Wednesday, December 9, 2009

ရယ်သံများ ကြားပြီးနောက် . .

ခေါင်းပေါ်က ဟု ထင်ပါသည်။ အတက်နိုင်ဆုံး အတိအကျပြောရလျှင် ငယ်ထိပ် ဟု ပြောနေကြသောနေရာမှဖြစ်လိမ့်မည်။ လေးလံနေသည်။ မဟုတ်လောက်ဘူး … မူးဝေနေသည်။ မူးဝေနေလား.. လေးလံနေလား မသေချာ ။ စိတ်ထဲမှာတော့ ဒီနေရာ ကို သတိတရ ဖြစ်နေသည်။ ကိုယ့်လမ်းလျှောက်သံပဲ ကိုယ်ကြားရတယ်။

“ လောကကြီးမှာ … မင်းတို့ ၊ ငါတို့ … တွေဟာ ” အဲဒီအသံဟာ ဘေးကဖြတ်လျှောက်သွားတဲ့ လူတွေဆီကလာတာပဲ။ ဝေးသွားလိုက် နီးလာလိုက်နဲ့ ငါ့နားထဲမှာ ကြားရတယ်လို့ ၊ သိနေတယ်။ ဘာတွေလဲ ဆိုတာ ဆက်မသိချင်တော့လို့ပါ။ ဆက်မကြားပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ ငါ့ခြေသံတွေပဲ နားထဲမှာ အကျယ်လောင်ဆုံး ကြားနေရတယ်။ ခေါင်းပဲ မူးနေလို့လား ။ နေမကောင်းလို့လား ။ ဘာမှ သေချာလည်းမသိ ။ သိလည်းမသိချင် ။ မသိအောင်ဘဲ ကြိုးစားနေမိတယ်.. ။

မတောက်တခေါက် အသိဥာဏ် စဉ်ခြင်တုန် တရားတွေ ဒီအချိန်မှာ ၀င်မလာတာကိုပဲ ကျေးဇူးတင်မိပါတယ်။ နောက်နောင်လည်း ဒီ အသိတရား ဆိုတာတွေ မလာပါနဲ့တော့ ။ ငါကိုယ်တိုင် ပဲ ဖန်တီး ခဲ့တယ်ပြောရမလား ၊ ဒီ.. အသိ ဆိုတဲ့ အရာတွေကို ။ အခုတော့ … တကယ်ပဲ ရှောင်ပြေးချင်ပြီ။ “အသိမရှိတော့ရင် အရူးပေါ့” လို့ ပြောကြလိမ့်မည်။ ထိုသူတို့အား တစုံတရာ တုန့်ပြန်ငြင်းဆို လိမ့်မည်မဟုတ်။

သိနေခြင်းသာ ရှိတော့သည်။ လမ်းလျှောက်နေတာက လူတွေကြားထဲမှာပါပဲ။ ဒါပေမယ့် ငါတစ်ယောက်ထဲ ရဲ့ အသံနဲ့ လှုပ်ရှားမှုသာ ငါ့ဆီမှာအရာထင်နေတယ် ။ သေချာတယ် … အဲဒီအချိန်မှာတွေးမိတာက “ လေဟာနယ်ထဲပဲ ရောက်နေရော့လား” ။ ဟုတ်သည် ၊ မဟုတ်သည် လည်းမသိချင်တော့ပါ ။ ခေါင်းပေါ်မှာ လေးလံနေသလိုပါပဲ ။ ဆံပင်တွေကို လက်နဲ့ ဖွကြည့်မိတယ် ။ လက်နဲ့ဆံပင် ထိ သွားတဲ့အသံက သာမာန်ထက် ပိုကျယ်လောင် လွန်းနေသလိုပဲ။ ထင်ရတာလား တကယ်လားလဲမသိ။ ဒီလိုအဖြစ်မျိုး .. ငယ်ငယ်က အသည်းအသန်နေမကောင်းဖြစ်တုန်းက တစ်ခါ ခံစားဖူးတယ်။ အတိအကျ ဆင်တူလိမ့်မယ်လို့တော့ မယုံကြည်ပါ။

ခြေသံကလည်း ခပ်ကျယ်ကျယ် ကြားနေရတယ်။ သေချာတာ တစ်ခုက ငါ့ခြေသံ။ ငယ်ထိပ်မှာလို့ ထင်ထားတဲ့ လေးလံမှု က မေးရိုးတွေနဲ့ နားရွက်တွေအထိ ရောက်လာပြီထင်တယ် ။ ဒါ…… လေးလံမှုမဟုတ်ဘူး ။ တင်းကျပ်မှု . . . ။ ငါ့ပါးစပ်က ဘာအသံမှ မထွက်ဘူး ။

ညနေ နေ၀င် ချိန်ဖြစ်လို့ တိမ်တွေ လှမှာပဲ လို့ ထင်ပြီး အားကိုးတကြီး ရှာကြည့်လိုက်တယ်။ တွေ့ပါတယ် ။ ဒါပေမယ့် လှတယ်. မလှတယ် ဆိုတာကို မသိတော့ဘူး။ မြင်ယုံပဲ မြင်ရတော့တယ်။

လမ်းလျှောက် နေတာပဲ ။ အိမ်ကို လမ်းလျှောက်နေတာ ။ အရှေ့ ဆိုရင် ရောက်ပြီပဲ။ တံခါးကို တွန်းဖွင့်ပြီး ၀င်လိုက်တယ်။ သော့ခတ်မထား ပါ ။ အိမ်ထဲမှာရှိတဲ့ လူတွေ ရဲ့ မျက်လုံးတွေက ဖျက်ခနဲ့ ငါ့ကိုယ်ပေါ်မှာ ။ သူတို့ ပြုံးရယ် ပြ ကြတယ်ထင်တယ် ။ ငါတော့ ငါ့အခန်းထဲကိုပဲ ၀င်လာခဲ့တယ်။ သူတို့ဆီက အသံ တစုံတရာ မကြားရ ။

အခန်းထဲရောက် တဲ့အခါ ငါ့ ခေါင်း လေးလံမှု ၊ တင်းကျပ်မှု ဘာမှ မပြောင်းလဲသွားဘူး ။ လေးလံ ဆဲ ၊ တင်းကျပ်ဆဲ ။

အရင်ဖြစ်ခဲ့တာတွေ အခု ဘာမှ မသိတော့ပါ။ လွယ်အိတ်ကိုချတယ်။ အင်္ကျီ ၊ ဘောင်းဘီ လဲ တယ်။ ပြီးတော့ .. သီချင်းတစ်ပုဒ်ဖွင့်လိုက်တယ်။သီချင်းရဲ့ အစမှာ လက်ခုပ်သံ တွေ ဆူညံ နေတယ်။ နောက် ဂစ်တာသံ ၊ နောက် အဆိုတော်ရဲ့ သီချင်းသံ ။ ကြား တော့နေရတယ် ။ ဒီသီချင်း က ငါ့ကှို နည်းနည်း လောက်မှ သက်ရောက်မှု မရှိ။ တစ်ချိန်တုန်းက တော့ ဒါတွေကို ငါ .. စွဲမက်ခဲ့ဖူး မယ် ။

မျက်နှာသုတ်ပုဝါ နဲ့ ငါ့မျက်နှာ ငါ သုတ် လိုက်တယ်။ မျက်စိတွေ မှိတ်ဆင်းပြီး တစ်ခုခု ကို အစနဲ့ ညိ သွားသလိုပဲ. ။ ငါ …… ရယ်မောခြင်းအမှု မပြု ရတာ အချိန်အတော်ကြာပြီဘဲ။

Monday, November 23, 2009

အိုဟောင်းပြီးသော တနင်္ဂနွေ နှင့် ဓါတ်ပုံများ

တနင်္ဂနွေနေ့ မနက်ခင်းတစ်ခု၌ ကိုနေမိုးဝေ ကို ဒုက္ခ ပေးရန် အကြံမျိုးစုံကို ထုတ်နေ၏။ ထို့နောက် မနက်စာ စားမည် ဟု ပြော၍ သူနှင့် ရွှေတိဂုံ စေတီသို့ ထွက်လာခဲ့ကြသည်။( မှတ်ချက်... ထိုနေ့က သူ ၀မ်းသွားနေသည်)
မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ်နှင့် ကိုကြီးနေမိုးဝေသည် ရွှေတိဂုံသို့ ရောက်ခဲ့ကြသည် ။
ထိုအခါ . . . . .
ရွှေတိဂုံ စေတီ ကို ဤ သို့ မှတ်တမ်းတင်ခဲ့၏။




ထို့နောက် တဖန် . . .
ဤ သို့ လည်း ရှု့ ပါ အံ့။







စေတီကို ကြည်ညို ပြီး သည် ဖြစ်စေ/ မဖြစ်စေ.... ။




စေတီရင်ပြင်ပေါ်မှ လူများကို ဤ သို့ တွေ့ ရလတ္တံ့ ။

ထိုနေ့က ဘာနေ့လည်းတော့ မမှတ်မိတော့ သို့သော် လူစည်းကားလှ၏။



ထိုလူများထဲတွင် Fuck Me Jesus ဆိုသော အင်္ကျီနှင့် ပုဂ္ဂိုလ် ကိုလည်း တွေ့ နိုင်၏။



ထို့နောက်တွင် ကား ကျွန်ုပ်သည် ခေါင်းလောင်းထိုးနေသော ကလေးငယ်အား ခံစားချက်မဲ့စွာ မှတ်တမ်းတင်ခဲ့ပါသည်။



ဤတွင် ကျွန်ုပ် ဓါတ်ပုံ ရိုက်ခဲ့သည်တို့ ကုန်၏။ (ခံစားချက် အတန်ငယ် ကင်းမဲ့လျှက်ရှိ၏)

Tuesday, July 28, 2009

Rangoon University's Photo

ကိုနေမိုးဝေနဲ့ ရန်ကုန်တက္ကသိုလ်ထဲ လျှောက်သွားရင်းရိုက်လာတဲ့ပုံလေးတွေဖြစ်တယ်။ သူ့ရဲ့ ကင်မရာ အကောင်းနဲ့ ကျနော့်ရဲ့ ကင်မရာ အစုတ် ရဲ့ ပုံတွေကို စုပေါင်းစပ်ပေါင်း တင်လိုက်တယ်ခင်ဗျာ . . . ။



ဒါကတော့ ဂျက်ဆင် ရဲ့ ပုံပါ ခင်ဗျာ ။ အန်တီဝါ တောင်းဆိုထားတာ ငါးလလောက်ရှိပါပြီ ။ အခုမှ ရိုက်ပေးဖြစ်တယ်ခင်ဗျ။





* * * *

ဒါကတော့ အဆောင် ။ အဆောင်တော့ အဆောင်ပဲ ဘာအဆောင်လဲတော့မသိဘူး ဗျ ။

* * * *
ဒါကလည်း စင်္ကြာန်လမ်း ပဲ ။ နာမည်တော့ မေ့သွားပီ ။ ဟီးးးးး ။


* * * * * ဒါကတော့ ကျောင်းသား သမဂ္ဂနေရာ ဟောင်းပါခင်ဗျာ ။

* * * * *ဒါကတော့ ကျောင်းသားသမဂ္ဂ နေရာ ဟောင်းနားလေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ် ပါ။ No Trespassing ဆိုတဲ့ စကားလုံးကို Dictionary ထဲမှာ မကျူးကျော်ရလို့ အဓိပ္ပါယ် ဖွင့်ထားပါတယ်။ ဒီနေရာမှာတော့ ဘယ်လိုသဘောထားနဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုမလဲ မသိဘူးနော် . . ။

ရန်ကုန်တက္ကသိုလ်ထဲက ပုံရိပ်တွေကို မှတ်တမ်းတင်ထားခြင်းသာ . ။ ။

Friday, June 26, 2009

ကိုးရိုး ကားယား ပုံရိပ်

မပုကြွယ်နဲ့ ခရုငယ်တဲ့ . . . . ။
ငယ်ငယ်တုန်းက တော်တော်ရေပန်းစား တဲ့ ကျောင်းပုံပြင်လေးပေါ့။ အဲဒီပုံပြင်လေး သင်ခဲ့ရတာ ၁ တန်း လား ၊ ၂ တန်း လား တောင် မမှတ်မိတော့ဘူး။
ခရုလေး အကြောင်း အဲဒီတုန်းက အိပ်မက်တောင် မက် တယ်။ ခြံစည်းရိုး တိုင်ပေါ် တက်လိုက် ၊ ပြုတ်ကျ လိုက်နဲ့ ။
နောက်ပိုင်း ကျတော့ အဲဒီခရုလေးလိုပဲ ကျွန်တော်လည်း ခဏ ခဏ ပြုတ် ကျတယ်။
သူလိုပဲ ပြန်တက်ပေါ့ ။ ပြုတ် ကျ လိုက် ၊ ပြန်တက်လိုက် ပဲ ဆိုပါတော့ ။ ဘာတွေပေါ်ကနေ ကျပြီး ဘာတွေပေါ် ပြန်တက်နေမှန်း (အမှန်အတိုင်း ပြောရရင်) ကိုယ့်ကို ကိုယ်မသိဘူး။
ဟုတ်တယ်ဗျ . . ။ တစ်ခါတစ်လေ စိတ်ဓါတ်ကျတယ် ၊ ကိုယ့်ကို ကိုယ် ပြန်ထိန်းရင်း ဘယ်ကို တက်နေမှန်းမသိဘူး။

ပုံပြင်ထဲမှာတော့ ခရုလေးက ကျလိုက် တက်လိုက်နဲ့ ခြံစည်းရိုးထိပ် ရောက်သွားတယ်တဲ့ ။ တော်တော်ဂွကျတာပဲ ဗျာ ။ အဲဒီခရုက ခြံစည်းရိုးပေါ် ဘာ တက်လုပ်မှာလည်း မသိဘူး နော် ။

Tuesday, June 23, 2009

စစ်တမ်းကောက်ယူခြင်း

ခေါင်းစဉ် ရန်ကုန်မြို့တွင်နေထိုင်သူတို့ဧ။် ရန်ကုန်မြို့အပေါ် သဘောထား

ရေးသားရန် အကြောင်းအရာများ (Topic Guide)
(၁) နေထိုင်မှု
(၂) စားသောက်မှု
(၃) သွားလာမှု
(၄) ဆက်သွယ်မှု
(၅) ပညာရေး
(၆) ကျန်းမာရေး
(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။

(၁) နေထိုင်မှု
- ငှားရမ်းနေထိုင်ခြင်း
- ဆွေမျိုးများနဲ့ အတူ နေထိုင်ခြင်း
- အိုးအိမ်ပိုင်နဲ့ နေထိုင်ခြင်း

(၂) စားသောက်မှု
- အပြင်တွင် စားသောက်သည့်အခါ ကုန်ကျစရိတ်
- အိမ်တွင် မိသားစုနဲ့အတူ စားသောက်သည့်အခါ ကုန်ကျစရိတ်

(၃) သွားလာမှု
- ဘက်စ် စီး ခြင်းအပေါ် သုံးသပ်ချက်
- ကိုယ်ပိုင်ကား စီး ခြင်း အပေါ် သုံးသပ်ချက်
- မြို့ပတ်ရထား စီး ခြင်း အပေါ် သုံးသပ်ချက်

(၄) ဆက်သွယ်မှု
- မိုဘိုင်းဖုန်း အသုံးပြုခြင်း
- Dial ဖုန်း အသုံးပြုခြင်း
- အင်တာနက် အသုံးပြုခြင်း

(၅) ပညာရေး
ရန်ကုန် ပညာရေး နှင့်ပတ်သတ် သည့် အမြင်

(၆) ကျန်းမာရေး
ရန်ကုန်မြို့ ရှိ ကျန်းမာရေး ၀န်ဆောင်မှု အပေါ်အမြင်

(၇) လူမှုရေး
- ရန်ကုန်မြို့ ဧ။် လူမှုဆက်ဆံရေး ပုံစံ နှင့်
ထို ဆက်ဆံရေးပုံအမြင် ၊
- ရန်ကုန် လူ့အဖွဲ့အစည်း အပေါ်အမြင်

နှင့် အတူ

ရန်ကုန်မြို့ကို မြန်မာပြည်ဧ။် မြို့တော် အဖြစ်မှ ပြောင်းလဲလိုက်ခြင်းအပေါ် မည်သို့ ထင်မြင်ပါသလဲ ?

ဆိုသည့် အကြောင်းအရာများကို အကို၊အမ ၊ အန်တီ ၊ အန်ကယ် တို့ ထင်မြင်သမျှ
ရေးပေးရန် ဖြစ်ပါသည် ။
(တခြား မိမိ အမြင်များကိုလည်း ထည့်သွင်းနိုင်ပါသည် ခင်ဗျားးး )

Tag စာရင်း

Little Brook
အန်တီနန်းညီ
မအိဖူး
ကိုနေမိုးဝေ
ကိုဂစ်တာ
ကိုဗညား တို့ ဖြစ်ပါသည် ။

PS: ကြာသပတေးနေ့ ညနေခင်း အပြီးရေးပေးပါရန် ဂျီကျ အပ်ပါသည် ။