Sunday, February 15, 2009

ဝါသနာ ပါ ပါသည်

ကျွန်တော် လည်း ဓါတ်ပုံ ရိုက်တာ ၀ါသနာ ပါလို့ ဓါတ်ပုံလေး တွေ အစမ်း တင်ကြည့်တာပါခင်ဗျာ ။ Quality ကတော့ ညံ့ပါတယ်ခင်ဗျာ ။ ဘာလို့ လဲဆိုတော့ ဒီဓါတ်ပုံတွေကို Camera နဲ့ ရိုက်တာမဟုတ် ။ MP4 အစုတ်လေးနဲ့ ရိုက်တထားတာပါခင်ဗျာ . . . . . ။ ကဲ .......... သည်းခံပြီး ရှုစားပေး ကြပါအုံးဗျ ဟီဟိ ။








ဒီပုံက ကန်ရဲ့ ဘေးကနေ တံတားလေးကို လှမ်းမြင်ရတဲ့ပုံပါ ။ ညနေ ခင်းဆိုတော့ ကြည့်ရတာ အရသာရှိတယ်ဗျ ။

* * * *








ဒါက ကန်ရေပြင် ပေါ်မှာ အရိပ်ထင်နေတဲ့ တံတားလေး ရဲ့ ပုံ ။ ဟီဟိ ဒီနားလေး ပဲ ပတ်ပြီးရိုက်ထားတာ ။




* * * *







ငြိမ်သက်နေတဲ့ ကန်ရေပြင် နဲ့ လေညင်းလေးတွေ ကစားနေတဲ့နေရာလေ ။ ရေ ကသိုဏ်း ရှုတယ်ဆိုတာ ဒါကိုပြောတာလားမသိဘူးနော် ။


* * * *






ကျက်သရေ အပေါင်းနဲ့ ခညောင်းတဲ့ ဒေါင်း ကြီပေါ့ ........ ။ ဒါပေမယ့် လှောင်အိမ်ထဲမှာ ဖြစ်နေ ရှာတယ်ဗျာ ။ သံဇကာ ကို ဖောက်ထွက် ပြီး ၊ သူဘယ်လို ပျံသန်းမယ်ဆိုတာ ကျွန်တော် တွေး ကြည့်နေမိတယ် ။



* * * *



ဒါကတော့ ကန်တော်ကြီးထဲမှာ ကြုံသလို လိုက်လံ တောင်း ပြီး စားသောက်နေထိုင် အသက်ရှင်ရရှာတဲ့ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ လေ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ ............. ။

သူကလေးကို သေချာကြည့် ၊စကားတွေ ပြောနေရှာတယ် ။ နားထောင် ပေးလိုက်ကြပါဗျာ ။ ရင်နဲ့ ခံစားပြီး နားထောင်ကြည့်လိုက် ကြပါခင်ဗျာ ။

Monday, February 2, 2009

ခြင်တစ်ကောင် ဧ။် မှာတမ်း

တစ်နေ့သ၌ ကျွန်ုပ်သည် မြေနီကုန်း ရှိ ခပ်ချာချာ လက်ဖက်ရည် ဆိုင်တွင် ထိုင်မိလေဧ။် ။ ၎င်း ဆိုင်တွင် တခြား စားစရာ များများ မရှိ ။ နံပြားနဲ့ ချစ်တီးမုန့် တချို့သာ ရှိဧ။် ။

သို့နှင့် လက်ဖက်ရည် တစ်ခွက် နဲ့ နံပြား တစ်ချပ် မှာယူ စားသုံးရင်း၊ အလင်းရောင် မှိန်ပျ သော ချောင်တစ်ခု တွင် ဇိမ်ယူ နေ ခဲ့ ဧ။် ။ တ ၀ီဝီ ဖြင့် ပျံသန်း နေသော ခြင်များ ကလည်း ကျွန်ုပ် နည်း တူ ဇိမ်ယူ လိုဟန် ရှိ ဧ။် ။ ယင်းခြင်တို့ မူကား ကျွန်ုပ် ဧ။် သွေးကို သောက်သုံး၍

ဇိမ်ယူ ကြလေကုန် ဧ။် ။

ထို သို့ သွေးစုတ်နေသော ခြင် သတ္တ၀ါများကို သည်းမခံ နိုင်တော့ ၍ တစ်ကောင်သော ခြင်ကို

အမှတ်တမဲ့ ရိုက်သတ် မိလေ ဧ။် ။ ၎င်း ခြင် သည် ခြင်သက်တမ်း ၄ ရက်မျှပင် ရှိဟန် တူ ဧ။် ။ ပျိုရွယ်သော ခြင်မတစ်ကောင် ဖြစ်လေဧ။် ။

ခြင် သူငယ် သည် ချက်ချင်း မသေဆုံးဘဲ အသက် ငင် နေလေဧ။် ။ တိုးတိုးငြင်းငြင်း လေး ပြောနေသံကို လည်း ကျွန်ုပ် ကြားလိုက်ရဧ။် ။

“ ခင်ဗျားကြီး….. ကျုပ်ကို ဘာလို့ ရိုက်သတ်ရတာ လဲ ။ လူ ဖြစ်ပြီး လူမဆန်စွာ ရိုက်သတ်တယ် ”

ခြင်သူငယ်မက အသက်ငင်ရင်း တစ်လုံးချင်း ပြောနေလေဧ။် ။

“ ဟေ့ကောင် ခြင်…… မင်းက ဘာဖြစ်လို့ ငါ့ကို စကိုက်လည်း ၊ မင်းတို့အကိုက်ခံရ ရင် ဘာဖြစ်တယ်ဆိုတာ မသိဘူးလား ။ ငါတို့ မှာ မင်းတို့ တံတွေးကြောင့် အဖုအပိန့် ဖြစ် တာက

သိပ်မပြောပ လောက်ဘူးကွ ။ ဒါပေမယ့် အခက်မသင့်ရင် ငှက်ဖျားတို့ ၊ သွေးလွန်တုတ်ကွေးတို့ ဖြစ်ရင် ဘယ်လိုလုပ်မလဲ ၊ မင်း တာဝန်ယူပြီး ဆေးကု ပေးမှာလား၊”

ကျွန်ုပ်လည်း စိတ်ဆိုးပြီး ပြန်မေးလိုက် လေဧ။် ။

ထိုအခါ ခြင်သူငယ်မက “ ဟားး ဟားးးးး ခင်ဗျားကြီးတော်တော် ရယ် ရတာပဲ ။ ခင်ဗျား ရောဂါဖြစ်မှာတော့ ကြောက်တတ်တယ် ။ ကျုပ်သေမှာကို တော့ လျစ်လျူရှု ထားတယ်ပေါ့လေ။

ဟုတ်စ ”

“ အေး…. ဟုတ်တယ်ကွာ… မင်းတို့ရှိနေရင် လည်း ဘာအကျိုးရှိမှာ မို့လို့ မင်းက အသက်ရှင်ချင်တာလဲကွ ၊ ဟင် ! ။ မင်းတို့ ကောင်တွေက လောကထဲ ကို ဒုက္ခပေးဖို့

သက်သက် ပဲ ရောက်လာခဲ့တာ… ။ လောကအကျိုး သယ်ပိုးဖို့ ရောက်လာတယ်အောင့်မေ့လို့လား ကွ ” ကျွန်ုပ်လည်း ကျွတ် စပ်စပ် နဲ့ ပြန်မေးလိုက် ဧ။် ။

“ လုပ်ပြန်ပြီ … ခင်ဗျားကြီး က တကယ့် အမြင်ကျဉ်း တဲ့ လူပဲ ။ ခင်ဗျားပြောတဲ့ လောကအကျိုး ဆိုတာ ဘာကိုပြောတာလဲ ။ ခင်ဗျားတို့ လူတွေအကျိုး ကို လောက

အကျိုး လို့ အမည်တပ်ချင်တာလား ။ မျှမျှ တတ စဉ်းစား ကြည့်ပါ အုံးလေ… ။ ”

ခြင်သူငယ်မ ဧ။် စကားကြောင့် ကျွန်ုပ် အနည်း ငယ်မျှ တွေဝေ သွား ဧ။် ။

ခြင်သူငယ်မက ဆက်ပြောလေ ဧ။် …

“ ကျုပ်တို့ ခြင်တွေမှာ ခင်ဗျားလို့ အားအားယားယား လက်ဖက်ရည်ဆိုင်မှာ ဇိမ်ခံ နေတဲ့ အချိန်မရှိဘူး။ သက်တမ်း ၇ ရက် လောက်အတွင်းမှာ

ခြင်မျိုးဆက်မပြုန်းတီးအောင် သားဖေါက်ရ တယ် ။ အဲဒီလို သားဖေါက်ဖို့ အတွက် လိုအပ်တဲ့သွေးတွေကို ခင်ဗျားတို့

လို သတ္တ၀ါ တွေဆီက နေယူရတယ် ။ ဒါကြောင့် သွေးစုတ်ရတာ ။ ခင်ဗျားတို့တွေ အကျိုးယုတ် ပါစေတော့ ဆို တဲ့ ရည်ရွယ် ချက်နဲ့ စုတ်တာမဟုတ်ဘူး ။ လိုအပ်လို့လုပ်တာ ။

ဒါက လည်း ကျုပ်တို့ ခြင်မျိုးဆက်အတွက် လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတာချည်းပဲ ။

ကျုပ်လုပ်တဲ့ သွေးစုတ် ခြင်း အလုပ် ဟာ ခြင်တွေအတွက် အကျိုးဖြစ်ထွန်းဖို့ လုပ်တယ်

ဆိုတာ မှားလား ! နောက်ခြင် မျိုးဆက် တွေအတွက် ကျုပ်တို့ မှာ တာဝန် ရှိတယ် ။

တကယ်လို့ ကျုပ်တို့က သွေးမစုတ်ပဲ မျိုးမပွားပဲ နေရင် ကျုပ်တို့ တာဝန်မကျေ ရာ မရောက်ဘူးလား ! ။ ကိုယ့် လူ …. ခြင်တွေဘက်က လည်း လှည့်တွေးပေးပါအုံး ”

“ ဒီလို ဆိုရင် … မင်းကို ငါ က ရိုက်လိုက်တဲ့ ကိစ္စ မှာ ၊ ငါမှားတယ်လို့ မင်းက ဆိုချင်တာလား”

ဟု ကျွန်ုပ်က မေးလိုက်လေဧ။် ။

“ မှန်တာပေါ့ ၊ ခင်ဗျား လုံးဝ မှားခဲ့တယ် ။ ခင်ဗျားရဲ့ စိတ်အနှောက်အယှက်ဖြစ်မှု တစ်ခုအတွက် နဲ့ တပါးသူ ဘက် ကိုမကြည့် ဘဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ ။ဒါသိပ်မှားတာပေါ့ ။ ခင်ဗျားက ကိုယ့်အမှားကို ကိုယ် ၀န်မခံပဲ "လောကအကျိုး

ဖျက်ဆီးနေပါတယ်" ဆိုတဲ့ ပုဒ်မ ကြီးတပ်ပြီးတောင် စွတ်စွဲလိုက်သေးတယ်။ ”

အသက်ရှူ ကြပ်နေ သော ခြင်သူငယ်က စကား တစ်ထောက် နားနေလိုက်သေးဧ။် ။

အနည်းငယ် နေသာ တော့မှ ဆက်ပြောလေ ဧ။် ။

“ ခင်ဗျား ရဲ့ လုပ်ရပ်က ဘယ်ရှုထောင့်က

ကြည့်ကြည့် မှား တယ် ။ ဘာသာရေး ရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ ပါဏာတိပါတ ကံ ကျူးလွန် ထားတယ် ၊ သတ္တ၀ါ အပေါ်မှာ ကိုယ်ချင်းစာ စိတ်ကင်းမဲ့စွာနဲ့ ရိုက်ခဲ့တယ် ။ လူမှုရေးရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ အင်အား နည်းတဲ့ သူအပေါ်မှာ အနိုင်ကျင့်တာပဲ ။ ဒီမယ်… ကိုယ့် လူ …. ခင်ဗျား ဟာ ကိုယ့်အမှားကို

ဖုံးကွယ်ချင်တာနဲ့ တဖက်ကို နိုင်လွန်မင်းထက် မဟုတ်တမ်း တရားတွေ လာပြောနေတာပဲ၊

ဘာလဲ ! ကိုယ့် အမှားကို ၀န်ခံဖို့ ၀န်လေးနေတာဟုတ်လား ။ ”

ဒီခြင်သူငယ်မက အထောက်အထား အခိုင်အလုံနဲ့ မှာတမ်းတစ်စောင်ကို ဖတ်နေသည့်အလား ။

ကျွန်ုပ် ဘက်မှ တုန့်ပြန်မှု အားပျော့ သွားသည်မှာ အမှန်ပင်။

“ ငါ့ ကျန်းမာရေးအတွက် ငါ့ကိုယ် ငါ ကာကွယ် တယ်လို့ ပြောလို့မရဘူးလား ” အင်းအားမပါသော မေးခွန်းတစ်ခု ခြင်သူငယ် ထံ တင် သွင်းလိုက်ရဧ။် ။

“ ကာကွယ်တယ်………. ဟုတ်စ! ။ ကာကွယ် တယ်ဆိုတာ ခင်ဗျားက ဘယ်လို ခံယူထားတာလဲ ။ ကိုယ့်အတွက် အန္တရာယ် မဖြစ်ရုံ ကာကွယ် မှာ မဟုတ်ဘူးလား ။ တစ်ဖက်သား

နစ်နစ် နာနာ ဖြစ်မှ ကာကွယ် တာ အထမြောက်မယ်လို့ ခံယူထားတာလား။ ဒီမယ် ……

ကိုယ့်လူ အခု ကျုပ်က သေရတော့မယ်သူ ဖြစ်နေပြီ..။ ကျန်ရစ်ခဲ့တဲ့ ခင်ဗျား စိတ်ထိ ခိုက်

အောင်ပြောနေတာမဟုတ်ဘူး ။ အတက်နိုင်ဆုံး အမြင်တွေ တည့်မတ်အောင်ပြောနေတာ ပါ ။

ပထမဆုံး ခင်ဗျား ခေါင်းစဉ်တပ် ခဲ့တဲ့ "လောကအကျိုး သယ်ပိုးတယ်" လို့ပြောရင် မမှားလောက်ပါဘူး နော်……… ” တဲ့ ခံယူချက် အပြည့်နဲ့ စကားကို ဆိုလေဧ။် ။

“ ကျုပ်သေသွား ပြီးတဲ့နောက်ပိုင်း မှာ ခင်ဗျား ရဲ့ တကိုယ်ကောင်းဆန် စွာလုပ်တဲ့ လုပ်ရပ် ကို အမြင်မှန် ရခဲ့တယ် ဆိုရင် ၊ ကျုပ်သေ တာအကျိုးမယုတ်ပါဘူး ” ခြင်သူငယ်မ မှာ တော်တော် ပင်ပန်း နေလေဧ။် ။ စကားအရှည် ကြီးပြောနိုင်ဖို့ အတော် အားယူ နေရရှာ ဧ။် ။

“ ကျုပ် နောက်ဆုံး ပြောချင်တာက………. ခင်ဗျား… ကိုယ့်ကို ကိုယ် မလိမ် မညာ ပဲ ၊ တွေးတော စဉ်းစား တတ်တဲ့အကျင့် မွေးပါ ။ ကိုယ့် အပြစ် လွတ်အောင် ဆိုပြီး ဥပဒေတွေ ပုဒ်မတွေ လျှောက် မတပ် ပြပါနဲ့ ။ စိုးရွားတဲ့ လုပ်ရပ် တွေက ခင်ဗျားကိုယ် ခင်ဗျား ညာလို့မရဘူးဆိုတာ

သိ အောင်လုပ်ပါ ။ ကိုယ့် အမှား ကို ၀န်ခံဖို့ သတ္တိ မကြောင်ပါနဲ့ ။ ကိုယ့်ကို ကိုယ် လိပ်ပြာသန့်အောင် နေပါ …….. ”

ပြောလို့ ပြီးဟန် မပေါ်သေးဘူး ။ ဒါပေမယ့် အသက်ရှူ မရတော့ဘူးလားမသိ။ ပါးစပ် လှုပ်ရုံသာ ရှိတော့ဧ။် ။

ခြင်သူငယ်မ ငြိမ်သက်သွားပါ ပြီ ။ မှာတမ်းတစ် ခုကို ကျွန်ုပ်အား ဖတ်ပြ သွားလေဧ။် ။

ကျွန်ုပ် လည်း အပြောင်း အလဲ တစ်ခု ဖြစ်သွား သည် ။ မိမိ ကိုယ်ကို တည့်မတ် သွားသလို ခံစားလိုက်ရသည် ။ တစ်ချိန်ထဲမှာပဲ ၀မ်းနည်းသလို အငွေ့အသက် ဖြစ်လာသည် ။ မှားလေပြီ….. လို့ သိ ရော့လား……. ။

ခြင်သူငယ်မ ရေ…… ကျွန်ုပ် ကျေနပ်စွာ ၀န်ခံပါ ဧ။် “ ငါ မှားခဲ့လေပြီ……. ငါမှား တာ သေချာသွားပြီ ……. ဘယ်လို ရည်ရွယ်ချက်နဲ့ ရိုက်သတ် ခဲ့တယ်ဆိုတာ ငါ အသိဆုံး ။ ငါ့ စိတ် ကသိကအောင့် ဖြစ်တာ တစ်ခုတည်း ကြောင့် ရိုက်သတ်ခဲ့မိတယ်ဆို တာ သိပါပြီ ။ ငါ ၀န်ခံပါ ပြီ …….

ကျွန်ုပ်လည်း လက်ဖက်ရည် ဆိုင် ထဲက ထွက်ဖို့ ပြင်လိုက်လေတော့ ဧ။် ။ စားပွဲထိုး အား ကျသင့်ငွေ ပေးပြီးနောက် ဆိုင်မှ ထွက်ခွာခဲ့ပါသည် ။

ခြင်သူငယ်မဧ။် ရုပ်လောင်း မူကား တိတ်ဆိတ်စွာ လဲလျောင်း ကျန်ရစ်ခဲ့တော့ လေ သတည်း ။