Wednesday, March 4, 2009

အဝှေ့ခံလိုက်ရသော ကျွန်တော်

တစ်နေ့က ကျွန်တော် မြစ်ကူးတံတားကို ကားဖြင့် ဖြတ်သွားစဉ် တွေ့လိုက်ရသော မြင်းကွင်းတစ်ခု …………… ။

မြစ်ကမ်းစပ် တစ်နေရာ ရှိ သစ်ပင်တစ်ပင်တွင် ပေ ၁၀ ခန့်ရှည်သော ကြိုးဖြင့် နွားတစ်ကောင်ကို ချည်ထားလေသည်။ နွားထီး တစ်ကောင်ဖြစ်ဧ။် (အညာသားဖြစ်၍ နွားထီး၊ နွားမ ခွဲတတ်ပါသည်) ။ အနီရောင် အဆင်းရှိဧ။် ။ စိုပြည်လုံးချောဧ။် ။

မြစ်ကမ်း နံဘေးတွေရှိသော မြက်ခင်းစိမ်းစိုစို ကို ကြည်နူးစွာ စားသုံးနေပုံရသည်။

ထိုစဉ် . . . အညိုရောင် ရှိသော နွား နှစ်ကောင်သည် အရှိန်အဟုန် ဖြင့် နွားနီထံ ပြေး၍ ဝှေ့ လေသည် ။ မည်သို့သော ရန်ညှိုး ၊ မည်သို့သော ရည်ရွယ်ချက်ကြောင့် ဝှေ့သည်ကိုတော့ ကျွန်တော်မသိ။ တရားမျှတမှုမရှိ စွာ ဝှေ့နေသည် ဟုသာ ကျွန်တော် သိဧ။် ။

နွားနီသည် ကြိုးဧ။် ဖမ်းချုပ်ထားမှုကြောင့် မလွတ်လပ်သော အနေအထားတွင်ဖြစ်ဧ။် ။ နွားညို နှစ်ကောင်မှာ နှောင်ချုပ်ထားသော ကြိုးများမရှိ ။ ပြီးတော့ နှစ်ကောင်ဖြစ်သောကြောင့် အင်အားများ သည် ဟု ဆိုချင်သည်။ ထိုကြောင့် အင်အားချင်းလည်း မမျှတ ။

နွားနီ သည် ပြန်ဝှေ့နိုင် စွမ်းမရှိသည့် အပြင် ၊ ကာကွယ်နိုင် စွမ်း လည်း မရှိ။ ထို့ကြောင့် နွားညို နှစ်ကောင်က အညှိုးအတေး ကြီးစွာ ဖြင့် စိတ်ကြိုက် ဝှေ့နေလေဧ။် ။ နွားနီဧ။် ဗိုက် ၊လည်ပင်း နှင့် တင်ပါးတို့တွင် သွေးများပင် ထွက် လာလေသည် ။ကြိုးက ဖမ်းချုပ်ထားသောကြောင့် လည်ပင်း ဆန့်ပြီး သာ အလူးအလဲ ခံနေရလေသည် ။ မည်သို့သော တုံ့ပြန်ခွင့် ၊ မည်သို့သော ကာကွယ်ခွင့်တို့မျှ မရှိချေ။

ဤသို့ သောမြင်ကွင်း သည် ကျွန်တော့်စိတ်ကို ဂယက် ရိုက်လာလေဧ။် ။ စိတ်ထဲတွင် ဒေါသဖြစ်သလိုလို ၊ အားမလို အားမရ ဖြစ်သလိုလို ၊ တုန်လှုပ်သလိုလို ၊ ၀မ်းနည်းသလိုလို နှင့် ခေါင်းစဉ်တပ်မရအောင် ခံစားလိုက်ရသည် ။

တံတားအောက်မှ အဖြစ်အပျက်ကို တံတားပေါ်မှ ကားစီးရင်း မြင်လိုက်ရခြင်းဖြစ်သည်။

မမျှမတ အဝှေ့ ခံနေရသော နွားနီ အတွက် စိတ်မကောင်းဖြစ်မိဧ။် ။ နိုင့်ထက်စီးနင်း ၊ အင်အားနဲ့ အခွင့်အရေးကို အသုံးချပြီး ရက်စက်စွာ တိုက်ခိုက်နေသော နွားညိုနှစ်ကောင်ကို မုန်းတီး မိဧ။် ။

ကျွန်တော့်ဧ။် စိတ်ကူးထဲတွင် ထိုနွားညိုနှစ်ကောင်ကို သူတို့ ရက်စက်သလို ပြန်လည် ရက်စက်စွာ တုံပြန်ချင်သည် ။ တစ်နည်းအားဖြင့် နွားနီခံစားရသလို ပြန်ခံစားရအောင် လုပ်ပစ်လိုက်ချင်သည် ။
ကျွန်တော် ထိုမြင်ကွင်းကို ကျော်လွန်ခဲ့လေပြီ။

သို့သော် . . . . . ကျွန်တော့် ရဲ့ အတွေးတွေက ဆက်လက် ချီတက်နေလေသည်။ ချီတက် နေသော ကျွန်တော့်အတွေးကို ခဏရပ် ၊ ကိုယ့်စိတ်ကို ပြန်သုံးသပ်ကြည့်လျှင် . . . . ။

ကျွန်တော် နွားနီအစား ကလဲ့စား ချေချင်သည် ။ နောက်တစ်ခါ ဒီနွားညိုတွေ နိုင့်ထက်စီးနင်း မလုပ်ဝံ့အောင် ဆုံးမချင်သည် ။

“ဒါပေမယ့် ကျွန်တော် နွားညိုတွေကို သူတို့ရက်စက် သလို ပြန်ရက်စက် လိုက်မည်ဆိုလျှင် တရားမျှတ ပါ့မလား ?”

“တရားမျှတချင်လို့ ကလဲ့စားချေတယ်ဆိုတာ ကလည်း မှန်ကန်တဲ့ လုပ်ရပ် ဖြစ်နိုင်ပါ့မလား ?”

“ ဒါဖြင့်ရင် တရားမျှတခြင်းနဲ့ အမှန်တရား ၊ အမှန်တရားနဲ့ တရားမျှတခြင်း ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်တည်နေကြတာပါလိမ့် ။
တရားမျှတမှုတိုင်းက အမှန်တရား ဟုတ်ပါ့မလား?
အမှန်တရားတိုင်းက ရော တရားမျှတနိုင်မလား? ”

ကျွန်တော့်ကို ကျွန်တော် ပြန်မေးနေမိသည်။

(၀န်ခံချက်။ ။ ဒီစာတွင် အစပထမက “ဝှေ့” ဆိုသော စကားလုံးကို “ခွေ့” လို့ သုံးထားပါသည်။ ကိုနေမိုးဝေ ပြောပြမှ အမှန်းအတိုင်းသိသော ကြောင့် ပြန်လည် ပြင်ဆင်ထားပါတယ်ခင်ဗျာ )

15 comments:

NangNyi said...

တရားမျှတတိုင်း မမှန်သလို အမှန်တွေတိုင်းလည်း မတရားဘူးဟ
နင်မှန်တယ်
ဒါမေးသင့်တဲ့မေးခွန်း..
ဒါပေမယ့် ငါ့ဆီမှာတော့ အဖြေမရှိသေးဘူးကွယ် ..

Anonymous said...

ကောင်လေးလည်း အတွေးတွေနဲ့ အထာလေးတွေနဲ့ပါလားကွဲ့း) မိုက်တယ် ညီရေ့ တစ်ခါခါတော့လည်း မတရားတာတွေကို မြင်တွေ ကြားသိ ကြုံနေရပေမယ့် ပြောပိုင်ခွင့်မရှိရင်ကော အစ်ကိုတို့လည်း နွားညိုလို မမြင်နိုင်တဲ့ သွေးတွေ မယိုစီးနေဘူးလို့ ဘယ်သူပြောနိုင်မလဲ ။

flowerworld said...

နာ့မောင်လေးကတွေးတတ်လိုက်တာ တော်တယ် အဟဲ အဖြေပေးဖို့တော့ မရှိသေးဘူးဟာ ဟီးးးးးးးးး

Welcome said...

တရားမျှတတယ်ဆိုတိုင်းလည်း
အမှန်တရားလို့ မထင်ပါနဲ့။
အမှန်တရားလို့ ဆိုတိုင်းလည်း
တရားမျှတတယ်လို့ မယူဆပါနဲ့။
ဘာကြောင့်လဲဆိုတော့
မူကောင်းပေမယ့်
လူမကောင်းလို့ပါ .. ဒီလိုပဲမှတ်ယူမိပါတယ်။

Anonymous said...

တကယ်ဆို အဲဒါဟာ ဖြေရှင်းမရတဲ့ပုစ္စာ။
နွားနီလိုလည်း အချည်နှောင် မခံရအောင်နေရင်
နွားညိုတွေလိုလည်း အားနည်းသူကို အနိုင်မကျင့်တတ်တဲ့ အသိစိတ်ရှိနေရင်
တချိန်မှာတော့ မျှတမူတွေရှိလာမှာပါ။

JulyDream said...

အမှန်တရားအတွက် ကိုယ်နိုင်တဲ့ဝန်ကို နိုင်သလောက်လေး တရားမျှတစွာ လုပ်ကြတာပေါ့ဗျာ။

လုပ်နိုင်တာကို နိုင်သလောက်ပဲ လုပ်ပါ။ မနိုင်ရင် မလုပ်ပါနဲ့။ အဲဒီလို မလုပ်ခဲ့လို့ တရား မမျှတဘူးလို့လည်း မပြောကြဖို့လည်း လိုအပ်ပါတယ်။

အိဖူး said...

ဟုတ်ပါတယ်လေ .. ကိုယ်ယုံကြည်တိုင်းလည်း အမှန်တရားမဟုတ်သလို အမှန်တရားတိုင်းလည်း မတရားဘူးမဟုတ်လား ... မြင်ကွင်းကို ကိုယ်တိုင်မြင်ရင်တော့ အဖြေကတစ်မျိုးဖြစ်လာဦးမလားမသိဘူးနော် ..

My Diary said...

ဘာပြောရင်ကောင်းမလဲစဉ်းစားရင်းနဲ့
မပြေပဲထားတာက ပိုကောင်းမယ်ထင်လို့
ဘာမှ မပြောခဲ့ပဲ ပြန်သွားတယ်

လွမ်းသုရင် said...

အစ်မတော့ ဘာမှမပြောတတ်တော့ဘူး မောင်လေးရေ...

lovelessguiter said...

ပို့စ်လေးကို တော်တော်သဘောကျတယ်ဗျ.... ကျွန်တော်လည်း အရမ်းအတွေးများလို့လားတော့မသိ
အတွေးလေးတွေကို တော်တော် သဘောကျတယ်...
တရားမျှတမှု တိုင်းက အမှန်တရားမဟုတ်နိုင်သလို
အမှန်တရားတိုင်းလည်း တရားမမျှတနိုင်ဘူးလို့ ထင်တာပဲနော်....

Anonymous said...

ဟုတ်တယ်... ဒီလိုပါပဲ ခံနေရတာမြင်တွေ့နေပေမဲ့ ကိုယ်မကူညီနိုင်တဲ့
အတွက် ဘာမှမတတ်နိုင်ဘူးဗျ။ သင်ခန်းစာတော့ ရသွားတာပေါ့။

ဝေလေး said...

အမှန်တရားတိုင်းက တရားမျှတမှုမဟုတ်နိုင်သလို
တရားမျှတမှုတိုင်းက အမှန်တရားမဖြစ်နိုင်ဘူး ထင်ပါရဲ့။ တရားမျှတချင်လို့ ကလဲ့စားချေတယ်ဆိုတာကတော့ မှန်ကန်တဲ့လုပ်ရပ်မဖြစ်နိုင်ဘူးလို့ထင်တယ်။

သစ်နက်ဆူး said...

ညီိလေးရေ..
နွား၃ကောင်ဖြစ်နေတဲ့ ပြသနာနဲ့ မမျှတမှုကို
မတရားခြင်း...တရားမျှတခြင်း...လက်စားချေခြင်းဆိုတဲ့ ဘောင်ထဲက တွေးနေမယ့်အစား..
ညီလေးစာကိုဖတ်ရင်း...ချက်ခြင်းလက်ငင်း မတရားဘူးထင်ရင် ၀င်ဖိုက်တတ်တဲ့ 
တိုက်နွားတစ်ကောင်ဘဲ ဖြစ်ချင်တယ်...။
နွားပြသနာကို နွားသီအိုရီ..နဲ့ ရှင်းရင်...
တရားတယ်..။

မွန် said...

နွားနီကြီးကရော အရင်ကဘာလုပ်ခဲ့လဲမသိတာ လောကမှာ တရားသူကြီးမလုပ်ရဲတဲ့ ကိစ္စတွေများသား အခြေမပေါ်တဲ့အတွေးတွေနဲ့ပေါ့

ကိုလူထွေး said...

အမှန်နဲ့ အမှားဆိုတာ ကြည့်တဲ့သူရဲ့ အမြင်နဲ့ အယူအဆပေါ်မူတည်ပြီး အမျိုးအမျိုး ပြောင်းလဲတတ်ပေမယ့်...

တရားမျှတမှုဆိုတာကတော့ တစ်ခုပဲ ရှိပါတယ်ဗျို့...