Monday, February 2, 2009

ခြင်တစ်ကောင် ဧ။် မှာတမ်း

တစ်နေ့သ၌ ကျွန်ုပ်သည် မြေနီကုန်း ရှိ ခပ်ချာချာ လက်ဖက်ရည် ဆိုင်တွင် ထိုင်မိလေဧ။် ။ ၎င်း ဆိုင်တွင် တခြား စားစရာ များများ မရှိ ။ နံပြားနဲ့ ချစ်တီးမုန့် တချို့သာ ရှိဧ။် ။

သို့နှင့် လက်ဖက်ရည် တစ်ခွက် နဲ့ နံပြား တစ်ချပ် မှာယူ စားသုံးရင်း၊ အလင်းရောင် မှိန်ပျ သော ချောင်တစ်ခု တွင် ဇိမ်ယူ နေ ခဲ့ ဧ။် ။ တ ၀ီဝီ ဖြင့် ပျံသန်း နေသော ခြင်များ ကလည်း ကျွန်ုပ် နည်း တူ ဇိမ်ယူ လိုဟန် ရှိ ဧ။် ။ ယင်းခြင်တို့ မူကား ကျွန်ုပ် ဧ။် သွေးကို သောက်သုံး၍

ဇိမ်ယူ ကြလေကုန် ဧ။် ။

ထို သို့ သွေးစုတ်နေသော ခြင် သတ္တ၀ါများကို သည်းမခံ နိုင်တော့ ၍ တစ်ကောင်သော ခြင်ကို

အမှတ်တမဲ့ ရိုက်သတ် မိလေ ဧ။် ။ ၎င်း ခြင် သည် ခြင်သက်တမ်း ၄ ရက်မျှပင် ရှိဟန် တူ ဧ။် ။ ပျိုရွယ်သော ခြင်မတစ်ကောင် ဖြစ်လေဧ။် ။

ခြင် သူငယ် သည် ချက်ချင်း မသေဆုံးဘဲ အသက် ငင် နေလေဧ။် ။ တိုးတိုးငြင်းငြင်း လေး ပြောနေသံကို လည်း ကျွန်ုပ် ကြားလိုက်ရဧ။် ။

“ ခင်ဗျားကြီး….. ကျုပ်ကို ဘာလို့ ရိုက်သတ်ရတာ လဲ ။ လူ ဖြစ်ပြီး လူမဆန်စွာ ရိုက်သတ်တယ် ”

ခြင်သူငယ်မက အသက်ငင်ရင်း တစ်လုံးချင်း ပြောနေလေဧ။် ။

“ ဟေ့ကောင် ခြင်…… မင်းက ဘာဖြစ်လို့ ငါ့ကို စကိုက်လည်း ၊ မင်းတို့အကိုက်ခံရ ရင် ဘာဖြစ်တယ်ဆိုတာ မသိဘူးလား ။ ငါတို့ မှာ မင်းတို့ တံတွေးကြောင့် အဖုအပိန့် ဖြစ် တာက

သိပ်မပြောပ လောက်ဘူးကွ ။ ဒါပေမယ့် အခက်မသင့်ရင် ငှက်ဖျားတို့ ၊ သွေးလွန်တုတ်ကွေးတို့ ဖြစ်ရင် ဘယ်လိုလုပ်မလဲ ၊ မင်း တာဝန်ယူပြီး ဆေးကု ပေးမှာလား၊”

ကျွန်ုပ်လည်း စိတ်ဆိုးပြီး ပြန်မေးလိုက် လေဧ။် ။

ထိုအခါ ခြင်သူငယ်မက “ ဟားး ဟားးးးး ခင်ဗျားကြီးတော်တော် ရယ် ရတာပဲ ။ ခင်ဗျား ရောဂါဖြစ်မှာတော့ ကြောက်တတ်တယ် ။ ကျုပ်သေမှာကို တော့ လျစ်လျူရှု ထားတယ်ပေါ့လေ။

ဟုတ်စ ”

“ အေး…. ဟုတ်တယ်ကွာ… မင်းတို့ရှိနေရင် လည်း ဘာအကျိုးရှိမှာ မို့လို့ မင်းက အသက်ရှင်ချင်တာလဲကွ ၊ ဟင် ! ။ မင်းတို့ ကောင်တွေက လောကထဲ ကို ဒုက္ခပေးဖို့

သက်သက် ပဲ ရောက်လာခဲ့တာ… ။ လောကအကျိုး သယ်ပိုးဖို့ ရောက်လာတယ်အောင့်မေ့လို့လား ကွ ” ကျွန်ုပ်လည်း ကျွတ် စပ်စပ် နဲ့ ပြန်မေးလိုက် ဧ။် ။

“ လုပ်ပြန်ပြီ … ခင်ဗျားကြီး က တကယ့် အမြင်ကျဉ်း တဲ့ လူပဲ ။ ခင်ဗျားပြောတဲ့ လောကအကျိုး ဆိုတာ ဘာကိုပြောတာလဲ ။ ခင်ဗျားတို့ လူတွေအကျိုး ကို လောက

အကျိုး လို့ အမည်တပ်ချင်တာလား ။ မျှမျှ တတ စဉ်းစား ကြည့်ပါ အုံးလေ… ။ ”

ခြင်သူငယ်မ ဧ။် စကားကြောင့် ကျွန်ုပ် အနည်း ငယ်မျှ တွေဝေ သွား ဧ။် ။

ခြင်သူငယ်မက ဆက်ပြောလေ ဧ။် …

“ ကျုပ်တို့ ခြင်တွေမှာ ခင်ဗျားလို့ အားအားယားယား လက်ဖက်ရည်ဆိုင်မှာ ဇိမ်ခံ နေတဲ့ အချိန်မရှိဘူး။ သက်တမ်း ၇ ရက် လောက်အတွင်းမှာ

ခြင်မျိုးဆက်မပြုန်းတီးအောင် သားဖေါက်ရ တယ် ။ အဲဒီလို သားဖေါက်ဖို့ အတွက် လိုအပ်တဲ့သွေးတွေကို ခင်ဗျားတို့

လို သတ္တ၀ါ တွေဆီက နေယူရတယ် ။ ဒါကြောင့် သွေးစုတ်ရတာ ။ ခင်ဗျားတို့တွေ အကျိုးယုတ် ပါစေတော့ ဆို တဲ့ ရည်ရွယ် ချက်နဲ့ စုတ်တာမဟုတ်ဘူး ။ လိုအပ်လို့လုပ်တာ ။

ဒါက လည်း ကျုပ်တို့ ခြင်မျိုးဆက်အတွက် လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတာချည်းပဲ ။

ကျုပ်လုပ်တဲ့ သွေးစုတ် ခြင်း အလုပ် ဟာ ခြင်တွေအတွက် အကျိုးဖြစ်ထွန်းဖို့ လုပ်တယ်

ဆိုတာ မှားလား ! နောက်ခြင် မျိုးဆက် တွေအတွက် ကျုပ်တို့ မှာ တာဝန် ရှိတယ် ။

တကယ်လို့ ကျုပ်တို့က သွေးမစုတ်ပဲ မျိုးမပွားပဲ နေရင် ကျုပ်တို့ တာဝန်မကျေ ရာ မရောက်ဘူးလား ! ။ ကိုယ့် လူ …. ခြင်တွေဘက်က လည်း လှည့်တွေးပေးပါအုံး ”

“ ဒီလို ဆိုရင် … မင်းကို ငါ က ရိုက်လိုက်တဲ့ ကိစ္စ မှာ ၊ ငါမှားတယ်လို့ မင်းက ဆိုချင်တာလား”

ဟု ကျွန်ုပ်က မေးလိုက်လေဧ။် ။

“ မှန်တာပေါ့ ၊ ခင်ဗျား လုံးဝ မှားခဲ့တယ် ။ ခင်ဗျားရဲ့ စိတ်အနှောက်အယှက်ဖြစ်မှု တစ်ခုအတွက် နဲ့ တပါးသူ ဘက် ကိုမကြည့် ဘဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ ။ဒါသိပ်မှားတာပေါ့ ။ ခင်ဗျားက ကိုယ့်အမှားကို ကိုယ် ၀န်မခံပဲ "လောကအကျိုး

ဖျက်ဆီးနေပါတယ်" ဆိုတဲ့ ပုဒ်မ ကြီးတပ်ပြီးတောင် စွတ်စွဲလိုက်သေးတယ်။ ”

အသက်ရှူ ကြပ်နေ သော ခြင်သူငယ်က စကား တစ်ထောက် နားနေလိုက်သေးဧ။် ။

အနည်းငယ် နေသာ တော့မှ ဆက်ပြောလေ ဧ။် ။

“ ခင်ဗျား ရဲ့ လုပ်ရပ်က ဘယ်ရှုထောင့်က

ကြည့်ကြည့် မှား တယ် ။ ဘာသာရေး ရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ ပါဏာတိပါတ ကံ ကျူးလွန် ထားတယ် ၊ သတ္တ၀ါ အပေါ်မှာ ကိုယ်ချင်းစာ စိတ်ကင်းမဲ့စွာနဲ့ ရိုက်ခဲ့တယ် ။ လူမှုရေးရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ အင်အား နည်းတဲ့ သူအပေါ်မှာ အနိုင်ကျင့်တာပဲ ။ ဒီမယ်… ကိုယ့် လူ …. ခင်ဗျား ဟာ ကိုယ့်အမှားကို

ဖုံးကွယ်ချင်တာနဲ့ တဖက်ကို နိုင်လွန်မင်းထက် မဟုတ်တမ်း တရားတွေ လာပြောနေတာပဲ၊

ဘာလဲ ! ကိုယ့် အမှားကို ၀န်ခံဖို့ ၀န်လေးနေတာဟုတ်လား ။ ”

ဒီခြင်သူငယ်မက အထောက်အထား အခိုင်အလုံနဲ့ မှာတမ်းတစ်စောင်ကို ဖတ်နေသည့်အလား ။

ကျွန်ုပ် ဘက်မှ တုန့်ပြန်မှု အားပျော့ သွားသည်မှာ အမှန်ပင်။

“ ငါ့ ကျန်းမာရေးအတွက် ငါ့ကိုယ် ငါ ကာကွယ် တယ်လို့ ပြောလို့မရဘူးလား ” အင်းအားမပါသော မေးခွန်းတစ်ခု ခြင်သူငယ် ထံ တင် သွင်းလိုက်ရဧ။် ။

“ ကာကွယ်တယ်………. ဟုတ်စ! ။ ကာကွယ် တယ်ဆိုတာ ခင်ဗျားက ဘယ်လို ခံယူထားတာလဲ ။ ကိုယ့်အတွက် အန္တရာယ် မဖြစ်ရုံ ကာကွယ် မှာ မဟုတ်ဘူးလား ။ တစ်ဖက်သား

နစ်နစ် နာနာ ဖြစ်မှ ကာကွယ် တာ အထမြောက်မယ်လို့ ခံယူထားတာလား။ ဒီမယ် ……

ကိုယ့်လူ အခု ကျုပ်က သေရတော့မယ်သူ ဖြစ်နေပြီ..။ ကျန်ရစ်ခဲ့တဲ့ ခင်ဗျား စိတ်ထိ ခိုက်

အောင်ပြောနေတာမဟုတ်ဘူး ။ အတက်နိုင်ဆုံး အမြင်တွေ တည့်မတ်အောင်ပြောနေတာ ပါ ။

ပထမဆုံး ခင်ဗျား ခေါင်းစဉ်တပ် ခဲ့တဲ့ "လောကအကျိုး သယ်ပိုးတယ်" လို့ပြောရင် မမှားလောက်ပါဘူး နော်……… ” တဲ့ ခံယူချက် အပြည့်နဲ့ စကားကို ဆိုလေဧ။် ။

“ ကျုပ်သေသွား ပြီးတဲ့နောက်ပိုင်း မှာ ခင်ဗျား ရဲ့ တကိုယ်ကောင်းဆန် စွာလုပ်တဲ့ လုပ်ရပ် ကို အမြင်မှန် ရခဲ့တယ် ဆိုရင် ၊ ကျုပ်သေ တာအကျိုးမယုတ်ပါဘူး ” ခြင်သူငယ်မ မှာ တော်တော် ပင်ပန်း နေလေဧ။် ။ စကားအရှည် ကြီးပြောနိုင်ဖို့ အတော် အားယူ နေရရှာ ဧ။် ။

“ ကျုပ် နောက်ဆုံး ပြောချင်တာက………. ခင်ဗျား… ကိုယ့်ကို ကိုယ် မလိမ် မညာ ပဲ ၊ တွေးတော စဉ်းစား တတ်တဲ့အကျင့် မွေးပါ ။ ကိုယ့် အပြစ် လွတ်အောင် ဆိုပြီး ဥပဒေတွေ ပုဒ်မတွေ လျှောက် မတပ် ပြပါနဲ့ ။ စိုးရွားတဲ့ လုပ်ရပ် တွေက ခင်ဗျားကိုယ် ခင်ဗျား ညာလို့မရဘူးဆိုတာ

သိ အောင်လုပ်ပါ ။ ကိုယ့် အမှား ကို ၀န်ခံဖို့ သတ္တိ မကြောင်ပါနဲ့ ။ ကိုယ့်ကို ကိုယ် လိပ်ပြာသန့်အောင် နေပါ …….. ”

ပြောလို့ ပြီးဟန် မပေါ်သေးဘူး ။ ဒါပေမယ့် အသက်ရှူ မရတော့ဘူးလားမသိ။ ပါးစပ် လှုပ်ရုံသာ ရှိတော့ဧ။် ။

ခြင်သူငယ်မ ငြိမ်သက်သွားပါ ပြီ ။ မှာတမ်းတစ် ခုကို ကျွန်ုပ်အား ဖတ်ပြ သွားလေဧ။် ။

ကျွန်ုပ် လည်း အပြောင်း အလဲ တစ်ခု ဖြစ်သွား သည် ။ မိမိ ကိုယ်ကို တည့်မတ် သွားသလို ခံစားလိုက်ရသည် ။ တစ်ချိန်ထဲမှာပဲ ၀မ်းနည်းသလို အငွေ့အသက် ဖြစ်လာသည် ။ မှားလေပြီ….. လို့ သိ ရော့လား……. ။

ခြင်သူငယ်မ ရေ…… ကျွန်ုပ် ကျေနပ်စွာ ၀န်ခံပါ ဧ။် “ ငါ မှားခဲ့လေပြီ……. ငါမှား တာ သေချာသွားပြီ ……. ဘယ်လို ရည်ရွယ်ချက်နဲ့ ရိုက်သတ် ခဲ့တယ်ဆိုတာ ငါ အသိဆုံး ။ ငါ့ စိတ် ကသိကအောင့် ဖြစ်တာ တစ်ခုတည်း ကြောင့် ရိုက်သတ်ခဲ့မိတယ်ဆို တာ သိပါပြီ ။ ငါ ၀န်ခံပါ ပြီ …….

ကျွန်ုပ်လည်း လက်ဖက်ရည် ဆိုင် ထဲက ထွက်ဖို့ ပြင်လိုက်လေတော့ ဧ။် ။ စားပွဲထိုး အား ကျသင့်ငွေ ပေးပြီးနောက် ဆိုင်မှ ထွက်ခွာခဲ့ပါသည် ။

ခြင်သူငယ်မဧ။် ရုပ်လောင်း မူကား တိတ်ဆိတ်စွာ လဲလျောင်း ကျန်ရစ်ခဲ့တော့ လေ သတည်း ။

23 comments:

little brook said...

တော်ပြီးရင်းတော်နေတော့တာပါလား ကောင်လေးရ

little brook said...

ဖတ်ပြီးသက်ပြင်းတွေပဲချမိတယ်

Unknown said...

သြော်...
စဉ်းစား.. ငါ့ညီ..စဉ်းစား..
သူတောင် သက်တမ်း ၇ ရက် နဲ့ သားဖောက်ရတယ်တဲ့..
အဲဒါ မိန်းပွိုင့်ပဲကွ...
ငါ့ညီက ၇ ရက် မက.. နေရဦးမှာ..
ဖောက်ကွာ..
မရရအောင်ဖောက်...
သားဖောက်လို့မရရင် ဖြတ်ဖောက်ချုပ်သာလုပ်လိုက်..
ငါ ဆက်ဖောက်ပေးမယ်...
ဟီး...
(ချစ်ရို့ စ.တာ ..ချိတ်ချိုးရ၀ူး)
:P


*အတွေးလေးတွေအတွက် ငါ့ညီကို ချီးကျူးပါတယ်..*

:P said...

ဖတ်သွားပါတယ် မောင်ရှင်းသန့်.....၊
အတွေးလေး ကောင်းတယ်..။

Kyaw Nyo Thway said...

အတွေးလေးကောင်းပါတယ်။
ခြင်ကတော့မသတ်လို့မရဘူးကွ။
သတ်ချင်လို့ပဲသတ်သတ်၊မသတ်ချင်လို့ပဲသတ်သတ်။
လိပ်ပြာလုံဖို့ပဲလိုတယ်။ လိပ်ပြာလုံလုံနဲ့ယုံကြည်မှု့ရှိရှိနဲ့သတ်ပေါ့ကွာ။

Anonymous said...

လေးစားမိပါတယ် ခင်ဗျာ။ နှစ်သက်မိပါတယ်။ အားပေးနေလျက်။

မောင်bee said...

ကိုရှင်း တို့ကတွေးတတ်ပ ခြင်တောင်အလွတ်မပေးဘူး။

mirror said...

လေဗယ်ကို ကလေးအတွေးလို့ ဘာလို့တပ်ထားရတာလဲ၊
ဒါကလေးအတွေးမှ မဟုတ်တာကို။

အပြန်အလှန်ပြောစကားတွေနဲ့ ခံယူချက်တစ်ခုကို ပုံပေါ်အောင် ဖော်ပြနိုင်တဲ့အတွက် အားကျမိပါရဲ့။
လေးစားလျက်ပါ။

ဖိုးဂျယ် said...

အတွေးလေးမိုက်တယ်။
အပြန်အလှန်ပြောဆိုပုံလေးကို
သရုပ်ဖော်တာ ပီပြင်တယ်။
အားပေးနေတယ် ညီရေ ဆက်ရေး

mgngal said...

အတွေးအရေး သဘောကျတယ် ။ ကောင်းပါတယ် ။

NangNyi said...

ဟုတ်နေတာပဲ

သက်တန့် said...

တွေးစရာတွေ အများကြီး ပေးနိုင်တဲ့ မှာတမ်းပါပဲ... :)

lovelessguiter said...

ဒီပို့လေးကို တော်တော် သဘောကျမိတယ်ဗှာ... ဒီလိုအတွေးမျိုါ်လေးကို တွေးတတ်တာ တကယ်ပါ့ပဲ...
ဆက်လက်အားပေးနေတယ်ဗျ.... ခြင်တောင် မရိုက်ရဲတော့ဘူး..ဟာဟ

ပန်းခင်းလေး said...

ကလေးအတွေးတဲ့ လားမောင်လေးရ
အစ်မတော်တောင်အဲ့ လိုမတွေးတတ်သေးဘူး
ကလေးမဖြစ်သေးလို့ လားမသိ :P
အရမ်းကောင်းတဲ့ ပို့ စ် လေးပါ
တွေးစရာတွေအများကြီးရတယ်
ငါ့ မောင်လေးကတော်ပြီးရင်းတော်နေတယ်နော်
ဆက်ရေး
အားပေးနေတယ်

ပျော်ရွှင်ပါစေ!

အစ်မတော်

ပန်းခင်းလေး

flowerworld said...

မောင်လေးရေတွေးတတ်ပါပေတယ်........
ဖတ်ရင်းနဲ့..ခြင်ကိုက်ခံထိနေပြီးဗျာ...ဟီးးးး

Unknown said...

သိပ်ကောင်းတယ်ဗျာ...။ အကြောင်းအရာတွေသေသပ် တယ်။ ရှုထောင့်တွေစုံလင်တယ်...။ အားလုံးကိုဖောက် ထွက်တယ်...။ နောက်ဆုံး....။ တွန်းထား.. တိုက်ထားတာ လေးတွေ အရမ်းလှတယ် ;)

အခုလိုစာကောင်းပေကောင်းတွေကို အားပေးလျှက်ပါဗျို့..။ ရှေ့လျှောက် ဆက်လက်ဖန်တီးနိုင် ပါစေလို့ ဆုတောင်းပေးပါတယ်...။

Unknown said...

အလိုမျိုးစာတွေဖတ်ရတာသိပ်ဝါသနာမပါဘူးဗျ ဒါပေမယ့်
ဒီခြင်တကောင်ရဲ့မှတမ်း ဆိုတဲ့စာလေးကိုတော့စောက်ရမ်း
ကြိုက်သွားပြီဗျာ..လေးစားပါတယ်..ဆက်အားပေးသွားပါမယ်
thank you>>>>hip hop 4 ever<<<<
ဟီး...ဟီးးး နောက်ထပ်တင်မယ့်အကြောင်းအရာလေးတွေကျမှထပ်ဆုံကြတာပေါ့
ညီငေးးး BIE BIE

JulyDream said...

ရှုထောင့်တစ်မျိုးကနေ တင်ပြသွားတာကို အားကျမိပါတယ်။ အရေးအသားက စွဲဆောင်မှု ရှိလွန်းလှပါတယ်။ အစကနေ ဖတ်လိုက်တာ အဆုံးအထိပါပဲ။

ထူးခြားတဲ့ အတွေးအမြင်တွေက ခြင်တွေရဲ့ အခွင့်အရေးကို မြှင့်တင် ကာကွယ်ပေးမယ့် ရှေ့နေကြီးတစ်ဦးအလား ထင်မှတ်မှားရပါတယ်။

လေးစားပါတယ် ခြင်ရှေ့နေ့ကြီး ခင်ဗျာ။ :)

Anonymous said...

လေးစားတယ်ဗျာ.......
တော်တော် စာရေးကောင်းတာပဲ.......
ဆက်ပြီး အားပေးနေပါ့မယ်....

MgThaJan said...

ကြိုက်တယ်ဟေ့ နောက်အမြဲလာဖတ်မယ် :)

Phyu said...

အရမ်းကောင်းပါတယ်။

Anonymous said...

ခြင်တွေဘက်က ခံစားသွားတာလေး လှပါ့ဗျား။
တခုခုကို မက်ဆေ့ ပေးထားတယ်။

မွန် said...

သိပ်ထိမိတဲ့စာပါပဲ ခြင်တစ်ကောင်ရဲ့ အတွေးတွေကို လူသားတန်မဲ့ ပါးစပ်အဟောင်းသားဖတ်သွားတယ် ဘာလို့ဒီလောက်မှန်တာတွေသိနေရတာလဲ အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့ ဒဿနတွေနဲ့ ငါ့မောင်ကို လေးစားမိပါတယ်