူး နော် ။

4 comments:

Anonymous said...

ဘဝဆိုတာ ဒီလိုပဲ ........။

ကိုလူထွေး said...

ကိုရီးယားကားထဲက ပုံရိပ်ဆိုလို့...

းဝ)

lovelessguiter said...

တကယ်တော့ ခရုဆိုတာ လုံချည်ဟ..... ငါရောင်းနေတာ....လာဝယ်ဦး...ဟိ
(ကြော်ငြာဝင်တာ..ဂွင်တည့်လို့.... ဟိ... )

little brook said...

စီစီဖတ်ရဲ့ ဒဏ္ဍာရီထဲကလိုပေါ့ .. ကျောက်တုံးကြီးကို အပေါ်တွန်းတင်လိုက် အပေါ်ရောက်ရင် ပြန်လှိမ့်ကျလာလိုက်နဲ့ ... ဘယ်တော့ဆုံးမယ်မှန်းလဲ မသိ..
သေမှပါ..
အေးနော် ဒီခရုတိုင်ထိပ်တက်ပြီး ဘာလုပ်တာလဲ.. အလကား အားကုန်လို့