Sunday, February 15, 2009

ဝါသနာ ပါ ပါသည်

ကျွန်တော် လည်း ဓါတ်ပုံ ရိုက်တာ ၀ါသနာ ပါလို့ ဓါတ်ပုံလေး တွေ အစမ်း တင်ကြည့်တာပါခင်ဗျာ ။ Quality ကတော့ ညံ့ပါတယ်ခင်ဗျာ ။ ဘာလို့ လဲဆိုတော့ ဒီဓါတ်ပုံတွေကို Camera နဲ့ ရိုက်တာမဟုတ် ။ MP4 အစုတ်လေးနဲ့ ရိုက်တထားတာပါခင်ဗျာ . . . . . ။ ကဲ .......... သည်းခံပြီး ရှုစားပေး ကြပါအုံးဗျ ဟီဟိ ။








ဒီပုံက ကန်ရဲ့ ဘေးကနေ တံတားလေးကို လှမ်းမြင်ရတဲ့ပုံပါ ။ ညနေ ခင်းဆိုတော့ ကြည့်ရတာ အရသာရှိတယ်ဗျ ။

* * * *








ဒါက ကန်ရေပြင် ပေါ်မှာ အရိပ်ထင်နေတဲ့ တံတားလေး ရဲ့ ပုံ ။ ဟီဟိ ဒီနားလေး ပဲ ပတ်ပြီးရိုက်ထားတာ ။




* * * *







ငြိမ်သက်နေတဲ့ ကန်ရေပြင် နဲ့ လေညင်းလေးတွေ ကစားနေတဲ့နေရာလေ ။ ရေ ကသိုဏ်း ရှုတယ်ဆိုတာ ဒါကိုပြောတာလားမသိဘူးနော် ။


* * * *






ကျက်သရေ အပေါင်းနဲ့ ခညောင်းတဲ့ ဒေါင်း ကြီပေါ့ ........ ။ ဒါပေမယ့် လှောင်အိမ်ထဲမှာ ဖြစ်နေ ရှာတယ်ဗျာ ။ သံဇကာ ကို ဖောက်ထွက် ပြီး ၊ သူဘယ်လို ပျံသန်းမယ်ဆိုတာ ကျွန်တော် တွေး ကြည့်နေမိတယ် ။



* * * *



ဒါကတော့ ကန်တော်ကြီးထဲမှာ ကြုံသလို လိုက်လံ တောင်း ပြီး စားသောက်နေထိုင် အသက်ရှင်ရရှာတဲ့ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ လေ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ ............. ။

သူကလေးကို သေချာကြည့် ၊စကားတွေ ပြောနေရှာတယ် ။ နားထောင် ပေးလိုက်ကြပါဗျာ ။ ရင်နဲ့ ခံစားပြီး နားထောင်ကြည့်လိုက် ကြပါခင်ဗျာ ။

Monday, February 2, 2009

ခြင်တစ်ကောင် ဧ။် မှာတမ်း

တစ်နေ့သ၌ ကျွန်ုပ်သည် မြေနီကုန်း ရှိ ခပ်ချာချာ လက်ဖက်ရည် ဆိုင်တွင် ထိုင်မိလေဧ။် ။ ၎င်း ဆိုင်တွင် တခြား စားစရာ များများ မရှိ ။ နံပြားနဲ့ ချစ်တီးမုန့် တချို့သာ ရှိဧ။် ။

သို့နှင့် လက်ဖက်ရည် တစ်ခွက် နဲ့ နံပြား တစ်ချပ် မှာယူ စားသုံးရင်း၊ အလင်းရောင် မှိန်ပျ သော ချောင်တစ်ခု တွင် ဇိမ်ယူ နေ ခဲ့ ဧ။် ။ တ ၀ီဝီ ဖြင့် ပျံသန်း နေသော ခြင်များ ကလည်း ကျွန်ုပ် နည်း တူ ဇိမ်ယူ လိုဟန် ရှိ ဧ။် ။ ယင်းခြင်တို့ မူကား ကျွန်ုပ် ဧ။် သွေးကို သောက်သုံး၍

ဇိမ်ယူ ကြလေကုန် ဧ။် ။

ထို သို့ သွေးစုတ်နေသော ခြင် သတ္တ၀ါများကို သည်းမခံ နိုင်တော့ ၍ တစ်ကောင်သော ခြင်ကို

အမှတ်တမဲ့ ရိုက်သတ် မိလေ ဧ။် ။ ၎င်း ခြင် သည် ခြင်သက်တမ်း ၄ ရက်မျှပင် ရှိဟန် တူ ဧ။် ။ ပျိုရွယ်သော ခြင်မတစ်ကောင် ဖြစ်လေဧ။် ။

ခြင် သူငယ် သည် ချက်ချင်း မသေဆုံးဘဲ အသက် ငင် နေလေဧ။် ။ တိုးတိုးငြင်းငြင်း လေး ပြောနေသံကို လည်း ကျွန်ုပ် ကြားလိုက်ရဧ။် ။

“ ခင်ဗျားကြီး….. ကျုပ်ကို ဘာလို့ ရိုက်သတ်ရတာ လဲ ။ လူ ဖြစ်ပြီး လူမဆန်စွာ ရိုက်သတ်တယ် ”

ခြင်သူငယ်မက အသက်ငင်ရင်း တစ်လုံးချင်း ပြောနေလေဧ။် ။

“ ဟေ့ကောင် ခြင်…… မင်းက ဘာဖြစ်လို့ ငါ့ကို စကိုက်လည်း ၊ မင်းတို့အကိုက်ခံရ ရင် ဘာဖြစ်တယ်ဆိုတာ မသိဘူးလား ။ ငါတို့ မှာ မင်းတို့ တံတွေးကြောင့် အဖုအပိန့် ဖြစ် တာက

သိပ်မပြောပ လောက်ဘူးကွ ။ ဒါပေမယ့် အခက်မသင့်ရင် ငှက်ဖျားတို့ ၊ သွေးလွန်တုတ်ကွေးတို့ ဖြစ်ရင် ဘယ်လိုလုပ်မလဲ ၊ မင်း တာဝန်ယူပြီး ဆေးကု ပေးမှာလား၊”

ကျွန်ုပ်လည်း စိတ်ဆိုးပြီး ပြန်မေးလိုက် လေဧ။် ။

ထိုအခါ ခြင်သူငယ်မက “ ဟားး ဟားးးးး ခင်ဗျားကြီးတော်တော် ရယ် ရတာပဲ ။ ခင်ဗျား ရောဂါဖြစ်မှာတော့ ကြောက်တတ်တယ် ။ ကျုပ်သေမှာကို တော့ လျစ်လျူရှု ထားတယ်ပေါ့လေ။

ဟုတ်စ ”

“ အေး…. ဟုတ်တယ်ကွာ… မင်းတို့ရှိနေရင် လည်း ဘာအကျိုးရှိမှာ မို့လို့ မင်းက အသက်ရှင်ချင်တာလဲကွ ၊ ဟင် ! ။ မင်းတို့ ကောင်တွေက လောကထဲ ကို ဒုက္ခပေးဖို့

သက်သက် ပဲ ရောက်လာခဲ့တာ… ။ လောကအကျိုး သယ်ပိုးဖို့ ရောက်လာတယ်အောင့်မေ့လို့လား ကွ ” ကျွန်ုပ်လည်း ကျွတ် စပ်စပ် နဲ့ ပြန်မေးလိုက် ဧ။် ။

“ လုပ်ပြန်ပြီ … ခင်ဗျားကြီး က တကယ့် အမြင်ကျဉ်း တဲ့ လူပဲ ။ ခင်ဗျားပြောတဲ့ လောကအကျိုး ဆိုတာ ဘာကိုပြောတာလဲ ။ ခင်ဗျားတို့ လူတွေအကျိုး ကို လောက

အကျိုး လို့ အမည်တပ်ချင်တာလား ။ မျှမျှ တတ စဉ်းစား ကြည့်ပါ အုံးလေ… ။ ”

ခြင်သူငယ်မ ဧ။် စကားကြောင့် ကျွန်ုပ် အနည်း ငယ်မျှ တွေဝေ သွား ဧ။် ။

ခြင်သူငယ်မက ဆက်ပြောလေ ဧ။် …

“ ကျုပ်တို့ ခြင်တွေမှာ ခင်ဗျားလို့ အားအားယားယား လက်ဖက်ရည်ဆိုင်မှာ ဇိမ်ခံ နေတဲ့ အချိန်မရှိဘူး။ သက်တမ်း ၇ ရက် လောက်အတွင်းမှာ

ခြင်မျိုးဆက်မပြုန်းတီးအောင် သားဖေါက်ရ တယ် ။ အဲဒီလို သားဖေါက်ဖို့ အတွက် လိုအပ်တဲ့သွေးတွေကို ခင်ဗျားတို့

လို သတ္တ၀ါ တွေဆီက နေယူရတယ် ။ ဒါကြောင့် သွေးစုတ်ရတာ ။ ခင်ဗျားတို့တွေ အကျိုးယုတ် ပါစေတော့ ဆို တဲ့ ရည်ရွယ် ချက်နဲ့ စုတ်တာမဟုတ်ဘူး ။ လိုအပ်လို့လုပ်တာ ။

ဒါက လည်း ကျုပ်တို့ ခြင်မျိုးဆက်အတွက် လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတာချည်းပဲ ။

ကျုပ်လုပ်တဲ့ သွေးစုတ် ခြင်း အလုပ် ဟာ ခြင်တွေအတွက် အကျိုးဖြစ်ထွန်းဖို့ လုပ်တယ်

ဆိုတာ မှားလား ! နောက်ခြင် မျိုးဆက် တွေအတွက် ကျုပ်တို့ မှာ တာဝန် ရှိတယ် ။

တကယ်လို့ ကျုပ်တို့က သွေးမစုတ်ပဲ မျိုးမပွားပဲ နေရင် ကျုပ်တို့ တာဝန်မကျေ ရာ မရောက်ဘူးလား ! ။ ကိုယ့် လူ …. ခြင်တွေဘက်က လည်း လှည့်တွေးပေးပါအုံး ” ။

“ ဒီလို ဆိုရင် … မင်းကို ငါ က ရိုက်လိုက်တဲ့ ကိစ္စ မှာ ၊ ငါမှားတယ်လို့ မင်းက ဆိုချင်တာလား”

ဟု ကျွန်ုပ်က မေးလိုက်လေဧ။် ။

“ မှန်တာပေါ့ ၊ ခင်ဗျား လုံးဝ မှားခဲ့တယ် ။ ခင်ဗျားရဲ့ စိတ်အနှောက်အယှက်ဖြစ်မှု တစ်ခုအတွက် နဲ့ တပါးသူ ဘက် ကိုမကြည့် ဘဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ ။ဒါသိပ်မှားတာပေါ့ ။ ခင်ဗျားက ကိုယ့်အမှားကို ကိုယ် ၀န်မခံပဲ "လောကအကျိုး

ဖျက်ဆီးနေပါတယ်" ဆိုတဲ့ ပုဒ်မ ကြီးတပ်ပြီးတောင် စွတ်စွဲလိုက်သေးတယ်။ ”

အသက်ရှူ ကြပ်နေ သော ခြင်သူငယ်က စကား တစ်ထောက် နားနေလိုက်သေးဧ။် ။

အနည်းငယ် နေသာ တော့မှ ဆက်ပြောလေ ဧ။် ။

“ ခင်ဗျား ရဲ့ လုပ်ရပ်က ဘယ်ရှုထောင့်က

ကြည့်ကြည့် မှား တယ် ။ ဘာသာရေး ရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ ပါဏာတိပါတ ကံ ကျူးလွန် ထားတယ် ၊ သတ္တ၀ါ အပေါ်မှာ ကိုယ်ချင်းစာ စိတ်ကင်းမဲ့စွာနဲ့ ရိုက်ခဲ့တယ် ။ လူမှုရေးရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ အင်အား နည်းတဲ့ သူအပေါ်မှာ အနိုင်ကျင့်တာပဲ ။ ဒီမယ်… ကိုယ့် လူ …. ခင်ဗျား ဟာ ကိုယ့်အမှားကို

ဖုံးကွယ်ချင်တာနဲ့ တဖက်ကို နိုင်လွန်မင်းထက် မဟုတ်တမ်း တရားတွေ လာပြောနေတာပဲ၊

ဘာလဲ ! ကိုယ့် အမှားကို ၀န်ခံဖို့ ၀န်လေးနေတာဟုတ်လား ။ ”

ဒီခြင်သူငယ်မက အထောက်အထား အခိုင်အလုံနဲ့ မှာတမ်းတစ်စောင်ကို ဖတ်နေသည့်အလား ။

ကျွန်ုပ် ဘက်မှ တုန့်ပြန်မှု အားပျော့ သွားသည်မှာ အမှန်ပင်။

“ ငါ့ ကျန်းမာရေးအတွက် ငါ့ကိုယ် ငါ ကာကွယ် တယ်လို့ ပြောလို့မရဘူးလား ” အင်းအားမပါသော မေးခွန်းတစ်ခု ခြင်သူငယ် ထံ တင် သွင်းလိုက်ရဧ။် ။

“ ကာကွယ်တယ်………. ဟုတ်စ! ။ ကာကွယ် တယ်ဆိုတာ ခင်ဗျားက ဘယ်လို ခံယူထားတာလဲ ။ ကိုယ့်အတွက် အန္တရာယ် မဖြစ်ရုံ ကာကွယ် မှာ မဟုတ်ဘူးလား ။ တစ်ဖက်သား

နစ်နစ် နာနာ ဖြစ်မှ ကာကွယ် တာ အထမြောက်မယ်လို့ ခံယူထားတာလား။ ဒီမယ် ……

ကိုယ့်လူ အခု ကျုပ်က သေရတော့မယ်သူ ဖြစ်နေပြီ..။ ကျန်ရစ်ခဲ့တဲ့ ခင်ဗျား စိတ်ထိ ခိုက်

အောင်ပြောနေတာမဟုတ်ဘူး ။ အတက်နိုင်ဆုံး အမြင်တွေ တည့်မတ်အောင်ပြောနေတာ ပါ ။

ပထမဆုံး ခင်ဗျား ခေါင်းစဉ်တပ် ခဲ့တဲ့ "လောကအကျိုး သယ်ပိုးတယ်" လို့ပြောရင် မမှားလောက်ပါဘူး နော်……… ” တဲ့ ။ ခံယူချက် အပြည့်နဲ့ စကားကို ဆိုလေဧ။် ။

“ ကျုပ်သေသွား ပြီးတဲ့နောက်ပိုင်း မှာ ခင်ဗျား ရဲ့ တကိုယ်ကောင်းဆန် စွာလုပ်တဲ့ လုပ်ရပ် ကို အမြင်မှန် ရခဲ့တယ် ဆိုရင် ၊ ကျုပ်သေ တာအကျိုးမယုတ်ပါဘူး ” ခြင်သူငယ်မ မှာ တော်တော် ပင်ပန်း နေလေဧ။် ။ စကားအရှည် ကြီးပြောနိုင်ဖို့ အတော် အားယူ နေရရှာ ဧ။် ။

“ ကျုပ် နောက်ဆုံး ပြောချင်တာက………. ခင်ဗျား… ကိုယ့်ကို ကိုယ် မလိမ် မညာ ပဲ ၊ တွေးတော စဉ်းစား တတ်တဲ့အကျင့် မွေးပါ ။ ကိုယ့် အပြစ် လွတ်အောင် ဆိုပြီး ဥပဒေတွေ ပုဒ်မတွေ လျှောက် မတပ် ပြပါနဲ့ ။ စိုးရွားတဲ့ လုပ်ရပ် တွေက ခင်ဗျားကိုယ် ခင်ဗျား ညာလို့မရဘူးဆိုတာ

သိ အောင်လုပ်ပါ ။ ကိုယ့် အမှား ကို ၀န်ခံဖို့ သတ္တိ မကြောင်ပါနဲ့ ။ ကိုယ့်ကို ကိုယ် လိပ်ပြာသန့်အောင် နေပါ …….. ”

ပြောလို့ ပြီးဟန် မပေါ်သေးဘူး ။ ဒါပေမယ့် အသက်ရှူ မရတော့ဘူးလားမသိ။ ပါးစပ် လှုပ်ရုံသာ ရှိတော့ဧ။် ။

ခြင်သူငယ်မ ငြိမ်သက်သွားပါ ပြီ ။ မှာတမ်းတစ် ခုကို ကျွန်ုပ်အား ဖတ်ပြ သွားလေဧ။် ။

ကျွန်ုပ် လည်း အပြောင်း အလဲ တစ်ခု ဖြစ်သွား သည် ။ မိမိ ကိုယ်ကို တည့်မတ် သွားသလို ခံစားလိုက်ရသည် ။ တစ်ချိန်ထဲမှာပဲ ၀မ်းနည်းသလို အငွေ့အသက် ဖြစ်လာသည် ။ မှားလေပြီ….. လို့ သိ ရော့လား……. ။

ခြင်သူငယ်မ ရေ…… ကျွန်ုပ် ကျေနပ်စွာ ၀န်ခံပါ ဧ။် “ ငါ မှားခဲ့လေပြီ……. ငါမှား တာ သေချာသွားပြီ ……. ဘယ်လို ရည်ရွယ်ချက်နဲ့ ရိုက်သတ် ခဲ့တယ်ဆိုတာ ငါ အသိဆုံး ။ ငါ့ စိတ် ကသိကအောင့် ဖြစ်တာ တစ်ခုတည်း ကြောင့် ရိုက်သတ်ခဲ့မိတယ်ဆို တာ သိပါပြီ ။ ငါ ၀န်ခံပါ ပြီ ……. ” ။

ကျွန်ုပ်လည်း လက်ဖက်ရည် ဆိုင် ထဲက ထွက်ဖို့ ပြင်လိုက်လေတော့ ဧ။် ။ စားပွဲထိုး အား ကျသင့်ငွေ ပေးပြီးနောက် ဆိုင်မှ ထွက်ခွာခဲ့ပါသည် ။

ခြင်သူငယ်မဧ။် ရုပ်လောင်း မူကား တိတ်ဆိတ်စွာ လဲလျောင်း ကျန်ရစ်ခဲ့တော့ လေ သတည်း ။ ။

Saturday, January 31, 2009

ဝိဥာဉ် မဲ့ နေတဲ့ ပြဇာတ်ရုံ

ကျွန်တော့်မှာ ပြဇာတ်ရုံလေး တစ်ရုံရှိပါတယ်။ တကယ်တမ်းတော့ မဖြစ်စလောက် ပြဇာတ်ရုံလေးပါ။ သက်ဝင် လှုပ်ရှားမှု မရှိသလောက် ပဲ။


ခေါင်မိုးကလည်း ပေါက်နေတော့ မိုးရာသီဆိုရင် မိုးယိုတဲ့ ပြဇာတ်ရုံ လေးပေါ့။

Air con လည်းမရှိ ။ ပန်ကာ တော့တပ် ထားပါတယ် ၊ ဒါပေမယ့် မီးအမြဲပျက်နေတော့ ပန်ကာတွေကလည်း မလည်နိုင် ။ အဲဒီတော့ နွေရာသီဆိုရင် အရမ်း ပူအိုက်တော့တာပဲ။


အဲဒီလို စုတ်စုတ်ပျက်ပျက် ပြဇာတ်ရုံလေး တစ်ရုံ ကို ကျွန်တော် ပိုင်ဆိုင် ပါတယ်။


ပြဇာတ်ရုံ လေးမှာ က ပြတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ မှာ ဘယ်တော့မှ မင်းသား၊ မင်းသမီး

မပါ ပါဘူး။ အမြဲတမ်း သူရဲကောင်းတွေကို ပဲ ဇာတ်လိုက် ထားတယ်။


ဇာတ်လမ်းတွေကို တော့ ကျွန်တော် ကိုယ်တိုင် ရေးသားပါတယ်။ “ချစ်၊ ခင် ၊ ကြိုက် ၊ မုန်း ၊ သနား ၊ ကွဲ ၊ ညား ” ဆိုတဲ့ ဇာတ်လမ်း တွေကို မရေး ပါ ။ ပေးဆပ် စွန့်လွှတ် တဲ့ သူရဲကောင်းတို့ ရဲ့ နှလုံး လှလှ တွေ အကြောင်းသာ ကျွန်တော် ရေးသားပါတယ် ။


အဲဒီ လို ပြဇာတ် ရုံလေး အတွက် လက်မှတ် က တော့ အခမဲ့ ပါ။


အစ ပိုင်း ကတော့ လူတွေက ပိုက်ဆံ မပေးရတဲ့ ပြဇာတ်ရုံ ဆိုပြီး လာပြီးကြည့်ကြသေးတယ်။

ဒါပေမယ့် ဇာတ်လမ်းမပြီး ခင် ထထ ပြီးပြန်ကြတာ ချည်းပဲ ။ ဘယ်သူမှ ပြီးအောင်မကြည့်ချင်ကြဘူး။ ပျင်းရိငြီးငွေ့ ဖွယ် ကောင်းလို့တဲ့ ။

သူတို့က ပေးဆပ်သူ မလုပ်ချင် ကြဘူး ၊ ရယူပိုင်ဆိုင်သူ သာ လုပ်ချင်ကြတယ်တဲ့ ။


ကျွန်တော် ငယ်ငယ် ကတည်းက “ လက်ဆောင် ယူတဲ့သူ မလုပ်ချင်ဘူး ၊ လက်ဆောင် ပေးတဲ့သူ ပဲ လုပ်ချင်တယ်” လို့ အဖေ့ကို ပြောပြဖူး တယ်။


ကျွန်တော် ခံယူထားတာက အနစ်နာခံ ပေးဆပ်ခြင်းဟာ “မွန်မြတ်” တယ်ပေါ့။


ဒါပေမယ့် ပွဲ ကြည့် ပရိတ်သတ် ခံယူထားတာက အနစ်နာခံ ပေးဆပ်တဲ့ သူရဲကောင်း ဆိုတာ “ရူးလို့ အ လို့ ၊ လူရည် မလည်လို့ ၊ အခွင့်အရေးကို ဖန်တီး မယူတတ်လို့”တဲ့ ။

“လူဆိုတာ ကိုယ့်ကောင်းကျိုးအတွက် ကိုယ် လုပ်ယူတတ် ရတယ်၊ ကိုယ့်ကို ကိုယ် ချမ်းသာ အောင်ကြံဆောင်တတ်ရတယ်။ ကိုယ့်အကျိုး အတွက်ဆိုရင် ဘယ်လို ခလုတ်ကန်သင်း ပဲ ဖြစ်ဖြစ် ရှင်းပစ် ဖို့ ၀န်မလေးရဘူး ” တဲ့။

ဒီလို လုပ်တတ်မှ အရည်အချင်းရှိတဲ့ သူ တဲ့ ။


သြော်……… သူတို့ က ဒီလို ခံယူတာ လေ။


ကျွန်တော်နဲ့ ပွဲကြည့်သူတွေကြားမှာ ညှိမရအောင် ကွဲပြားနေတော့ ကျွန်တော့် ဇာတ်လမ်းတွေကို ဘယ်သူကမှ ပြီးအောင်မကြည့်ကြဘူး ဗျာ။


ကျွန်တော်က တော့ သူရဲကောင်းတွေ ရဲ့ ရဲဝံ့မှု ၊ စွန်လွှတ် အနစ်အနာ ခံမှု ၊ ကိုယ်ကျိုးစွန့် ကြိုးပမ်း ခဲ့တဲ့အကြောင်းတွေပဲ ဆက်ရေးနေခဲ့တယ် ။

ဘယ်သူက မှ မကြည့်တော့ ကပြဖျော်ဖြေ လို့တော့ မရသေးဘူးပေါ့။


ကျွန်တော့်ရဲ့ အခမဲ့ လက်မှတ် အရောင်းဌာန လေးကလည်း အရောင်းထိုင်းနေ ခဲ့တယ်။


မွန်မြတ်တဲ့ လုပ်ရပ် တွေကို ပရိသတ် လက်ခံ လာနိုင်တဲ့ တစ်နေ့ …… ကျွန်တော့်ရဲ့ ပြဇာတ်ရုံ လေး မှာ သူရဲကောင်းတွေ ကပြဖျော်ဖြေ နိုင်ပါလိမ့်မယ် ။

Sunday, January 25, 2009

မှော်ဘီ ခရီးစဉ်

ဒီတစ်ပတ် ကျွန်တော် အားတဲ့ ရက်မှာ ကျွန်တော့်ရဲ့ အစ်မ၀မ်းကွဲ ဆီကို အလည်သွားဖြစ်ခဲ့ပါတယ်။ သူကမှော်ဘီမှာနေတာ သိပ်မကြာသေးပါ။ ကျွန်တော်ကလည်း မှော်ဘီ ဆိုတဲ့ဆီကို ကြားသာကြားဖူးနေတာ တစ်ခေါက်မှ မရောက်ဖူး ဘူး။ ဘယ်နားမှာ ရှိမှန်းကို မသိ။ ဒါနဲ့ အစ်မကို ဖုန်းဆက်မေးရသေးတယ်။ပြီးမှ
ခရီးစဉ် အတွက် အစီအစဉ်ဆွဲ ရတာ။

အစ်မ လို့ သာ ပြောတယ် ၊ တစ်သက်နဲ့ တစ်ကိုယ် စကားကို ၂ နာရီပြည့်အောင်မပြောဖူးဘူး ။ ရင်းရင်းနှီးနှီး လည်း မရှိလှဘူးပေါ့။တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်း ပဲ။

သွားဖြစ်မလို မသွားဖြစ်မလိုနဲ့ နောက်ဆုံး တော့ သွားဖို့ဆုံးဖြတ်လိုက်တယ် ( ထမင်းတွေဘာတွေ ချက်ကျွေးမယ်ဆိုလို့ :P ) ။ မနက် ၈ နာရီလောက်ကတည်းက ကားဂိတ်မှာ ကားစောင့်နေရတာ ။ ကားကတစ်စီးမှ မတွေ့ ။ ဒါနဲ့ ဖုန်းထက်ဆက်လိုက်ရသေးတယ် ။ “ ဟိုင်းလက် တွေစီး နော် ၊ ဒိအပြင်ကားတွေမစီးနဲ့ ကြာတယ်” တဲ့ ။

ဒါနဲ့ သူပြောတဲ့ကားကိုစောင့်နေ တာ ၉ နာရီ ကျော်သွားတယ်။ ကားဂိတ်က ကွမ်းယာသည်တွေက ကျွန်တော့်ကို မသင်္ကာ သလိုလို နဲ့ ကြည့်နေကြပြီ(ဒီကောင်
ဘာများချောင်းနေလဲ ဆိုပြီးတော့ :P ) ။ ကျွန်တော်လည်း ကြာတော့ရှက်လာတာနဲ့ ဟိုနားရွှေ့ထိုင် ဒီနားရွှေ့ထိုင်လုပ်နေရတယ်။ ပြီးတော့မှ ကားက ရောက်လာပါလေရောဗျာ ။
ဟဲဟဲ ဘာပြောကောင်းမလဲ ၀မ်းသာ သွားတာပေါ့ ။

“ မှော်ဘီကားလားဗျ” ကားဒရိုင်ဘာ နား ကပ်ပြီးမေးလိုက်တော့ ။ ကားဆရာက ပါးစပ်ကတောင်ပြန်မဖြေဘူး ၊ လက်ဟန်ခြေဟန်နဲ့ တက်ခိုင်းတော့တာပဲ(ကွမ်းယာစားထားလို့လားမသိ)။
“ ရှေ့ခန်းကရလားဗျ” ။
ဒါလည်း ပါးစပ်က ပြန်မဖြေ၊ ဇွတ်တက်ခိုင်းနေတယ်(နောက်က ကျားလိုက်နေလားမသိ) ။

နောက်ခန်းကမစီး တာတခြားကြောင့်မဟုတ်။ ကိုယ်မရောက်ဘူးတဲ့ နေရာဆိုတော့ ဒရိုက်ဘာ နားကပ်ပြီး တတွတ်တွတ်မေးနေမှ ၊ ဒီလိုမှမဟုတ်ရင် ပါချင်ရာပါသွားမှာစိုးလို့။
ဒီလိုနဲ့ ကားရှေ့ခန်းက အူကြောင်ကြောင်နဲ့ လိုက်လာခဲ့တယ်။

ကားဆရာက အချိန်တော်တော်ကြာတဲ့အထိ ပိုက်ဆံမတောင်းသေးဘူးဗျ ။ တစ်ဂိတ်ပြီးတစ်ဂိတ်သာဖြတ်လာတယ် ပိုက်ဆံက အခုထိမတောင်းသေးဘူး။ ကြာတော့သံသယ ရှိလာပြီ။ ကားရဲ့ ဆိုင်းဘုတ်က ဘာတဲ့ “ ပြည့်စွမ်းအား” ဆိုလား။ ပြီးတော့ ကျွန်တော့်ကို ဒီလူက အကောင်ကြီးသားသမီး နဲ့လူမှားပြီး ပိုက်ဆံမတောင်းတာလား ။ အာ… ဒါတော့မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်ရုပ်က အဲဒီလို သာပေါင်းညာစား ရုပ်မှ မဟုတ်တာ :P။

အင်း…… ဒီလိုဆိုရင် ဥပတိရုပ်က ခန့်လွန်းလို့ ကြည်ညိုပါတယ်ဆိုပြီး မတောင်းရဲတာလား (ကိုဖြိုးစကီး ကတော့ပြောတယ် ကလေးမသာရုပ်တဲ့ :P )။ ဒါကလည်းမဖြစ်နိုင်ဘူး ။
သူတောင်းမှ ပေးရင်ကောင်းမလား ကိုယ်က စပေးရင် ကောင်းမလား ဆိုပြီး တစ်လမ်းလုံး စဉ်းစားနေတာ။ သူက အလားစီး ပါလို့ ပြောရင်တောင် ကိုယ်က မစီးချင်တာအမှန်။ သူများဆီက လူပေါ်လူဇော်လုပ် ပြီး ဘာကိုမှ မလိုချင်။ ဒါကြောင့် ကျွန်တော် ပိုက်ဆံ အိတ်ထုတ်ပြီး ပေးဖို့ပြင် လိုက်တော့တယ်။

“ အကိုရေ ကားခက ဘယ်လောက်လဲဗျ”
“ ၈၀၀ ပါညီ”

ကဲ နည်းနည်းတော့အသက်ရှူချောင်သွားပြီ။

“ ခရီးက တော်တော်ဝေးဝေး ကျန်သေးလားခင်ဗျ” ၊
“ အေးညီ.. တော်တော်ဝေးသေးတယ်” တဲ့။ အခုမှ စိတ်ထဲပေါ့သွားတယ်။

“ ကျွန်တော်က ဒီဘက်တွေ တစ်ခါမှ မရောက်ဖူးဘူးခင်ဗျ။ ဒါကြောင့် မသိလို့မေးကြည့်တာပါ။ အင်း… ဒါနဲ့ အခုဘယ်ရောက်နေတာလဲဗျ” ၊
“အခု ထောက်ကြန့် ကျော်ကျော် ပဲရှိသေးတယ်ညီ၊ တော်တော်သွားရအုံးမှာ” တဲ့။
အော်….. ဒီလိုတော့လည်း ကားဆရာ က သဘောကောင်းသား ။

ဒီလိုနဲ့ ကျွန်တော်လည်း စကားမပြောဘဲ ပတ်ဝန်းကျင်ကို ငေးကောင်းကောင်းနဲ့ ငေးနေမိတယ်။ ရန်ကုန်မြို့ထဲမှာ ဆို လူတွေနဲ့ ဘက်စ်ကားတွေနဲ့ ပဲ ရှုပ်ထွေးနေတယ် ၊ အခု ချက်ချင်းဆိုသလို မြင်ကွင်းက ပြောင်းသွားပြီ။ စိမ်းစိမ်းစိုစို သစ်ပင်တွေ ၊ သဘာဝကျကျ မြင်ကွင်း တွေနဲ့ ဆိုတော့ သိပ်ကြည့် လို့ကောင်းတာပဲ။

တချို့နေရာမှာ သစ်ပင်တွေ က အုပ်မှိုင်းနေတယ်။ တချို့နေရာမှာ ကလေးတွေ လမ်းဘေးမှာ အပူအပင်ကင်းစွာ ဆော့ကစားနေတယ်။ တချို့နေရာမှာ ဟင်းရွက်တွေတင်ထားတဲ့ စက်ဘီးတွေနဲ့ ဈေးသည်တွေ ။ ကြည်နေရတာ ကြည်နူးစရာတော့ ကောင်းသား။

တော်တော်ကြာကြာ ကားစီးပြီးတော့ ကားဆရာက “ ညီလေး….၊ မင်း
ဆင်းမယ့် မှတ်တိုင်က ရှေ့ နှစ်မှတ်တိုင်ဆိုရင်ရောက် တော့မယ်နော်”တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း လှုပ်လှုပ်ရွရွ နဲ့ ဆင်းဖို့ ready လုပ်ထားရတယ်။

ဆင်းခါနီးတော့ …. ကားဆရာကြီးကို စပ်စုပြီးမေးလိုက်သေးတယ် “ အကို ၊ ဆရာကြီး မင်းသိင်္ခ ရဲ့ ခြံက ဘယ်နားမှာလည်းဗျ”( ကျွန်တော် ဗေဒင်တို့ ဂမ္ဘီရ တို့တော့ ၀ါသနာမပါ၊ ဒါပေမယ့် ဆရာကြီး ရဲ့ စာတွေဖတ်ဖူးတော့ ဆရာကြီးရဲ့ အကြောင်းကိုတော့စိတ်ဝင်စားပါတယ် )။ “အော်… သူ့ခြံက မြို့ အထွက်နားလေးမှာကွ၊ မင်းဆင်းရမှာက မြို့ အ၀င် ၊ နည်းနည်းတော့ လှမ်းတယ် ညီရ… ” ကားဆရာက စကားပြောချိုသာပါတယ်။ သူ့စကားပြောသံ ကြည့်ရတာ သူများကို ကူညီချင်စိတ်ရှိတဲ့ပုံပဲ။

“ ညီရေ.. ဒီမှတ်တိုင်ပဲကွ၊ သေသေချာချာကြည့်ဆင်းညီ ၊ အေးအေးဆေးဆေးသာ လုပ် ကိစ္စ မရှိဘူး” တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း “ ဟုတ်ကဲ့ အကို၊ ကျေးဇူးပဲခင်ဗျ ၊ သွားလိုက်မယ်ခင်ဗျ” စသည်ဖြင့် မျက်နှာကို အချိုသာဆုံး အနေအထားရောက်အောင် ထားပြီး နှုတ်ဆက်ခဲ့ပါတယ်။
တစ်ခါတစ်ခါ ဒီလိုမျိုး အဖြစ်အပျက်လေးတွေက လည်း ကြည်နူးစရာကောင်းလှတယ်။လူအချင်းချင်း လေးစားတတ်တဲ့ အကျင့်က လူတိုင်းမှာသာရှိရင် သိပ်ကောင်းမှာပဲနော် …… ။

ဒီလိုနဲ့ ကျွန်တော့်အစ်မအိမ်ကို တောင်မေးမြောက်မေးနဲ့ ရောက်သွားတယ်။ ကျွန်တော်ရောက်တော့ မနက် ၁၀နာရီခွဲ ပဲရှိသေးတယ်။ ထမင်းမကျက်သေးဘူးတဲ့ ။
ဟီဟိ သူကလည်း ကျွန်တော် လာမှာဆိုပြီး အထူးဟင်းလျာတွေ ချက်ထားတယ်တဲ့
“ ၀က်သားနဲ့ မရမ်းသီး၊ မျှစ်နဲ့ပဲ ၊ ပဲဟင်းချို၊ ပုန်းရည်ကြီးနဲ့ဝက်သား၊ကုန်းဘောင်ကြီးကြော်” တဲ့။ သိပ်မကြာပါဘူး ၊ ခဏလောက်စောင့်ပြီး သူ့ရဲ့ ဟင်းတွေက ကျက်ပြီ။ ဒါနဲ့ နှစ်ယောက်သား အားရပါးရစားကြတယ် ။

ထမင်းစားပြီးတော့ အအေးတွေ ဘာတွေတိုက်သေးတယ် ။ ပြီးတော့ အားရပါးရလေပန်းတော့တာပဲ ။ ကျွန်တော် က မနည်းမှီအောင် ခေါင်းလိုက်ညိမ့်နေရတယ်(သူ့စကားကို ထောက်ခံကြောင်း) ။ သူမောမမော တော့မသိ ၊ ကျွန်တော်ကတော့ လည်ပင်းတွေတောင် ညောင်းလာသလိုပဲ ။
ပျော်ဖို့တော့ကောင်းတယ်။
အရင်က ကျွန်တော့် ဒီလိုရင်းရင်း နှီးနှီး မနေကြဘူး။ သူကလည်း ကျွန်တော့်ကို စကားပြောတယ်မရှိ။ ကျွန်တော်ကလည်း စကားပြောရမှာ ပျင်းတာနဲ့ မပြော ။ ဒီလိုနဲ့ အခုမှ အားရပါးရ ပြောဖြစ်ကြတော့တယ်။ အဓိကအကြောင်းအရင်း ကတော့ သူတစ်ယောက်ထဲ ဆိုတော့ စကားပြောရမယ့်လူ မရှိလို့ ခေါ်ပြီး နားပူပေးတာ ဟီဟိ။

နောက်ပြီး ကျွန်တော့်ကို ပြန်ခါနီး ပြောလိုက်သေးတယ် “ နောက်အပတ် အားရင်လည်း လာခဲ့ပါအုံးဟာ၊ ငါ့တစ်ယောက်ထဲ ပျင်းလွန်းလို့ပါ ” တဲ့။ အရင်ကဆိုရင် ကျွန်တော်က
သူနဲ့ ပတ်သက်လို့ ဘာခံစားချက်မှ မရှိ။ အခုတော့ သနားသလိုလို ဖြစ်လာတယ်။
ပြန်အထိ ကျွန်တော့်ကို နောက်အပတ် လာဖို့ ပဲ ပြောနေတယ်။ “ အားလို့ရှိရင်တော့ လာခဲ့မယ်လေ …..” ကျွန်တော်လည်း ၀ိနည်းလွတ်ဖြေခဲ့ရတယ် ။ ရမ်းပြီးတော့ ကတိ မပေးရဲဘူးလေ ။တော်နေ မလာဖြစ်ခဲ့ ရင် ပြောလို့ပြီးမှာ မဟုတ်ဘူး ။

ကောင်းပါတယ်………… ။ အရင်က ခပ်စိမ်းစိမ်း နေလာခဲ့ကြတာ ။ အခု လို တရင်းတနှီး နဲ့ ချစ်ချစ်ခင်ခင် ဆိုတော့ ၀မ်းသာစရာပေါ့ ။

ဒီလိုနဲ့ ဘက်စ်ကားနဲ့ ပဲ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။ အပြန်ခရီး မှာတော့ အသွားနဲ့ မတူတော့တာအမှန်ပင် ။ ကျွန်တော့် အတွက် ပီတိလေးကို ပါဆယ်ထုတ်ပေးလိုက်တယ်နဲ့ တူပါရဲ့ ။

အိမ်ရောက်တော့ ကျွန်တော် ရဲ့ ခရီးစဉ်အကြောင်းကို သုံးသပ်ကြည့်မိတယ်။ အချည်းနှီးမဖြစ်ခဲ့တာတော့သေချာသည် ။

ကျွန်တော့်ရဲ့ မောင်နှမပြန်လည် သင့်မြတ်ရေး ခရီးစဉ်ဟာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ် ။

သို့သော် ကျွန်တော်သည် ကိုယ်စားလှယ် မဟုတ် ပါ ။

Thursday, January 1, 2009

ကျွန်တော့် အတွက် နံပြား တစ်ချပ်

ကျွန်တော် နံပြား ကြိုက်ပါ သည် ။
ကျွန်တော် စိတ်ကြည်နူး ခွင့်ရတိုင်း နံပြားကို စားပါသည်။ စိတ်ညစ် တဲ့ အခါမှာလည်းစားပါသည် ။

ကျွန်တော် ဆယ်တန်း ကျောင်းသားဘ၀ က ဘော်ဒါဆောင်မှာ နေရပါသည် ။ ဘော်ဒါ ဆောင် က တစ်ပါတ် တွင် ရှစ် ရက် လောက် ဟင်း မကောင်းတတ်ပါ ။ ဒါ့ကြောင့် ကျွန်တော် အပြင်က အစားအစာ တွေကိုပဲ စားရပါသည် ။ အပြင် မှာစား သည်ကလည်း ထွေထွေထူးထူး မဟုတ် နံပြား ကို သာ ထမင်းလို စားပါသည်။
မှတ်မှတ်ရရ ၊ ကျွန်တော့်ကို အဆောင်မှူးက “ မြန်မာ ပြည်မှာ ငါသိ သလောက် နံပြားကို ကြိုက်တာဆိုလို့ မင်းရယ် ၊ ဒိုးလုံးရယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရယ် သုံးယောက် ပဲ တွေ့ဖူး တယ် ” လို့ နောက်ပြောင် သလိုလို နဲ့ ပြောဖူးပါသည် ။ သူ မပြောလည်း ကျွန်တော် ကြိုက်ပါသည် ။ သူပြောလည်း ကျွန်တော် ကြိုက်ပါသည် ။


ကျွန်တော် ငယ်ငယ် ( ၅ နှစ် အရွယ် လောက်) က အဖေ နဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ပါသည် ။ လက်ဖက်ရည် ဆိုင် က ပုံပန်းသွင်ပြင်အားဖြင့် ခြူချာလှပါသည် ။ နှုတ်ခမ်းပဲ့ နေသော ခွက်ဖြင့် လက်ဖက်ရည် ထည့်ထားပြီး ၊ အောက်နား တွင်လည်း ဂျီး များ စွန်းထင်းနေပါသည် ။ သည် လက်ဖက်ရည်ကို ကျွန်တော် သောက်ချင်စိတ်မရှိပါ ။ အဖေက လည်း “ သားသား လက်ဖက်ရည် သောက်လေကွာ ၊ အေးကုန်လိမ့်မယ် ” လို့ ပြောပါသည် ။


ဒါပေမဲ့ ကျွန်တော် မသောက်ပါ ။ “ အဖေပဲ ပြောတယ်လေ …. ၊ မသန့်ရှင်းတဲ့ခွက် နဲ့ထည့်ထားတာတွေ မစား မသောက်ရဘူးဆို ” လို့ ပြန်ပြီး မေးတော့ ၊ အဖေက “ သားသား မင်း ဂျီးမများ နဲ့ ဒါ အိမ်မဟုတ်ဘူး ကွ ” ဆိုပြီး လေသံမာမာ နဲ့ အော်ခဲ့ပါသည် ။


အဲဒီတုန်း က “ လူကြီးဆို တာ အခုတစ်မျိုး တော်ကြာတစ်မျိုး၊ သူတို့ စိတ်ကြိုက်လုပ် ပြီး ၊သူတို့ ပြောသမျှ ခေါင်း ညိတ် ခိုင်းတတ်ပါလား ” လို့ ကျွန်တော် ကလေး လို မြင်ခဲ့မိ ပါသည် ။


အဲဒီတုန်းက ကျွန်တော် လက်ဖက်ရည် မသောက်ခဲ့ပါ ။ နံပြားသာ ၀ယ် ကျွေးခိုင်းခဲ့ပါသည် ။ အဲဒီကတည်း က ကျွန်တော် နံပြား ကြိုက်ခဲ့ပါသည် ။

ကျွန်တော် ရှစ်တန်း လောက် က စိတ်ကူး ပေါက်လို့ သူငယ်ချင်းတွေနဲ့ အတူ လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးပါသည် ။ ယောင်္ကျားလေးသူငယ်ချင်း ၊ မိန်းကလေးသူငယ်ချင်း အားလုံးပေါင်း ၆ ယောက်လောက် ထိုင်ပါသည် ။ အားလုံးက လက်ဖက်ရည် သောက်သလို ကျွန်တော်လည်း လက်ဖက်ရည် သောက်ခဲ့ပါသည် ။ ခွက် သန့်မသန့် သတိ မထားမိတော့ပါ ။ ယောင်္ကျားလေးသူငယ်ချင်း တွေကတော့ ကျွန်တော် နံပြားကြိုက်တတ် တာကို သိကြသည် ။ မိန်းကလေးသူငယ်ချင်းတွေက တော့ ကျွန်တော် နံပြား နှစ်နှစ်ခြိုက်ခြိုက်စား တာကို ရယ်တဲ့လူကရယ် ကြပြီး ပြောင်တဲ့လူကပြောင်ကြပါသည် ။



သြော် ……. သူတို့ ဘာလို့ရယ်ကြပါလိမ့် ? ။


သူတို့ ရယ်သည်ဖြစ်စေ ၊ ပြောင်သည်ဖြစ်စေ ကျွန်တော် နံပြားကို ဆက် စားပါသည် ။ ဆက်စားပါမည် ။

ဟို တစ်နေ့ညနေ ကတော့ ကျွန်တော် နဲ့ အစ်ကိုတစ်ယောက်( ဆွေမျိုးမတော်ပါ) နဲ့ လူစည်ကား တဲ့ လမ်းဘေးက ခပ်ညစ်ညစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြပါသည် ။ အဲဒီအစ်ကို က လက်ဖက်ရည် နဲ့ ကြက်ဥ အကာကျက် တစ်လုံးမှာပါသည် ။ ကျွန်တော် ကလည်း လက်ဖက်ရည်နဲ့ နံပြား ပျော့ပျော့ တစ်ချပ် မှာ ပါသည် ။
ခဏ ကြာတော့ နှုတ်ခမ်းပဲ့ နေ သည့်အပြင် ၊ ဘေးတွင်လည်း အက် ကြောင်း အရာ ပါသော ခွက် ဖြင့် လက်ဖက်ရည် လာ ချပေးပါသည် ။ ဟို အကို ကတော့မသိ ၊ ကျွန်တော့် ကတော့ သတိထားမိ ပါသည် ။ သို့သော် ကျွန်တော် ဂျီး မများတော့ပါ ။ ခွက် ကို မသောက်ဘဲ ၊ ခွက်ထဲက လက်ဖက်ရည်ကို သောက် တတ် လာပါသည် ။
နံပြား လည်း စားဆဲ ပါ ။

ကိုဒိုးလုံး ရဲ့ သီချင်းထဲ က လို မနက်မိုးလင်းတိုင်း နံပြားလာပို့ တဲ့ မိန်းကလေး ရေ … !

ကျွန်တော့် အတွက် လည်း ပဲပြုတ် နဲ့ နံပြား နံနက် တိုင်း ပို့ပေးပါလားဗျာ !