Sunday, February 15, 2009

ဝါသနာ ပါ ပါသည်

ကျွန်တော် လည်း ဓါတ်ပုံ ရိုက်တာ ၀ါသနာ ပါလို့ ဓါတ်ပုံလေး တွေ အစမ်း တင်ကြည့်တာပါခင်ဗျာ ။ Quality ကတော့ ညံ့ပါတယ်ခင်ဗျာ ။ ဘာလို့ လဲဆိုတော့ ဒီဓါတ်ပုံတွေကို Camera နဲ့ ရိုက်တာမဟုတ် ။ MP4 အစုတ်လေးနဲ့ ရိုက်တထားတာပါခင်ဗျာ . . . . . ။ ကဲ .......... သည်းခံပြီး ရှုစားပေး ကြပါအုံးဗျ ဟီဟိ ။








ဒီပုံက ကန်ရဲ့ ဘေးကနေ တံတားလေးကို လှမ်းမြင်ရတဲ့ပုံပါ ။ ညနေ ခင်းဆိုတော့ ကြည့်ရတာ အရသာရှိတယ်ဗျ ။

* * * *








ဒါက ကန်ရေပြင် ပေါ်မှာ အရိပ်ထင်နေတဲ့ တံတားလေး ရဲ့ ပုံ ။ ဟီဟိ ဒီနားလေး ပဲ ပတ်ပြီးရိုက်ထားတာ ။




* * * *







ငြိမ်သက်နေတဲ့ ကန်ရေပြင် နဲ့ လေညင်းလေးတွေ ကစားနေတဲ့နေရာလေ ။ ရေ ကသိုဏ်း ရှုတယ်ဆိုတာ ဒါကိုပြောတာလားမသိဘူးနော် ။


* * * *






ကျက်သရေ အပေါင်းနဲ့ ခညောင်းတဲ့ ဒေါင်း ကြီပေါ့ ........ ။ ဒါပေမယ့် လှောင်အိမ်ထဲမှာ ဖြစ်နေ ရှာတယ်ဗျာ ။ သံဇကာ ကို ဖောက်ထွက် ပြီး ၊ သူဘယ်လို ပျံသန်းမယ်ဆိုတာ ကျွန်တော် တွေး ကြည့်နေမိတယ် ။



* * * *



ဒါကတော့ ကန်တော်ကြီးထဲမှာ ကြုံသလို လိုက်လံ တောင်း ပြီး စားသောက်နေထိုင် အသက်ရှင်ရရှာတဲ့ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ လေ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ ............. ။

သူကလေးကို သေချာကြည့် ၊စကားတွေ ပြောနေရှာတယ် ။ နားထောင် ပေးလိုက်ကြပါဗျာ ။ ရင်နဲ့ ခံစားပြီး နားထောင်ကြည့်လိုက် ကြပါခင်ဗျာ ။

14 comments:

Anonymous said...

အဲ့တာ...အစ်ကို့ကိုလိုက်ပို့တုန်းက ရိုက်ထားတဲ့ ပုံတွေလား တူနေသလားလို့ ပြန်ကြည့်လိုက်အုံးမယ် လူလည်လေး :)

flowerworld said...

အဲ့တံတားပေါ်မှာ လိုက်တမ်းပြေတမ်းကစားလိုက်ရင်တော့ အင်းးးးးးးးးမြင်ယောင်သေးတယ်.ဟီးးးး

ဖိုးဂျယ် said...

မြင်အောင် ကြည့်နေတယ်။ မောင်ရှင်းသန့်လေးရေ

WWKM said...

မောင်ရှင်းသန့်လေးရေ..ဓါတ်ပုံလေးတွေကြည့်သွား
တယ်နော်။ ကောင်းတယ်။တော်တယ်။
ဓါတ်ပုံရိုက် ၀ါသနာပါရင် နောက်တစ်ခါ ရန်ကုန်တက္က
သိုလ်ဘက်ရောက်ခဲ့ရင် မိန်းထဲကပုံတွေရိုက်ပြီး တင်ပေး
လေ။း) ကွန်ဗိုကေးရှင်းတို့ ၊ ဂျပ်ဆင်တို့ ၊ သစ်ပုတ်ပင်
တို့ ၊ စာကြည့်တိုက်တို့ ပေါ့။ ဟဟ
ရန်ကုန်တက္ကသိုလ်ကြီးကို လွမ်းလို့ ပို့စ်ရေးချင်လို့ပါ။

တီတီဝါ

mirror said...

အောက်ဆုံး ၂ ပုံကြိုက်တယ်၊
ဓာတ်ပုံတင်မက ရေးထားတဲ့စာကိုပါ လေးနက်စွာ...။

Unknown said...

ဒေါင်းကြီးအတွက် မပူပါနဲ့...။ အလကားငြိမ်နေတာ မဖြစ်နိုင်ပါဘူး...။ အခွင့်အခါကောင်းတစ်ခုကို စိတ်ရှည်ရှည်နဲ့ စောင့်နေတာဖြစ်မှာပါ ;)

Kyaw Nyo Thway said...

အောက်ဆုံးကကောင်လေးကပြောတယ်
လာမကြည့်နဲ့ရှက်တယ်တဲ့

little brook said...

အင်း ငါ့ညီရှင်းသန့်ရေ..မင်းတော်တယ်ကွ
ဟဲဟဲ ဓါတ်ပုံရိုက်တာလေ
ဒေါင်းနွယ်ဆွေဆိုတဲ့ စာရေးဆရာကြီးကသူ့ကိုယ်သူ ထောင်းလမောင်းကြေအောင် ခွပ်မယ့်ဒေါင်းကွလို့ ပြောဖူးတယ်ကွ...ဟဲဟဲ

Anonymous said...

ရင်နဲ့  ခံစား နားဆင်သွားကြောင်းပါ
ကိုရှင်းသန့်  ရေ။

Anonymous said...

လာလည်သွားလို့  ကျေးဇူး။

TAG တယ် ဆိုတာ ချစ်မဝ မေးထားတာကို ဖြေခိုင်းတာပါ။ အယဉ်ကျေးဆုံး ခိုင်းနည်း တစ်မျိုးပေါ့လေ ဟိဟိ။

Unknown said...
This comment has been removed by the author.
Unknown said...

တတိယပုံလေးကပန်းချီကားတစ်ချပ် လိုပဲ စောက်ရမ်းမိုက်သယ်ဂျာ.....ကျွန်တော့်အမြင်ပြောတာနော် ဟီးဟီး

Anonymous said...

အင်း... ဓာတ်ပုံလေးတွေ ခံစားသွားပါတယ်ဗျာ။
စာမရေးထားရင် ဘာမှခံစားလို့ ရမှာ မဟုတ်ဘူး
စာသားလေးတွေ ပြောင်မြောက်ပါပေတယ်။
စာလေးရေးထားတော့ မြင်တွေ့နေကျ အရာလေးတောင် ရင်နဲ့ ခံစားမိပါတယ်။

မွန် said...

ဘာနဲ့ပဲရိုက်ရိုက် ပုံထဲက ခံစားချက်တွေကို မြင်အောင်ရိုက်နိုင်ပါတယ် ပုံအောက်က စာသားတွေက ပီပြင်လွန်းတယ်